Wednesday 12 June 2013

မလေးရှားမှမြန်မာများ လက်ရှိ သံရုံး အခြေအနေ ကိုအမှန်အတိုင်း သိစေအပ်ပါတယ်။ကိုယ်တိုင်သွားရောက်ကြပါ

မလေးရှားမှမြန်မာများ လက်ရှိ သံရုံး အခြေအနေ ကိုအမှန်အတိုင်း သိစေအပ်ပါတယ်။ကိုယ်တိုင်သွားရောက်ကြပါ

မလေးရှိမြန်မာများ passport ရှိပီး ပါမစ် မရှိပဲပြန်ချင်ရင် သံရုံးကို သွားပါ ပီးရင် CI လျောက်ချင်လို့ဆိုပီ သံရုံးထဲက လက်ဖက်ရည်ဆိုင်မှာစာရွက်တောင်းပါ အဲမှာပဲ ပုံရိုက်ပါ passport မိတ္တူ ရယ် လက်ဗွေ နှိပ်ထားတဲ့ မိတ္တူ ရယ် ခုနကဖြည့်တဲ့ဖောင်ရယ် အသနားခံစာရယ်တွဲပီးတင် ပါ မနက်သွားရင် ညနေ 4 နာရီဆိုရပါတယ်။

နောက်ပီးရလာတဲ့ CI နဲ့ Kl ရှိ မြန်မာဆိုင်တစ်ဆိုင်တွင် လေယာဉ် လက်မှတ် for show လုပ်ပါ တစ်ပတ်ခွာလုပ်ပါ

ပီးရင်လက်ဗွေနှိပ်ဖို့မလေးရှား အင်မီဂရေးရှင်းကိုသွားပါ CI မူရင်း မိတ္တူ လေယာဉ်လက်မှတ်မူရင်း မိတ္တူ ယူသွားပါ မလေး အင်မီဂရေးရှင်းတွင် တစ်ယောက်ကို RM 400 ပေးရပါသည် ကလေးဆို 100 ပေးရပါသည်
ကျွန်မတို့မိသားစုကတော့လိုက်ပို့ပေးတဲ့ အကိုကြီးကို တစ်ယောက် Rm 250 ပေးရပါသည်တချို့ကလိုက်ပို့ခရောလက်ဗွေနှိပ်ခရော တစ်ယောက်ကို 800တောင်းပါသည်

လက်ဗွေနှိပ်ပီးရင်ပြန်ဖို့ လေယာဉ်လက်မှတ် အတည်ပြန်ဝယ်ပီးပြန်လို့ရပါပီ

ယခင်passport ရှိပီးယခုဘာမှမရှိတော့သူမျုားလဲCIလျှောက်ပီးအထက်ပါအချက်များအတိုင်းလုပ်ဆောင်ပီးပြန်နိုင်ပါသည်

ကျွန်မတို့လဲယခုကဲ့သို့လုပ်ဆောင်ပီးပြန်ခြင်းဖြစ်ပါသည်။

မူရင်း Hnin KalayarHlaing

(မလေးရှား)
ပြန်လည်မျှဝေလိုက်ပါတယ်။
12.6.2013

No comments:

Post a Comment