Tuesday 7 May 2013

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း နှင့် တအာင်း ပလောင် လူငယ်များနှင့် တွေ့ဆုံပွဲ



07 May 2013

 ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လားရှိုးမြို့သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသည် ယနေ့ မေလ၊ ၆ ရက် (တနင်းလာနေ့)နံနက် ၉း ၀၀ နာရီက နမ့်စမ်ကျေးရွာသို့ သွားရောက်ခဲ့ကြပြီး နမ့်စမ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွင် ဒေသခံ တိုင်းရင်းသားများဖြစ်ကြသည့် တအာင်း ပလောင်လူငယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 
 
ထိုသို့ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံကြရာတွင် မင်းကိုနိုင်၊ မင်းဇေယျ၊ ကိုကိုကြီး တို့က တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ဒေသခံတိုင်းရင်းသားများ၏ ပြန်လည်မေးမြန်းချက်များထဲမှ ပညာရေးဆိုင်ရာ မေးမြန်းချက်ကို ရဲဝင်း က လည်းကောင်း၊ ကျန်းမာရေးဆိုင်ရာ မေးမြန်းချက်ကို မမာမာဦး က လည်းကောင်း၊ သိမ်းပိုက်ခံရသော လယ်မြေများကိစ္စနှင့် ပတ်သက်သောမေးမြန်းချက်ကို မျိုးသန့် က လည်းကောင်း ပြန်လည် ဆွေးနွေးဖြေကြားသွားခဲ့သည်။
 
  ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း နှင့် တအာင်း ပလောင် လူငယ်များ တွေ့ဆုံပွဲကို နံနက် ၁၁း ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြပြီး ၈၈မျိုးဆက်တို့က နမ့်စမ်ကျေးရွာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းအတွက် အလှူငွေ ကျပ် ငါးသောင်း နှင့် တအာင်းလူငယ်အကအဖွဲ့အား ကျပ်ငွေ ငါးသောင်း ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် ဒေသခံ တအာင်း ပလောင် တိုင်းရင်းသားလူငယ်များက ရိုးရာအဆိုအကများနှင့် ပြန်လည် ဧည့်ခံခဲ့ကြသည်။
 

No comments:

Post a Comment