Monday 6 May 2013

မြန်မာအမျိုးသမီးများအားစောင့်ရှောက်ကြစေခြင်း (ဗုဒ္ဓဘာသာနဲ့ယှဉ်တဲ့ ယဉ်ကျေးမှုကို နားလည်ပါ။)

  -ဆောင်းပါးရှင်-ဇော်ဝမ်းမောင်

မြန်မာအမျိုးသမီးများအားစောင့်ရှောက်ကြစေခြင်(ဗုဒ္ဓဘာသာနဲ့ယှဉ်တဲ့ ယဉ်ကျေးမှုကို နားလည်ပါ။)
အဟိရိက လို့ခေါ်တဲ့ မကောင်းမှုကိုကောင်းမှုထင် အကုသိုလ်အလုပ်ကို ကုသိုလ်ထင်ပြီး အတွေးအခေါ်လွဲမှား အရှက်ကင်းမဲ့တဲ့ လုပ်ရပ်တွေ လုပ်လာကြတာတွေတွေ့နေရပါတယ်။မြန်မာယဉ်ကျေးမှုမှာ ဘာမကောင်းတာ ရှိပါသလဲလို့ အရင်မေးချင်ပါတယ်။

ယဉ်ကျေးမှုနဲ့ ထုံးစံ၊ ဓလေ့၊ အမူအကျင့်၊ သဘာဝ ဆိုတာတွေကိုလည်း ခွဲခြားသိမြင်တတ်ဖို့ လိုပါတယ်။ မြန်မာ့ယဉ်ကျေးမှုကို တန်းဖိုးထားတတ်ဖို့ အဓိက တိုက်တွန်းချင်ပါတယ်။ အတုမြင်အတတ်သင်ဆိုတဲ့ စကားကိုလည်း သဘောပေါက်သင့်ပါတယ်။ ယခုဆို အဋ္ဌမတန်းကျောင်းသူလေး ၁၄ နှစ်သမီး ရည်းစားနဲ့ ကျောင်းမတက်ပဲ တည်းခိုခန်းသွားတာ ၃ ကြိမ်မြောက်မှ မိဘသိလို့ တရားစွဲရတယ်။ ဒီလိုပြဿနာတွေဟာ အရင်းခံက အတုမြင်အတတ်သင်တာပါ။

အကြမ်းဖက်ခံရမှုအများဆုံးကတော့အသက်၈နှစ်ကနေ.၂၅အရွယ်ဖြစ်ပါတယ်..အရွယ်မရောက်သေးတဲ့ကျောင်းသူလေးတွေ.ပါ.အခုခေတ်မှာမသမာတဲ့သူတွေအတွက်ဆေးနည်းတွေအမျိုးပေါင်းမျာစွာပေါ်နေပါပြီ။

လိင်ပိုင်းဆိုင်ရာ လူကုန်ကူးရန် ဗြောင်ကျစွာ စည်းရုံးဆွဲဆောင်နေကြတာတွေလည်းရှိနေပါတယ်။ စီးပွားရေး မပြေလည်မှုတွေက ဒီလိုမကောင်းမှု အန္တရာယ်များအကြားကို တွန်းးပို့နေသလို ဖြစ်နေပါတယ်။မိန်းကလေး ငယ်များအား နည်း အမျိုးမျိုးဖြင့် ဆွဲဆောင်၍ လိင် အလွဲ အသုံးချမှုများ ရှိနေပြီး လိင် အလွဲ အသုံးချ ခံရသည့် ဖြစ်စဉ် အချို့သည် အုပ်ထိန်းသူပေါ့လျော့ မှုနှင့် ညစ်ညမ်း ခွေများ အလွယ် တကူ ရရှိ နေခြင်းကြောင့်လည်းဘဲဖြစ်ပါတယ်။

မိန်းကလေးငယ်များအား နည်း အမျိုးမျိုးဖြင့်ဆွဲဆောင်၍ လိင် အလွဲ အသုံးချမှုများ ရှိနေသည်ဟု ဆိုရာတွင် ၁၄ နှစ်အောက် မိန်းကလေး အချို့အား မုန့်ကျွေး၍အဓမ္မ ပြုကျင့်သည့် ဖြစ်ရပ်နှင့် မိန်းကလေးငယ်အား သွေးဆောင် စည်းရုံး၍ပြည့်တန်ဆာ အဖြစ် ခိုင်းစေရန် ကြံရွယ်မှုတို့ ပါဝင် နေကြောင်း သိရှိ ရပါတယ်။ထို့ပြင် မိန်းကလေးငယ်အား သွေးဆောင်ခေါ်ယူ၍ ပြည့်တန်ဆာအဖြစ် ခိုင်းစေရန်ကြံရွယ်မှုတွေလည်း ရှိခဲ့ကြ ပါတယ်။အခုဟာက မိန်းမကောင်း လေးတွေ ကိုပါ စည်းရုံးပြီး ဘ၀ပျက်အောင် ကြံစည် လာကြတယ်။

ပြည့်တန်ဆာ လုပ်ဖို့ လူရောင်းတဲ့ ပုံစံပါ လုပ်လာတယ်၊ အဲဒီနေရာမှာ စိတ်ဓာတ်ခိုင်မာတဲ့ မိန်းကလေးတွေ ကတော့ အချိန်မီ ထိန်းသိမ်း နိုင်ပေမယ့် ဘ၀ အခက်အခဲတွေနဲ့ ရင်ဆိုင် ရတဲ့ မိန်းကလေးတွေ အတွက်တော့ ပန်းကောင်း အညွန့်ကျိုးဘ၀ရောက်ဖို့ ပိုလွယ် ကူပါတယ်၊ယခုအခါ မုဒိမ်းမှု ကျူးလွန် သူများသည် အရွယ်ရောက် အမျိုးသမီးများ သာမက အရွယ်မရောက် သေးသည့် အမျိုး သမီးငယ် များကိုပါ ကျူးလွန် ကြသည့် အပြင် ဆွေမျိုးအချင်းချင်း ကိုလည်း ကျူးလွန်လျက် ရှိကြောင်း၊ အရက် သေစာ သောက်စား မူးယစ်ပြီး အစိတ် အလို လိုက်မှု၊ အလို ရမ္မက် ထိန်းသိမ်း နိုင်ခြင်း မရှိမှု၊ ကာမရာဂကိုအသားပေးသော ဆင်ဆာမဲ့ ရုပ်ရှင်များ ကြည့်ရှု ရာမှ လွဲမှားသော အကျင့်ကိုထိန်းသိမ်းမှု မရှိဘဲ အားကျစိတ်ဖြင့် ကျူးလွန်မှု၊ မူးယစ်ထုံထိုင်း စေသည့်ဆေးဝါးများ အလွဲ သုံးစွဲမှု တို့ကြောင့် မုဒိမ်း မှုများ ဖြစ်ပွား ခဲ့ကြတာတွေလဲ ဖြစ်နေကြပါတယ်။

ကျေးရွာ ပြည်သူလူထု အနေနဲ့ မြန်မာ စစ်တပ်ရဲ့ လူမဆန်စွာ ပြုကျင့်ခံရပုံတွေကို အမျိုးမျိုး အဖုံဖုံ တွေ့မြင်ကြားသိနေရပါတယ်။ တိုင်းရင်းသူလေးများအား စော်ကားဖျက်ဆီးကြတဲ့အထိ အတင့်ရဲ ကြတာမျိုးတွေလည်း ကြားသိ နေရပါတယ် တိုင်းရင်းသူတွေ အရိုးခံဖေါ်ရွေမှု၊ ပွင့်လင်းမှု အပေါ် အခွင့်အရေးယူပြီး လက်နက်ကိုင် ဗိုလ်ကျ အနိုင်ကျင့်တာ ကြောက်ရွံ့ပြီး နင်းနှိပ်ပေးရတဲ့အတွက် “ပန်းကောင်း အညွှန့်ကျိုး” ရတဲ့ ငယ်ရွယ်လွန်းသူ တိုင်းရင်းသူလေးတွေရဲ့အဖြစ်ကိုလည်း ဂရုဏာ သနားမိပါတယ်။ ဒီလို စပယ်ဖြူကလေးတွေ ဘယ်လောက်တောင်များ စစ်အာဏာရှင် စနစ်ဆိုးအောက်မှာ နစ်မွန်းခဲ့ပြီလဲ။

အခုနောက်ပိုင်းမှာ ညစ်ညမ်း ခွေတွေက ကျယ်ကျယ် ပြန့်ပြန့် ရောင်းချ နေတာကိုတွေ့ရပြီး အလွယ် တကူ ၀ယ်ယူ ရရှိနေတာ တွေ့ရ ပါတယ်။ ကမ္ဘာကြီးပျက်ဖို့ အစပြုတာဟာ ဝိသမလောဘနဲ့ မိစ္ဆာရာဂတွေပါ။ ဗုဒ္ဓသည် နှိမ်ခြင်း ခွဲခြားခြင်းမရှိ တစ်ခွန်းတည်းသော ပြောင်းလဲစရာမလိုသော ထာဝရမှန်ကန်သော စကားကိုသာ ဟောကြားခဲ့ပါတယ်။ ဝိသမလောဘနဲ့ မိစ္ဆာရာဂ အဓမ္မရာဂ အကုသိုလ်အလုပ်များကြောင့် လူတွေဟာသက်တမ်းကျလာပါတယ်။ သမာအာဇီဝ မဟုတ်တဲ့ မမှန်မကန် မတရားသောနည်းလမ်းများနဲ့အသက်မွေးဝမ်းကြောင်းခြင်းကိုလည်း ရှောင်ကျဉ်သင့်ကြပါတယ်။မိမိတို့ မြန်မာအမျိုးကောင်းသမီးများကို စောင့်ရှောက်ခြင်း၊ မြန်မာအမျိုးသမီးများကလည်း အမျိုးကောင်းသမီး ပီသအောင် မိမိတို့ကိုယ်ကို သတိနဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်းများ ပြုသင့်ပါတယ်။

ဒါကြောင့် မိဘတွေအနေနဲ့ အရွယ် မရောက် သေးတဲ့ မိမိတို့ ကလေးငယ် တွေကို ဂရုစိုက် စောင့်ရှောက်သင့်ပါတယ်။ အုပ်ထိန်း သူတွေ ဘက်ကလည်းမိမိတို့ရဲ့ ကလေးငယ် တွေကို အဲဒီလို အဖြစ်မျိုးနဲ့ မကြုံရဖို့ ပညာပေး မှုတွေ၊ဂရုစိုက် စောင့်ရှောက် မှုတွေ ပြုလုပ် သင့်ပါတယ်။ မြန်မာတိုင်းရင်းသူ အမျိုးကောင်းသမီးများ သိက္ခာရှိရှိနဲ့ သမာအာဇီဝ အလုပ်အကိုင် ကောင်းမွန်စွာ လုပ်ကိုင်စားသောက်နိုင်ရေးအတွက်သာ နိုင်ငံတော်အနေနဲ့ အမြန်ဆုံး အလုပ်အကိုင် အခွင့်အလမ်းတွေကို အာမခံချက်ရှိရှိ နဲ့ ဆောင်ရွက်ပေးသင့် ပါတယ်။ ရာဂမှာမျက်စိမရှိသူတွေကတော့ ဘယ်လိုပဲပညာပေးပေး ဂရုမစိုက်ပါဘူး။ ဆင်းရဲတဲ့နိုင်ငံတွေက အမျိုးသမီးတွေ တော်တော်များများဟာ လူကုန်ကူးခံရပြီး အရောင်းစားခံရကာ ဘဝပျက်ကြရတာတောင် မကြာခဏ ကြားကြရမှာပါ။စားဝတ်နေရေး ကြပ်တည်းလွန်းတဲ့အတွက် မြန်မာအမျိုးကောင်းသမီးများကို လမ်းမလွဲစေသင့်ပါဘူး။

ဇော်ဝမ်းမောင်

No comments:

Post a Comment