Thursday 6 June 2013

နေပြည်တော် ကမ္ဘာ့စီးပွားရေးဖိုရမ် ဒုတိယနေ့ မြန်မာနိုင်ငံရဲ့အနာဂတ် စကားစစ်ထိုးပွဲက ဆွေးနွေးချက်တချို့


လွန်ခဲ့တဲ့အနှစ် ၂၀ အတွင်းမှာ ဘယ်ကိစ္စမဆို စစ်တပ်ကပဲ လုပ်ပါတယ်၊ စစ်တပ်ဟာ ဘာမဆိုလုပ်နိုင်တယ်လို့လဲ ထင်ကြပါတယ်။ အခုတော့ ဒီမိုကရေစီ အစိုးရ
လက်ထက်ကို ပြောင်းနေပါပြီ။ ပြောင်းပုံပြောင်းနည်းက ဖျတ်ကနဲ ပြောင်းတာမျိုးက တိုင်းပြည်အတွက် မကောင်းပါဘူး။ ကျနော့် အမြင်ကတော့ တဖြည်းဖြည်း ပြောင်းလဲခြင်းပါ။
(ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း)

စစ်ခေါင်းဆောင်တွေ အားလုံးကို နားချသိမ်းသွင်းနိုင်လိမ့်မယ်လို့ ကျမ မထင်ပါဘူး။
ဒီမိုကရေစီဘက်တော်သား ခေါင်းဆောင်တွေအားလုံးကိုတောင် ကျမနဲ့ တသဘောထဲ
ဖြစ်အောင် နားမချနိုင်ပါဘူး။ စစ်ခေါင်းဆောင်တွေ အားလုံးကို နားချသိမ်းသွင်းနိုင်ဖို့ကတော
နဲနဲ လွန်လွန်းတဲ့ ဖြစ်ချင်ဇော တွေးဆချက်မျိုးပဲ ထင်ပါတယ်။ ဒါပေမယ့် ကျမတယောက်ထဲ မဟုတ်ပါဘူး။

မြန်မာပြည်သား အများစုကနေပြီးတော့ တိုင်းပြည်ကောင်းစားဖို့အတွက် အလုပ်အတူ
တွဲလုပ်ကြဖို့ စစ်ခေါင်းဆောင်တွေကို ဖျောင်းဖျနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီလိုဖြစ်ဖို့
ပြည်သူလူထုရဲ့ နှလုံးသားထဲက အထူးတနေရာမှာရှိတဲ့ စစ်တပ်၊ စစ်သားပီသတဲ့စစ်တပ်။ ဂုဏ်ပြုထိုက်တဲ့စစ်တပ်ကို လိုအပ်ပါတယ်။
(ဒေါ်အောင်ဆန်းစုကြည်)

DVB TV News.

No comments:

Post a Comment