Thursday, 2 May 2013

မြန်မာရွှေ့ပြောင်းလုပ်သားတို့အတွက် မေဒေး




Photo: မြန်မာရွှေ့ပြောင်းလုပ်သားတို့အတွက် မေဒေး
Wednesday, May 01, 2013 

ယနေ့ ၂၀၁၃ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ အလုပ်သမားများသည် (၁၂၃) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုပ်သမား နေ့နှင့် (၆၇) နှစ်မြောက် ထိုင်းနိုင်ငံအလုပ်သမားနေ့ အခမ်းအနားကိုချီတက်ပွဲများ၊ တောင်းဆိုမှုများဖြင့် စီစဉ်ကျင်းပကြမည်ဖြစ်သည်။ ဘန်ကောက်မြို့မှ ထိုင်းအလုပ်သမားများနှင့်အတူ ရာနှင့်ချီ သောမြန်မာရွှေ့ပြောင်းအလုပ်သမားများ ပါဝင်ဆင်နွှဲကြချိန်တွင် နယ်စပ်မြို့များ၌လည်း ရွှေ့ပြောင်းအလုပ်သမားများက မိမိတို့ကိုယ်ပိုင် အစီအစဉ်များဖြင့် ကျင်းပကြ မည်ဖြစ်သည်။

အလုပ်သမားများ၏ ထိုင်းအစိုးရသို့ တင်သွင်းသည့် ယခုနှစ် တောင်းဆိုချက်တစ်ရပ်ထဲတွင် ရွှေ့ပြောင်းအလုပ်သမားများနှင့် ပျံကျအလုပ်သမားများအရေး၊ အကာအကွယ်တိုးမြှင့်ပေးရေးတို့ပါရှိသည်။ ထိုင်းနိုင်ငံ နိုင်ငံခြားအလုပ်သမားများဆိုင်ရာရုံး၏ စာရင်းများအရ လက်ရှိ ထိုင်းနိုင်ငံတွင် မှတ်ပုံတင်၍ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားအလုပ်သမား ၇၈၄၀၃၃ ဦးအနက် ၃၂၇၅၀၈ ဦးမှာ ၎င်းင်းတို့၏ စာရွက်စာတမ်းများရရှိရန် စောင့်ဆိုင်း နေကြဆဲဖြစ်သည်။ ထို့အပြင် လူပေါင်း နှစ်သန်းခန့်သည်လည်း တရားမ၀င် အလုပ်သမားများအဖြစ် ကျန်ရှိနေသေးကြောင်းအင်န်ဂျီအိုများက ခန့်မှန်းထား သည်။

မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံလုပ်ငန်းခွင်အတွင်း လုပ်အားစိုက်ထုတ်ရသောလုပ်ငန်များအားလုံးတွင် ၀င်ရောက်လုပ်ကိုင်နေကြရာ အထူး
သဖြင့် ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးနှင့် အိမ်တွင်းအကူအလုပ်များ၌ လုပ်ကိုင်နေကြခြင်းဖြစ်သည်။

၎င်းတို့အများစုမှာ နည်းပါးလှသောလုပ်ခလစာများသာရရှိကြပြီး လုပ်ငန်းခွင်အတွင်း အသုံးချ အမြတ်ထုတ်ခံနေရကာ လုပ်ငန်းခွင်အတွင်း ပိုမိုကောင်းမွန်
သော အခြေအနေဖန်တီးရန် စီစဉ်ရာတွင်လည်း အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ကြရ သည်။ အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ချုပ်ကြီး၏ ပဋိညာဉ်စာတမ်း ၈၇ နှင့် ၈၈ ကို ယခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးရန် ထိုင်းအစိုးရအား အလုပ်သမားများက တိုက်တွန်းနေကြသည်။ ယင်းတို့မှာ အလုပ်
သမားများ၏စည်းရုံးခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့်နှင့် တောင်းဆိုခွင့်စသည့်အခွင့်အရေးများကိုအကာအကွယ်ပေးထားသည်။ ယင်းအချက်များကို အလုပ်သမားများ၏အခြေခံအခွင့်အရေး ကာကွယ်ရန်အချက်များအဖြစ် အများကလက်ခံထားပြီး ထိုင်းနိုင်ငံကတော့ဤအချက်များကို သဘောတူညီ
ကြောင်း လက်မှတ်ရေးထိုးထား ခြင်းမရှိသေးပေ။ မြန်မာနိုင်ငံကမူ ပဋိညာဉ်စာတမ်း ၈၇ ကို ၁၉၅၅ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိတွင်လည်း အကျုံးဝင်နေဆဲဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများကို တည်ရှိဆဲသမဂ္ဂများသို့ ၀င်ရောက်ခွင့်ပြုထားသော်လည်း သမဂ္ဂအသစ်ဖွဲ့စည်းခွင့်ပြုမထားပေ။ သို့သော် ထိုင်းအလုပ်သမား ၄ ရာခိုင်နှုန်းမျှသာလျှင် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနေ၍ ရွှေ့ပြောင်း အလုပ်သမားများအနေနှင့်အများအားဖြင့်ဘန်ကောက် မြို့တွင်သာ အခြေစိုက်သော အ
လုပ် သမားသမဂ္ဂသို့ ၀င်ရောက်ရန်မလွယ်ကူပါ။ နယ်စပ်မြို့များမှ မြန်မာအလုပ်သမားများကို အများအားဖြင့် ဘန်ကောက်မြို့သို့ ခရီးသွားလာခွင့် ပိတ်ပင်ထားသည်ဖြစ်ရာ ၎င်းတို့အနေဖြင့် သမဂအစည်းအဝေးများတက်ရောက်ရန် ခက်ခဲလှပေသည်။ ဘာသာစကားကလည်း နောက်ထပ်အခက်အခဲ
တစ်ခုဖြစ်နေသည်။ သို့သော် ဆယ်စုနှစ်ချီ၍ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခဲ့ကြသည့် မြန်မာအလုပ်သမား အများအပြားကတော့ ထိုင်းဘာသာကို ကျွမ်းကျွမ်းကျင်ကျင်ရှိ၏။

နယ်စပ်မြို့များရှိ မြန်မာအလုပ်သမားများက ၎င်းင်းတို့အမြတ် ထုတ်ခံနေရသော အခြေအနေကို ဖော်ထုတ်တုံ့ပြန်နိုင်ရေး စီစဉ်ကြိုးပမ်းကြသော်လည်း အခက်
အခဲများစွာနှင့် တွေ့ကြုံနေကြရာအလုပ်ရှင်များက ၎င်းတို့၏နိုင်ငံကူးလက်မှတ်များနှင့်အလုပ်လုပ် ခွင့်ပါမစ်များကို သိမ်းယူထားခြင်းက အဓိကအချက်ဖြစ်ပြီး ဆန္ဒပြ
ချိန်တွင် လူဝင်မှုအာဏာပိုင်များကို စာရွက်စာတမ်းမပြနိုင်သောကြောင့်လည်းဖြစ်သည်။ တစ်ခါတစ်ရံ မြန်မာနိုင်ငံသို့ ပြန်ပို့ခံကြရ၏။ ရှားပါးလှသည့် အောင်
မြင်မှုထဲတွင် မဲဆောက်မြို့က M အ၀တ်အထည်စက်ရုံမှ အလုပ်သမားများပါဝင်သည်။ ၂၀၁၂ ခုနှစ်၊ ဇွန် ၅ရက်နေ့က အလုပ်သမား
၃၂၃ဦး စုပေါင်း၍ အခြေခံအနိမ့်ဆုံးလစာရရှိရေး ကြိုးပမ်းကြရာအောင်မြင်မှုရရှိခဲ့ကြခြင်းဖြစ်သည်။

သို့ရာတွင် ၀မ်းနည်းဖွယ်ကောင်းသည်မှာ ထိုအောင်မြင်မှုက ကြာကြာမခံလိုက်ပါ။ ၂၀၁၃ခုနှစ်၊ မတ်လတွင် စက်ရုံက ကြိုတင်အကြောင်းကြား ကြေညာခြင်းမရှိဘဲ စက်ရုံကိုပိတ်ပစ်ခဲ့သောကြောင့် ဖြစ်သည်။ ထိုအခါ အလုပ်သမားငါး ရာက တစ်လစာနို့တစ်နှင့် နစ်နာကြေးတောင်းခံကြပြန်သည်။ အခက်အခဲပေါင်းများစွာ၊ ညှိနှိုင်းမှုပေါင်းများစွာတို့နောက်တွင် အ လုပ်သမားတစ်ဦးလျှင် ဘတ် ၄၈၀၀ စီ ခန့်ရရှိပြီး အလုပ်သစ် ရှာဖွေခဲ့ကြရပြန်သည်။ ထိုအခြေအနေက မဲဆောက်မြို့ အ၀တ်အထည်စက်ရုံအလုပ်သမားများ၏ အခြေအနေပင်ဖြစ်သည်။

ထိုင်းနိုင်ငံရှိ အခြားသော လုပ်ငန်းများနည်းတူ ဤစက်ရုံကလည်း အလုပ်သမားများကို အနိမ့်ဆုံးလစာအသစ်သတ်မှတ်ချက်ဖြစ်သည့် တစ်နေ့ ဘတ် ၃၀၀
ပေးရမည်ဆိုလျှင်ရပ်တည်လည် ပတ်၍မဖြစ်နိုင်ကြောင်း အကြောင်းပြပြောဆိုသည်။

နေ့စဉ်ကြေး ဘတ် ၃၀၀ သည် နေထိုင်ရေးအတွက် လုံလောက်မှုမရှိဘဲ အလုပ်သမားကိုယ် တိုင်နှင့် မှီခိုသူနှစ်ယောက်တို့အတွက် ဖူလုံသောဝင်ငွေကို အနိမ့်
ဆုံးလစာအဖြစ် တွက်ချက်သတ်မှတ်ပေးရန် ထိုင်းအစိုးရကို ထိုင်းအလုပ်သမားများကတောင်းဆို နေသည်။ အမှန်စင်စစ် ထိုင်းနိုင်ငံသည် အနိမ့်ဆုံးလစာကို လွန်ခဲ့
သော အနှစ် ၄၀ က ဥပဒေပြဋ္ဌာန်း သတ်မှတ်ခဲ့ရာ အစိုးရကိုယ်စား လှယ်၊ အလုပ်ရှင်ကိုယ်စားလှယ် နှင့် အလုပ်သမားကိုယ်စားလှယ် တို့က တွေ့ဆုံဆွေးနွေးသဘောတူခဲ့ကြသည်။ အနိမ့်ဆုံးလစာဟူသည် အလုပ်သမားကိုယ်တိုင်နှင့် မှီခိုသူနှစ်ယောက်တို့ လူမှုဝန်းကျင်အတွင်း ကောင်းမွန်စွာနေထိုင် စားသောက်နိုင်သည့်နှုန်းကို သတ်မှတ်ရမည်ဟုဆိုခဲ့သည်။ သို့သော် သုံးနှစ်အကြာတွင် ထိုဥပဒေကို ပြန်လည်ပြုပြင်ခဲ့ရာ အနိမ့်ဆုံးလစာကို အလုပ်သမား
တစ်ဦးတည်း ဖူလုံရုံအတွက်သာ တွက်ချက်ခဲ့ပြီး မိသားစုကို ပါဝင်ထည့်သွင်းခြင်းမပြုတော့ဘဲ ထိုပြုပြင်ပြဋ္ဌာန်းချက်ကသာ ယနေ့အထိ အတည်ဖြစ်နေသည်။

ထိုင်းနိုင်ငံ၏ အလုပ်သမား ကာကွယ်ရေးဥပဒေများအရ မည်သည့်နိုင်ငံသားမဆို အလုပ်သမား အားလုံးပြဋ္ဌာန်းထားသော အနိမ့်ဆုံးလစာကိုခံစားခွင့်ရှိသည်။ သို့ရာတွင် ထိုအလုပ်သမားဥပဒေသည် တချို့အလုပ်မျိုးကို ထည့်သွင်းထားခြင်းမရှိဘဲ ယင်းအလုပ်အမျိုးအစားထဲတွင် စိုက်ပျိုးရေးနှင့် အိမ်ဖော်အလုပ်လည်း ပါဝင်နေသည်။ အချို့သတ်မှတ်ချက်အသစ်များဖြင့် အိမ်ဖော်အလုပ်သမားများကို အကာအကွယ်ပေးရေး ရည်ရွယ်ပြဋ္ဌာန်းသော်လည်း ယင်းမူဝါဒကို ပြောင်းလဲခြင်း
မရှိခဲ့ခြင်းကြောင့် အိမ်ဖော်အလုပ်သမား ၄၈၆၀၀ တို့မှာ အခြေခံအနိမ့်ဆုံးလစာကို ခံစားခွင့်မရရှိကြပါ။ ၎င်းတို့သည် အလုပ်ရှင်များနှင့်သာ လစာကို ညှိနှိုင်းယူကြရ
သည်။ အိမ်ဖော်အလုပ်သမားအ များအပြားမှာ တရားလွန်နည်းပါးလှသောလစာကိုသာ ရရှိကြသည်။

ပြည်တွင်းပြည်ပ အလုပ်သမားအားလုံးအတွက် အထူးစိုးရိမ်စရာ မှာ အလုပ်ခွင်လုံခြုံရေးနှင့် ကျန်းမာရေးဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘင်္ဂလား
ဒေ့ရှ်နိုင်ငံရှိရာ နာပလာဇာအဆောက်အအုံပြိုကျခဲ့သဖြင့် အ၀တ်အထည်ချုပ်အလုပ်သမား ၃၈၀ သေဆုံးခဲ့ကြရသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ မီးလောင်
မှုကြောင့်လည်း တာဇ်ရင်း ဖက်ရှင်စက်ရုံမှ အမျိုးသမီးအလုပ် သမားတစ်ရာကျော် သေဆုံးခဲ့ရ သည်ဖြစ်ရာ ထိုင်းနှင့် မြန်မာနိုင်ငံရှိ စက်ရုံလုပ်သားများလည်း စိုးရိမ် ကြောင့်ကြကြမည်ဖြစ်သည်။ ထိုင်းနိုင်ငံ၌ အလုပ်သမားနေ့တိုင်းတွင် အရေးပါသော အစီအစဉ်တစ်ရပ် ထည့်သွင်းထားသည်။ ယင်းအစီအစဉ်မှာ ၁၉၉၃ ခုနှစ်က နခုံပသွန် အရပ်ရှိ ကေဒါအရုပ်စက်ရုံ မီးလောင်မှုကြောင့် သေဆုံးခဲ့ကြသည့် အမျိုးသမီးအများစုပါဝင်သည့် အလုပ်သမား ၁၈၈ ဦးကို
အမှတ်တရပြုသည့် အခမ်းအနားပင်ဖြစ်သည်။ သို့သော် ရွှေ့ပြောင်းအလုပ်သမားများ လုပ်ကိုင်နေကြသောစက်ရုံများမှာ လုံခြုံရေး စိုးရိမ်စရာ အခြေအနေတွင် ရှိဆဲ
ဖြစ်သည်ကိုမူ ၀မ်းနည်းဖွယ်ရာ တွေ့နေရသေးသည်။

မကြာသေးမီက ထုတ်ပြန်ခဲ့သော မက်ပ်ဖောင်ဒေးရှင်း၏ ပုံမှန်အခွင့်အရေးဟု အမည်ပေးထားသည့် လေ့လာသုံးသပ်ချက်တစ်ရပ်တွင် ထိုင်းနိုင်ငံရောက် မှတ်ပုံ
တင်ထားသူနှင့် မတင်ထားသူ မြန်မာအလုပ်သမား ၄၉၃ ဦး၏ နေထိုင်မှုနှင့် လုပ်ငန်းခွင်အခြေအနေကို နှိုင်းယှဉ်သုံးသပ် ထားရာ ထက်ဝက်ကျော်၏ အလုပ်ခွင်တွင်
မီးသတ်ဘူးမထားရှိဘဲ အလုပ်သမားများ၏ သုံးပုံတစ်ပုံအောက်၌သာ စက်ရုံတွင်မီးလောင်လျှင်မည်သို့ဆောင်ရွက်ရမည်ဆိုသည်ကို သင်ကြားပေးကြောင်း ပြောဆို သည်။

Clean Cloth Campaignကဲ့သို့သော နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့က ဘင်္ဂလားဒေ့ရှ်ဖြစ်ရပ်အပြီးတွင် နိုင်ငံတကာကုမ္ပဏီများကို ၎င်းတို့၏ ကုန်များထုတ်လုပ်
ရာ ပြည်ပစက်ရုံများ၌ နိုင်ငံတော် နှင့် နိုင်ငံတကာအဆင့်နှင့်အညီ မီးဘေးကာကွယ်ရေးနှင့် လုံခြုံမှုရှိရေးတို့ကို စီစဉ်ရန်အတွက် ချက်ချင်းရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်း လိုက်သည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက်မူ စိုးရိမ်စရာအချက် များပြားလှရာ အခြေအနေ တိုးတက်ကောင်းမွန်လာစေရန် မည်သည့်နေရာမှ စရမည်
ကိုပင်မသိနိုင်အောင်ဖြစ်ရသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို အမေရိကန်နိုင်ငံတွင် စတင်ကျင်းပခဲ့စဉ်ကတစ်နေ့ ၈ နာရီ အလုပ်ချိန်သတ်မှတ်ရေး တောင်းဆိုခဲ့ကြသည်။ ၈ နာရီလုပ်၊ ၈ နာရီအိပ်၊ ၈ နာရီ အပန်းဖြေဟူ၍ဖြစ်သည်။

တစ်နေ့လျှင် ၁၀ နာရီကျော် အ လုပ်လုပ်ကိုင်နေကြရသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက်မူလွန်ခဲ့သည့် ၁၂၃နှစ်က ထိုတောင်း
ဆိုချက်များ ဖြစ်မလာသေးပါ။ အလုပ်သမားများ အခွင့်အရေးတိုက်ပွဲသည် ကြမ်းတမ်းခက်ခဲနေဆဲဖြစ်ပါသည်။ သို့သော်လည်းမြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ် သမားများသည် ၎င်းတို့၏ ထိုင်း ညီအစ်ကို မောင်နှမများနှင့် ပူးပေါင်းလက်တွဲကာ မေလ ၁ ရက် နေ့၏ ကြွေးကြော်သံဖြစ်သည့် ကမ္ဘာ့အလုပ်သမားများ ညီညွတ်
ကြဟူသည့် ဆောင်ပုဒ်အောက်တွင် ယင်းတိုက်ပွဲကို ဆက်လက်ဆင်နွဲနေမည်သာဖြစ်သည်။

(Jackie Pollock သည် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုများကို ပံ့ပိုးပေးနေသည့် MAP Foundation ခေါ် ထိုင်းအခြေစိုက် အင်န်ဂျီအိုကို ထူထောင်ဖြစ်ပါသည်။ ၁၉၉၂ခုနှစ်ကစပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးအတွက် စည်းရုံးဆော်သြ နေသူဖြစ်ပြီး Mekong Migra-tion Network ကိုပါဝင်ထူထောင်သူလည်း ဖြစ်ပါသည်။

(၎င်း၏ မူရင်းဆောင်းပါးကို ခင်မေဇော်ကဘာသာမှ ပြန်ဆိုထားပါသည်။)

Photo- AFP

ရေးသားသူ- ဂျက်ကီပူးလော့ခ်

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို Like လုပ်ထားပါ။
ယနေ့ ၂၀၁၃ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ အလုပ်သမားများသည် (၁၂၃) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုပ်သမား နေ့နှင့် (၆၇) နှစ်မြောက် ထိုင်းနိုင်ငံအလုပ်သမားနေ့ အခမ်းအနားကိ...ုချီတက်ပွဲများ၊ တောင်းဆိုမှုများဖြင့် စီစဉ်ကျင်းပကြမည်ဖြစ်သည်။ ဘန်ကောက်မြို့မှ ထိုင်းအလုပ်သမားများနှင့်အတူ ရာနှင့်ချီ သောမြန်မာရွှေ့ပြောင်းအလုပ်သမားများ ပါဝင်ဆင်နွှဲကြချိန်တွင် နယ်စပ်မြို့များ၌လည်း ရွှေ့ပြောင်းအလုပ်သမားများက မိမိတို့ကိုယ်ပိုင် အစီအစဉ်များဖြင့် ကျင်းပကြ မည်ဖြစ်သည်။

အလုပ်သမားများ၏ ထိုင်းအစိုးရသို့ တင်သွင်းသည့် ယခုနှစ် တောင်းဆိုချက်တစ်ရပ်ထဲတွင် ရွှေ့ပြောင်းအလုပ်သမားများနှင့် ပျံကျအလုပ်သမားများအရေး၊ အကာအကွယ်တိုးမြှင့်ပေးရေးတို့ပါရှိသည်။ ထိုင်းနိုင်ငံ နိုင်ငံခြားအလုပ်သမားများဆိုင်ရာရုံး၏ စာရင်းများအရ လက်ရှိ ထိုင်းနိုင်ငံတွင် မှတ်ပုံတင်၍ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားအလုပ်သမား ၇၈၄၀၃၃ ဦးအနက် ၃၂၇၅၀၈ ဦးမှာ ၎င်းင်းတို့၏ စာရွက်စာတမ်းများရရှိရန် စောင့်ဆိုင်း နေကြဆဲဖြစ်သည်။ ထို့အပြင် လူပေါင်း နှစ်သန်းခန့်သည်လည်း တရားမ၀င် အလုပ်သမားများအဖြစ် ကျန်ရှိနေသေးကြောင်းအင်န်ဂျီအိုများက ခန့်မှန်းထား သည်။

မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံလုပ်ငန်းခွင်အတွင်း လုပ်အားစိုက်ထုတ်ရသောလုပ်ငန်များအားလုံးတွင် ၀င်ရောက်လုပ်ကိုင်နေကြရာ အထူး
သဖြင့် ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးနှင့် အိမ်တွင်းအကူအလုပ်များ၌ လုပ်ကိုင်နေကြခြင်းဖြစ်သည်။

၎င်းတို့အများစုမှာ နည်းပါးလှသောလုပ်ခလစာများသာရရှိကြပြီး လုပ်ငန်းခွင်အတွင်း အသုံးချ အမြတ်ထုတ်ခံနေရကာ လုပ်ငန်းခွင်အတွင်း ပိုမိုကောင်းမွန် သော အခြေအနေဖန်တီးရန် စီစဉ်ရာတွင်လည်း အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ကြရ သည်။ အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ချုပ်ကြီး၏ ပဋိညာဉ်စာတမ်း ၈၇ နှင့် ၈၈ ကို ယခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးရန် ထိုင်းအစိုးရအား အလုပ်သမားများက တိုက်တွန်းနေကြသည်။ ယင်းတို့မှာ အလုပ် သမားများ၏စည်းရုံးခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့်နှင့် တောင်းဆိုခွင့်စသည့်အခွင့်အရေးများကိုအကာအကွယ်ပေးထားသည်။ ယင်းအချက်များကို အလုပ်သမားများ၏အခြေခံအခွင့်အရေး ကာကွယ်ရန်အချက်များအဖြစ် အများကလက်ခံထားပြီး ထိုင်းနိုင်ငံကတော့ဤအချက်များကို သဘောတူညီ ကြောင်း လက်မှတ်ရေးထိုးထား ခြင်းမရှိသေးပေ။ မြန်မာနိုင်ငံကမူ ပဋိညာဉ်စာတမ်း ၈၇ ကို ၁၉၅၅ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိတွင်လည်း အကျုံးဝင်နေဆဲဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများကို တည်ရှိဆဲသမဂ္ဂများသို့ ၀င်ရောက်ခွင့်ပြုထားသော်လည်း သမဂ္ဂအသစ်ဖွဲ့စည်းခွင့်ပြုမထားပေ။ သို့သော် ထိုင်းအလုပ်သမား ၄ ရာခိုင်နှုန်းမျှသာလျှင် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနေ၍ ရွှေ့ပြောင်း အလုပ်သမားများအနေနှင့်အများအားဖြင့်ဘန်ကောက် မြို့တွင်သာ အခြေစိုက်သော အ လုပ် သမားသမဂ္ဂသို့ ၀င်ရောက်ရန်မလွယ်ကူပါ။ နယ်စပ်မြို့များမှ မြန်မာအလုပ်သမားများကို အများအားဖြင့် ဘန်ကောက်မြို့သို့ ခရီးသွားလာခွင့် ပိတ်ပင်ထားသည်ဖြစ်ရာ ၎င်းတို့အနေဖြင့် သမဂအစည်းအဝေးများတက်ရောက်ရန် ခက်ခဲလှပေသည်။ ဘာသာစကားကလည်း နောက်ထပ်အခက်အခဲ တစ်ခုဖြစ်နေသည်။ သို့သော် ဆယ်စုနှစ်ချီ၍ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခဲ့ကြသည့် မြန်မာအလုပ်သမား အများအပြားကတော့ ထိုင်းဘာသာကို ကျွမ်းကျွမ်းကျင်ကျင်ရှိ၏။

နယ်စပ်မြို့များရှိ မြန်မာအလုပ်သမားများက ၎င်းင်းတို့အမြတ် ထုတ်ခံနေရသော အခြေအနေကို ဖော်ထုတ်တုံ့ပြန်နိုင်ရေး စီစဉ်ကြိုးပမ်းကြသော်လည်း အခက် အခဲများစွာနှင့် တွေ့ကြုံနေကြရာအလုပ်ရှင်များက ၎င်းတို့၏နိုင်ငံကူးလက်မှတ်များနှင့်အလုပ်လုပ် ခွင့်ပါမစ်များကို သိမ်းယူထားခြင်းက အဓိကအချက်ဖြစ်ပြီး ဆန္ဒပြ ချိန်တွင် လူဝင်မှုအာဏာပိုင်များကို စာရွက်စာတမ်းမပြနိုင်သောကြောင့်လည်းဖြစ်သည်။ တစ်ခါတစ်ရံ မြန်မာနိုင်ငံသို့ ပြန်ပို့ခံကြရ၏။ ရှားပါးလှသည့် အောင် မြင်မှုထဲတွင် မဲဆောက်မြို့က M အ၀တ်အထည်စက်ရုံမှ အလုပ်သမားများပါဝင်သည်။ ၂၀၁၂ ခုနှစ်၊ ဇွန် ၅ရက်နေ့က အလုပ်သမား ၃၂၃ဦး စုပေါင်း၍ အခြေခံအနိမ့်ဆုံးလစာရရှိရေး ကြိုးပမ်းကြရာအောင်မြင်မှုရရှိခဲ့ကြခြင်းဖြစ်သည်။

သို့ရာတွင် ၀မ်းနည်းဖွယ်ကောင်းသည်မှာ ထိုအောင်မြင်မှုက ကြာကြာမခံလိုက်ပါ။ ၂၀၁၃ခုနှစ်၊ မတ်လတွင် စက်ရုံက ကြိုတင်အကြောင်းကြား ကြေညာခြင်းမရှိဘဲ စက်ရုံကိုပိတ်ပစ်ခဲ့သောကြောင့် ဖြစ်သည်။ ထိုအခါ အလုပ်သမားငါး ရာက တစ်လစာနို့တစ်နှင့် နစ်နာကြေးတောင်းခံကြပြန်သည်။ အခက်အခဲပေါင်းများစွာ၊ ညှိနှိုင်းမှုပေါင်းများစွာတို့နောက်တွင် အ လုပ်သမားတစ်ဦးလျှင် ဘတ် ၄၈၀၀ စီ ခန့်ရရှိပြီး အလုပ်သစ် ရှာဖွေခဲ့ကြရပြန်သည်။ ထိုအခြေအနေက မဲဆောက်မြို့ အ၀တ်အထည်စက်ရုံအလုပ်သမားများ၏ အခြေအနေပင်ဖြစ်သည်။

ထိုင်းနိုင်ငံရှိ အခြားသော လုပ်ငန်းများနည်းတူ ဤစက်ရုံကလည်း အလုပ်သမားများကို အနိမ့်ဆုံးလစာအသစ်သတ်မှတ်ချက်ဖြစ်သည့် တစ်နေ့ ဘတ် ၃၀၀ ပေးရမည်ဆိုလျှင်ရပ်တည်လည် ပတ်၍မဖြစ်နိုင်ကြောင်း အကြောင်းပြပြောဆိုသည်။

နေ့စဉ်ကြေး ဘတ် ၃၀၀ သည် နေထိုင်ရေးအတွက် လုံလောက်မှုမရှိဘဲ အလုပ်သမားကိုယ် တိုင်နှင့် မှီခိုသူနှစ်ယောက်တို့အတွက် ဖူလုံသောဝင်ငွေကို အနိမ့် ဆုံးလစာအဖြစ် တွက်ချက်သတ်မှတ်ပေးရန် ထိုင်းအစိုးရကို ထိုင်းအလုပ်သမားများကတောင်းဆို နေသည်။ အမှန်စင်စစ် ထိုင်းနိုင်ငံသည် အနိမ့်ဆုံးလစာကို လွန်ခဲ့ သော အနှစ် ၄၀ က ဥပဒေပြဋ္ဌာန်း သတ်မှတ်ခဲ့ရာ အစိုးရကိုယ်စား လှယ်၊ အလုပ်ရှင်ကိုယ်စားလှယ် နှင့် အလုပ်သမားကိုယ်စားလှယ် တို့က တွေ့ဆုံဆွေးနွေးသဘောတူခဲ့ကြသည်။ အနိမ့်ဆုံးလစာဟူသည် အလုပ်သမားကိုယ်တိုင်နှင့် မှီခိုသူနှစ်ယောက်တို့ လူမှုဝန်းကျင်အတွင်း ကောင်းမွန်စွာနေထိုင် စားသောက်နိုင်သည့်နှုန်းကို သတ်မှတ်ရမည်ဟုဆိုခဲ့သည်။ သို့သော် သုံးနှစ်အကြာတွင် ထိုဥပဒေကို ပြန်လည်ပြုပြင်ခဲ့ရာ အနိမ့်ဆုံးလစာကို အလုပ်သမား တစ်ဦးတည်း ဖူလုံရုံအတွက်သာ တွက်ချက်ခဲ့ပြီး မိသားစုကို ပါဝင်ထည့်သွင်းခြင်းမပြုတော့ဘဲ ထိုပြုပြင်ပြဋ္ဌာန်းချက်ကသာ ယနေ့အထိ အတည်ဖြစ်နေသည်။

ထိုင်းနိုင်ငံ၏ အလုပ်သမား ကာကွယ်ရေးဥပဒေများအရ မည်သည့်နိုင်ငံသားမဆို အလုပ်သမား အားလုံးပြဋ္ဌာန်းထားသော အနိမ့်ဆုံးလစာကိုခံစားခွင့်ရှိသည်။ သို့ရာတွင် ထိုအလုပ်သမားဥပဒေသည် တချို့အလုပ်မျိုးကို ထည့်သွင်းထားခြင်းမရှိဘဲ ယင်းအလုပ်အမျိုးအစားထဲတွင် စိုက်ပျိုးရေးနှင့် အိမ်ဖော်အလုပ်လည်း ပါဝင်နေသည်။ အချို့သတ်မှတ်ချက်အသစ်များဖြင့် အိမ်ဖော်အလုပ်သမားများကို အကာအကွယ်ပေးရေး ရည်ရွယ်ပြဋ္ဌာန်းသော်လည်း ယင်းမူဝါဒကို ပြောင်းလဲခြင်း မရှိခဲ့ခြင်းကြောင့် အိမ်ဖော်အလုပ်သမား ၄၈၆၀၀ တို့မှာ အခြေခံအနိမ့်ဆုံးလစာကို ခံစားခွင့်မရရှိကြပါ။ ၎င်းတို့သည် အလုပ်ရှင်များနှင့်သာ လစာကို ညှိနှိုင်းယူကြရ သည်။ အိမ်ဖော်အလုပ်သမားအ များအပြားမှာ တရားလွန်နည်းပါးလှသောလစာကိုသာ ရရှိကြသည်။

ပြည်တွင်းပြည်ပ အလုပ်သမားအားလုံးအတွက် အထူးစိုးရိမ်စရာ မှာ အလုပ်ခွင်လုံခြုံရေးနှင့် ကျန်းမာရေးဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံရှိရာ နာပလာဇာအဆောက်အအုံပြိုကျခဲ့သဖြင့် အ၀တ်အထည်ချုပ်အလုပ်သမား ၃၈၀ သေဆုံးခဲ့ကြရသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ မီးလောင် မှုကြောင့်လည်း တာဇ်ရင်း ဖက်ရှင်စက်ရုံမှ အမျိုးသမီးအလုပ် သမားတစ်ရာကျော် သေဆုံးခဲ့ရ သည်ဖြစ်ရာ ထိုင်းနှင့် မြန်မာနိုင်ငံရှိ စက်ရုံလုပ်သားများလည်း စိုးရိမ် ကြောင့်ကြကြမည်ဖြစ်သည်။ ထိုင်းနိုင်ငံ၌ အလုပ်သမားနေ့တိုင်းတွင် အရေးပါသော အစီအစဉ်တစ်ရပ် ထည့်သွင်းထားသည်။ ယင်းအစီအစဉ်မှာ ၁၉၉၃ ခုနှစ်က နခုံပသွန် အရပ်ရှိ ကေဒါအရုပ်စက်ရုံ မီးလောင်မှုကြောင့် သေဆုံးခဲ့ကြသည့် အမျိုးသမီးအများစုပါဝင်သည့် အလုပ်သမား ၁၈၈ ဦးကို
အမှတ်တရပြုသည့် အခမ်းအနားပင်ဖြစ်သည်။ သို့သော် ရွှေ့ပြောင်းအလုပ်သမားများ လုပ်ကိုင်နေကြသောစက်ရုံများမှာ လုံခြုံရေး စိုးရိမ်စရာ အခြေအနေတွင် ရှိဆဲ ဖြစ်သည်ကိုမူ ၀မ်းနည်းဖွယ်ရာ တွေ့နေရသေးသည်။

မကြာသေးမီက ထုတ်ပြန်ခဲ့သော မက်ပ်ဖောင်ဒေးရှင်း၏ ပုံမှန်အခွင့်အရေးဟု အမည်ပေးထားသည့် လေ့လာသုံးသပ်ချက်တစ်ရပ်တွင် ထိုင်းနိုင်ငံရောက် မှတ်ပုံ တင်ထားသူနှင့် မတင်ထားသူ မြန်မာအလုပ်သမား ၄၉၃ ဦး၏ နေထိုင်မှုနှင့် လုပ်ငန်းခွင်အခြေအနေကို နှိုင်းယှဉ်သုံးသပ် ထားရာ ထက်ဝက်ကျော်၏ အလုပ်ခွင်တွင် မီးသတ်ဘူးမထားရှိဘဲ အလုပ်သမားများ၏ သုံးပုံတစ်ပုံအောက်၌သာ စက်ရုံတွင်မီးလောင်လျှင်မည်သို့ဆောင်ရွက်ရမည်ဆိုသည်ကို သင်ကြားပေးကြောင်း ပြောဆို သည်။

Clean Cloth Campaignကဲ့သို့သော နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့က ဘင်္ဂလားဒေ့ရှ်ဖြစ်ရပ်အပြီးတွင် နိုင်ငံတကာကုမ္ပဏီများကို ၎င်းတို့၏ ကုန်များထုတ်လုပ် ရာ ပြည်ပစက်ရုံများ၌ နိုင်ငံတော် နှင့် နိုင်ငံတကာအဆင့်နှင့်အညီ မီးဘေးကာကွယ်ရေးနှင့် လုံခြုံမှုရှိရေးတို့ကို စီစဉ်ရန်အတွက် ချက်ချင်းရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်း လိုက်သည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက်မူ စိုးရိမ်စရာအချက် များပြားလှရာ အခြေအနေ တိုးတက်ကောင်းမွန်လာစေရန် မည်သည့်နေရာမှ စရမည် ကိုပင်မသိနိုင်အောင်ဖြစ်ရသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို အမေရိကန်နိုင်ငံတွင် စတင်ကျင်းပခဲ့စဉ်ကတစ်နေ့ ၈ နာရီ အလုပ်ချိန်သတ်မှတ်ရေး တောင်းဆိုခဲ့ကြသည်။ ၈ နာရီလုပ်၊ ၈ နာရီအိပ်၊ ၈ နာရီ အပန်းဖြေဟူ၍ဖြစ်သည်။

တစ်နေ့လျှင် ၁၀ နာရီကျော် အ လုပ်လုပ်ကိုင်နေကြရသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက်မူလွန်ခဲ့သည့် ၁၂၃နှစ်က ထိုတောင်း ဆိုချက်များ ဖြစ်မလာသေးပါ။ အလုပ်သမားများ အခွင့်အရေးတိုက်ပွဲသည် ကြမ်းတမ်းခက်ခဲနေဆဲဖြစ်ပါသည်။ သို့သော်လည်းမြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ် သမားများသည် ၎င်းတို့၏ ထိုင်း ညီအစ်ကို မောင်နှမများနှင့် ပူးပေါင်းလက်တွဲကာ မေလ ၁ ရက် နေ့၏ ကြွေးကြော်သံဖြစ်သည့် ကမ္ဘာ့အလုပ်သမားများ ညီညွတ်
ကြဟူသည့် ဆောင်ပုဒ်အောက်တွင် ယင်းတိုက်ပွဲကို ဆက်လက်ဆင်နွဲနေမည်သာဖြစ်သည်။

(Jackie Pollock သည် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုများကို ပံ့ပိုးပေးနေသည့် MAP Foundation ခေါ် ထိုင်းအခြေစိုက် အင်န်ဂျီအိုကို ထူထောင်ဖြစ်ပါသည်။ ၁၉၉၂ခုနှစ်ကစပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးအတွက် စည်းရုံးဆော်သြ နေသူဖြစ်ပြီး Mekong Migra-tion Network ကိုပါဝင်ထူထောင်သူလည်း ဖြစ်ပါသည်။

(၎င်း၏ မူရင်းဆောင်းပါးကို ခင်မေဇော်ကဘာသာမှ ပြန်ဆိုထားပါသည်။)

Photo- AFP

ရေးသားသူ- ဂျက်ကီပူးလော့ခ်

No comments:

Post a Comment