Sunday 19 May 2013

ညှင်းပင်းနှိပ်စက်ခံရသူများအားကုစားရေးဆိုင်ရာ ဆွေးနွေးပွဲ


18 May 2013
Gwangju Metropolitan City ၌ကျင်းပသော အာရှ၊ဥရောပဒေသ ညှင်းပင်းနှိပ်စက်ခံရသူများအားကုစားရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်နှင့်ကိုဂျင်မီ တက်ရောက်
 
၂၀၁၃ ခုနှစ် မေလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ Gwangju Metropolitan City ၌ကျင်းပသော အာရှ၊ဥရောပဒေသ ညှင်းပင်းနှိပ်စက်ခံရသူများအားကုစားရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်နှင့်ကိုဂျင်မီ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံအတွင်း၌ ဖြစ်ပေါ်နေသော အခြေ အနေများနှင့် လိုအပ်ချက်များကို အာရှ ဥရောပမှ တက်ရောက်လာသော ကိုယ်စား လှယ်များနှင့် အလေးအနက် ဆွေးနွေးခဲ့ကြသည်။
 
ထို့နောက် မင်းကိုနိုင်နှင့်ကိုဂျင်မီတို့သည် ကွမ်းဂျူးလူ့အခွင့်အရေးဆု ချီးမြှင့်သော ( May 18 Memorial Foundation ) အဖွဲ့မှ တည်ခင်းဧည့်ခံသည့် နေ့လည်စာ စားပွဲသို့ တက်ရောက်ခဲ့ကြသည်။ ထိုဧည့်ခံပွဲသို့ မြန်မာနိုင်ငံမှမင်းကိုနိုင်နှင့်အတူ ကွမ်ဂျူးလူ့အခွင့်အရေး ဆုရှင်များဖြစ်သည့် အင်ဒိုနီးရှား၊ အိန္ဒိယ၊ အာဂျင်တီးနား မှပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြသည်။
 

 
 

No comments:

Post a Comment