Saturday 1 June 2013

မဟုတ်မဟတ်လုပ်ဇာတ်တွေနဲ့ ဘာသာပြန်တလွဲ တိုင်းပြည်ကိုမွဲအောင်လုပ်နေကြလား



VOA အင်္ဂလိပ်ပိုင်းအစီအစဉ်မှာ ရေးတဲ့စာကို လိုရာဆွဲတွေးမဟုတ်မဟတ် ဘာသာပြန်ပြီး....ဒေါ်စုနဲ့ NLD ကို ဆန္ဒပြဖို့လှုံ့ဆော်တဲ့ဟာကိုအမှတ်အတိုင်းသိစေချင်လို့ ....အတိအကျဘာသာပြန်ပေးလိုက်တယ်...

ကျနော့်ဆီကို အင်္ဂလိပ်လိုစာပိုဒ် တပိုဒ်ဘာသာပြန်ပေးပါလို့ အကူညီတောင်းခံလာလို့
အနှစ်သာရမပျက် ဆီလျော်အောင် ဘာသာပြန်ပေးလိုက်ပါတယ်…အင်္ဂလိပ်လို နားမလည်
သူများကို မမှန်မကန် ဘာသာပြန်ဆိုချက်များနဲ့ လိမ်ညာနေလို့…ပြည်သူတွေအမှန်အတိုင်း
သိအောင် ဘာသာပြန်ကူညီစေလိုပါတယ်တဲ့…ကျနော်လည်း ဘာမှန်းတော့ သေသေချာချာ
ဂဃနဏ မသိပါ…….။( မှတ်ချက်..ကျနော့်အာဘော်တစ်ခုမှ မပါပါ…..) VOA မှာပါတဲ့ စာပိုဒ်လို့ဆိုပါတယ်…….

( ဘာသာပြန် )….တနလာင်္နေ့က..အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ
ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ ကြုံတောင့်ကြုံခဲ အကာကွယ်ပေးခဲ့ပါတယ်..ကလေးနှစ်ယောက်
ပဲမွေးရမယ်လို့ကန့်သတ်လိုက်ခြင်းဟာ လူ့အခွင့်ရေးချိုးဖောက်မူ့ဖြစ်တယ်လို့ ဂျာနယ်လစ်
များကိုပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လို့ သူမရဲ့ NLD ပါတီကတော့ ရိုဟင်ဂျာတွေကို တိုင်းရင်း
သားအဖြစ်ရော ဒါမှမဟုတ် နိုင်ငံသားအဖြစ်ရော အသိမှတ်ပြုဖို့ ငြင်းဆန်နေဆဲပါ။
ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောဆိုရာမှာတော့….NLD ပါတီအနေနဲ့
ဘယ်တုန်းကမှ ရိုဟင်ဂျာလို့မခေါ်ဝေါ်ခဲ့ပါဘူး….ဘာလို့လည်းဆိုတော့ ရိုဟင်ဂျာဆိုတာ
မြန်မာ့သမိုင်းမှာ မရှိလို့ပါ….။ သူတို့ကို ဘင်္ဂါလီလို့ပဲခေါ်ပါတယ်…ဘင်္ဂါလီဆိုတာဘင်္ဂလားဒေ့ရှ်
နိုင်ငံက တရားမ၀င်ရွေ့ပြောင်းလာသူများကို သတ်မှတ်ထားတဲ့ သတ်မှတ်ချက်ပဲဖြစ်ပါတယ်။
တကယ်လို့ မြန်မာနိုင်ငံက နိုင်ငံသား ဥပဒေကိုပြောင်းလည်းပြင်ဆင်မှသာလျှင်NLDအနေဖြင့်
ရိုဟင်ဂျာများ နိုင်ငံသားဖြစ်မူ့ကို လက်ခံဖို့ အလိုရှိနေမှာဖြစ်ပါတယ်….။
Opposition leader Aung San Suu Kyi on Monday gave a rare defense of
the Rohingya, telling journalists a two-child limit is a violation of human
rights. But her National League for Democracy still refuses to recognize
the Rohingya as an ethnicity or as citizens.Her party spokesman U Nyan
Win said they would be willing to accepted citizenship for the Rohingya,
but only if the law is changed and they are called Bengalis, a term that
implies illegal migration from Bangladesh. "NLD is never call them Rohi
-ngya because of there is no history [of them] in Burma.That is why,"
he said.
ဘာသာပြန်သူ မောင်မောင်ဝမ်း
ကိုထွန်းဝေ
ပြန်လည်မျှဝေလိုက်ပါတယ်။
31.5.2013

No comments:

Post a Comment