Friday 21 June 2013

“ အင်္ဂလန်နိုင်ငံရှိ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်း များနှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ တွေ့ဆုံ ”


Thursday, June 20, 2013
 Photo: “ အင်္ဂလန်နိုင်ငံရှိ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်း
များနှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့
တွေ့ဆုံ ”
Thursday, June 20, 2013

“ ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့
သို့ရောက်ရှိနေကြသော၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်းသည် လန်ဒန်မြို့အခြေစိုက်
မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်နေကြသော လူမှု
အခြေပြုအဖွဲ့အစည်းများဖြစ်သည့် Prisoner of Conscience ၊
Burma Campaign(UK) နှင့် ဥပဒေရေးရာအရ အကူအညီ
ပေးခဲ့ကြသော ပုဂ္ဂိုလ်များက နံနက်စာဖြင့် တည်ခင်း
ဧည့်ခံခဲ့ကြသည်။ယင်းနောက် နံနက် ၁၀း၄၅ နာရီတွင်
လန်ဒန်မြို့အခြေစိုက် Amnesty International
(နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့) ရုံးသို့သွားရောက်၍
Amnesty International, Christian Solidarity
Worldwide အဖွဲ့များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နိုင်ငံရေး
အကျဉ်းသားများအရေး အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ဆက်လက်၍ နေ့လည် ၂း၃၀ နာရီတွင် ဗြိတိသျှပါလီမန်သို့
သွားရောက်၍ အထူးဧည့်ခန်းဆောင်မှ ပါလီမန်တွင်
အခြေအတင်ဆွေးနွေးနေမှုများကို လေ့လာခဲ့ကြသည်။

ထို့နောက် နေ့လည် ၃း၃၀ နာရီတွင် ဗြိတိသျှနိုင်ငံခြားရေး
ဝန်ကြီးဌာနမှ Head of Department and Burma Desk Officer
နှင့် သွားရောက်တွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးခဲ့ကြကာ
ညနေ ၅း၀၀ နာရီတွင် ဗြိတိသျှပါလီမန်တွင် Speaker of the House
ဖြစ်သူ Rt. Hon Jhon Bercow အား ၄င်း၏ရုံးခန်းတွင်
သွားရောက်တွေ့ဆုံနှုတ်ဆက်ပြီး မြန်မာ့အရေးနှင့်ပတ်သက်သည်
များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

- The 88 Generation Peace and Open Society
“ ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့... သို့ရောက်ရှိနေကြသော၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသည် လန်ဒန်မြို့အခြေစိုက် မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်နေကြသော လူမှု အခြေပြုအဖွဲ့အစည်းများဖြစ်သည့် Prisoner of Conscience ၊ Burma Campaign(UK) နှင့် ဥပဒေရေးရာအရ အကူအညီ ပေးခဲ့ကြသော ပုဂ္ဂိုလ်များက နံနက်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြသည်။ယင်းနောက် နံနက် ၁၀း၄၅ နာရီတွင် လန်ဒန်မြို့အခြေစိုက် Amnesty International
(နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့) ရုံးသို့သွားရောက်၍ Amnesty International, Christian Solidarity
Worldwide အဖွဲ့များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နိုင်ငံရေး အကျဉ်းသားများအရေး အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ဆက်လက်၍ နေ့လည် ၂း၃၀ နာရီတွင် ဗြိတိသျှပါလီမန်သို့ သွားရောက်၍ အထူးဧည့်ခန်းဆောင်မှ ပါလီမန်တွင် အခြေအတင်ဆွေးနွေးနေမှုများကို လေ့လာခဲ့ကြသည်။

ထို့နောက် နေ့လည် ၃း၃၀ နာရီတွင် ဗြိတိသျှနိုင်ငံခြားရေး ဝန်ကြီးဌာနမှ Head of Department and Burma Desk Officer နှင့် သွားရောက်တွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးခဲ့ကြကာ ညနေ ၅း၀၀ နာရီတွင် ဗြိတိသျှပါလီမန်တွင် Speaker of the House ဖြစ်သူ Rt. Hon Jhon Bercow အား ၄င်း၏ရုံးခန်းတွင်
သွားရောက်တွေ့ဆုံနှုတ်ဆက်ပြီး မြန်မာ့အရေးနှင့်ပတ်သက်သည် များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

- The 88 Generation Peace and Open Society
 

No comments:

Post a Comment