Monday 17 June 2013

၆၈နှစ်မြောက်ရွှေရတုမွေးနေ့ ~





ရိုးသားပွင်းလင်းမွေးနေ့ သတင်း
ရွှေလို လလိုဝင်း
ဂုဏ်အရည်ချင်းက ထိန်ထိန်သာ
သူရိန်နေမင်းထက်ဝင်းပရှာ
ရွှန်းမြတ်သာတဲ့ မွေးနေ့ပွဲ
ရွှေရတုပင် ရောက်ခဲ့ပြီပဲ…။

အနာဂတ်လှပဖို့ 
ပုခုံးပေါ်တင်လို့ သူထမ်းပို့
အတူလှမ်းဖို့ လက်သွယ်ယှက်
ဘယ်လိုခက်ခက် သူချီတက်
လှော်တက်ညီညီ ရှေ့ သို့ ချီ
ကျောချင်းကပ်ထားမည်
ဒီမိုကရေစီ ပန်းတိုင်အရောက်
စုမေမေနဲ့အတူ လက်တွဲလျှောက်
ကမ္ဘာအနှံ့ ခြေစုံသွား
တော်ဝင်ဒေါင်းတဲ့လား...။

ဒေါင်းကိုမွေးပေးတဲ့ အမေ့ စိတ်ဓါတ်
မျိုးဆက်သစ်ရဲ့ မော်ကွန်းတစ်ရပ်
ရွှေပေလွှာ ပုရပိုက်မှာ
မှတ်ကျောက်ရယ်တင်
ဆုတ၀င်းဝင်း နေရာတိုင်းမှာသင်း
မှတ်တမ်းတင် သမိုင်းတွင်ထင်ထင်ရှား
မေမေစုတဲ့လား

စနစ်ဆိုရဲ့ အထောင်းအထုကို
အကြောင်းပြုရှာပြီး
ခွပ်ဒေါင်းအမျိုး မို ရည်စိတ်သန်
သံမဏိလို ခိုင်မာပြတ်သား
ပြည်သူကို အဖက်ဖက်က
အလုပ်အကြွေးပြုမယ့်
ယုံကြည်ချက်များနဲ့
ဒေါ်အောင်ဆန်းစုကြည်ပါတကား
ရွှေရတုငွေရတု နရသိန် ရတုမှသည်…
68 မြောက်.မွေးနေ့ ဆီသို့  ။ ။

စတုတ္ထမြန်မာနိုင်ငံတော်ကိုတည်ထောင်မည့်အမေစုအားဒီကဗျာလေးနဲ့ 
မွေးနေ့ ဆုတောင်းအဖြစ်နဖူးတိုက်လို့ ဦးခိုက်ပြီးကန်တော့အပ်ပါတယ်။
ကိုထွန်းဝေ ရေးစပ်သီကုံးပါတယ်။
17.6.2013
လေးလေးစားစားမျှဝေပါတယ်။

No comments:

Post a Comment