Saturday 11 May 2013

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ အစီအစဉ်


တောင်ကိုရီးယား နိုင်ငံရောက် ပြည်ထောင်စု မြန်မာနိုင်ငံဖွား
သွေးရင်းသားရင်း ညီအကို မောင်နှမ အပေါင်းတို့

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသော
(၈၈-မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း) မှ ကိုမင်းကိုနိုင်၊ကိုကိုကြီး၊ကိုဂျင်မီ၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးမှ ဥက္ကဌ ကိုသံခဲ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီမှ ဥက္ကဌ ကိုအောင်မိုးဇော် တို့နှင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံ ဆွေးနွေးပွဲ အစီအစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ ရုံးခမ်းမဆောင်တွင် အောက်ဖော်ပြပါ အစီအစဉ်များအတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် တောင်ကိုရီးယားနိုင်ငံရောက် ပြည်ထောင်စု မြန်မာနိုင်ငံဖွား သွေးရင်းသားရင်း ညီအကို မောင်နှမ အပေါင်းတို့ အနေဖြင့် မပျက်မကွက် ကြွရောက်ကြပါရန် လေးစားစွာဖြင့် အသိပေးဖိတ်ကြားအပ်ပါသည် ။    ။
အပိုင်း(၁)
၂၀၁၃ ခုနှစ် မေလ ၁၈ ရက် စနေနေ့၊ည ၈နာရီ မှ ည ၁၀ နာရီ ၃၀ မိနစ် အချိန်အထိ။
(ကိုမင်းကိုနိုင် နှင့် ကိုကိုကြီး တို့မှ အဓိက ဦးဆောင် ဆွေးနွေးမည်)
အပိုင်း(၂)
၂၀၁၃ ခုနှစ် မေလ ၁၉ ရက် တနင်္ဂနွေနေ့၊မွန်းလွဲ ၁ နာရီ မှ ညနေ ၄ နာရီ အချိန်အထိ။
(ကိုဂျင်မီ၊ကိုသံခဲ နှင့် ကိုအောင်မိုးဇော် တို့မှ အဓိက ဆွေးနွေးမည်)

မူရင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ ၊ ကိုရီးယားဌာနခွဲ
သတင်းနှင့်ပြန်ကြားရေး

ကိုထွန်းဝေ 
ပြန်လည်ဝေငှပါတယ်။

No comments:

Post a Comment