Wednesday 5 June 2013

“ အရေးပေါ်လူနာများအား ဆေးရုံများမှ အတင်းဆင်းခိုင်းမှုများ ဖြစ်ပေါ်နေ ”



“ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်
ခံရမှုများကြောင့် ဆေးရုံများတွင် အရေးပေါ် အတွင်းလူနာများ
အဖြစ် တင်ထားရသူများကို အလုပ်သမားရေးရာမှဆိုကာ လူများ
ရောက်လာပြီး “ လူနာများအား အလှူငွေ ရင်းဂစ် ၅၀၀ပေးပြီး... မင်းတို့ မြန်မာနိုင်ငံကို မြန်မြန်ပြန်ကြ။ ဆေးရုံက မြန်မြန်ပြန်ဆင်းဟု
ဆိုကာ ဆေးရုံမှ အတင်းဆင်းခိုင်းမှု များလုပ်နေပါသည်။ ဆေးရုံမှ
ဆင်း၍ မြန်မာနိုင်ငံပြန်ဖို့စီစဉ်ကြလျှင်လည်း အရေးပေါ်လူနာများ
ဖြစ်သဖြင့် အခက်အခဲများ၊ ကုန်ကျစရိတ်များမှ မြန်မာလူမှုကူညီရေး
အသင်းများဖြင့်သာ မစွမ်းနိုင်ပါ။ ထို့ပြင် မလေးရှားတွင်နေထိုင်
ကြသော တရားဝင်၊ တရားမ၀င်နေထိုင်သူများကို ယနေတွင်
အတင်းဖမ်းဆီးမှုများဖြစ်ပေါ်နေပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ
အတွင်းရှိသက်ဆိုင်ရာလူကြီးမင်းများသိရှိကူညီပေးနိုင်ရန် အရေး
တကြီးအသိပေးအကြောင်းကြားအပ်ပါသည်။ ”

- မြန်မာလူမှုကူညီရေးအသင်း ( မလေးရှား )
၅-၆-၂၀၁၃ ဗုဒ္ဓဟူးနေ့ -


“ ကပုန်းနှင့် ဆလာရန်းတို့တွင် ဖြစ်ပွားခဲ့သည့်အကြမ်းဖက်
သတ်ဖြတ်ခံရမှုတို့ကြောင့် သေဆုံးခဲ့ရသူများ၏ ပုံများကို
မဖော်ပြခြင်းမှာ - ပြည်တွင်း၊ ပြည်ပ၌ မတူညီသော လူမျိုးများ၊
ဘာသာဝင်များကြား အချင်းချင်း အမုန်းတရားများ၊ သံသယစိတ်များ ပိုမိုကြီးထွားလာပြီး ပဋိပက္ခများ ပိုမိုဆိုးရွားလာမည်စိုးသောကြောင့်
သတိထား ချန်လှပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် သတ်ဖြတ်ခံ
ရသူအချို့၏ ပုံများသည် Facebook နှင့် မီဒီယာအချို့တွင် ဖော်ပြ
ခဲ့ကြသဖြင့်သိမြင်ကြပြီးဖြစ်ပြီဟု ထင်ပါသည်။ ကျွန်တော်တို့ မြန်မာလူမှုကူညီရေးအသင်း ( မလေးရှားမှ )
မလေးရှားရောက် မြန်မာနိုင်ငံသားတို့၏အခက်ခဲ၊ ပြဿနားများမှ
သိရှိသင့်၊ သိရှိအပ်သည့် အဖြစ်အပျက်အကြောင်းအရာများကို မထိမ်ချန်ပဲ ဖော်ပြပေးသွားပါမည်။ ”

- မြန်မာလူမှုကူညီရေးအသင်း ( မလေးရှား )

ပြန်လည်မျှဝေပါတယ်.။
5.6.2013
မူရင်း ...https://www.facebook.com/pages/မြန်မာလူမှုကူညီရေးအသင်း-Malaysia/165848890257884

No comments:

Post a Comment