မြန်မာနိုင်ငံနှင့်စီးပွားရေး လုပ်ငန်းတွေ ပိုမိုပုးပေါင်းဆောင်ရွက်ရန်နှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုင်ငန်းစဉ်မှာ ကူညီဖို့ အတွက်၈ျပန်နိုင်ငံဝန်ကြီးချူပ်ရှင်ဇိုအာဘေးသည် မနေ့က မြန်မာနိုင်ငံကိုလာရောက်ခဲ့ ပါသညိ။
ထိုကဲ့ သို့ လာရောက်ခြင်းမှာ နှစ်ပေါင်း ၃၆နှစ်အတွင်းဂျပန်ဝန်ကြီးချုပ်တဦး၏ ပထမဆုံးခရီးစဉ်လည်းဖြစ်၏
လွတ်လပ်ရေးရပြီးစအချိန်မှာ မြန်မာနှင့်ဂျပန်ဆကိဆံရေးက အထိုက်အလျောက်နွေးထွေးခဲ့ ပြီး မြန်မာနိုင်ငံ၏ အရင်းနှီးဆုံးနိုင်ငံများတွင် ပါဝင်ခဲ့ သည်။စစ်အတွင်းက မြန်မာနိုင်ငံကိုချွေးတပ်ဆွဲမှအပြင် တခြားဖိနှိပ်မှူများစသည့် အတိတ်ဖြစ်ရပ်များကြောင့် ဂျပန်ကမြန်မာကိုအမြဲတမ်း နွေးထွေးစွာဆက်ဆံခဲ့ သည်။
ဂျပန်နိုင်ငံ ၀န်ကြီးချူပ်ဖြစ်သူ Shinzo Abe အနေနဲ့  မြန်မာနိုင်ငံကို ၃ ရက်တာ ခရီးစဉ်အဖြစ်ရောက်ရှိနေချိန်မှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလတုန်းက ပစ်သတ်ခံခဲ့ရတဲ့ ဂျပန်သတင်းထောက် Kenji Nagai ကိစ္စအတွက် ဦးစားပေးဆောင်ရွက်သင့်တယ်။
သို့ သော်လည်းစစ်အစိုးရလက်ထက် လူ့ အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံကို အနောက်နိုင်ငံများကရှောင်ခွာချိန်မှာ ၈ျပန်နိုင်ငံကလည်း ဆက်ဆံရေးအေးစက်လာခဲ့ သည်။ ၂၀၀၇ခုနှစ်သံဃာအရေးအခင်းမှာ ဂျပန်သတင်းထောက် Kenji Nagai သေဆုံးခဲ့ သည့်နောက်တွင်တော့ ၈ျပန်နိုင်ငံက မြန်မာအပေါ်ဆက်ဆံရေးကား ပိုအေးစက်သွားတော့၏
အနောက်နိုင်ငံတွေလို စီးပွားရေးပိတ်ဆို့ မှများမလုပ်ခဲ့သော်လည်း ယခင်လိုအကူအညီတွေအမြောက်အများပေးတာကို ဂျပနိနိုင်ငံက ရပ်ဆိုင်းခဲ့သည်။ ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ ကတဆင့်ပေးသောအကူအညီများနှင့်တခြားလူသားချင်းစာနာထောက်ထားသည့် အကူအညီများမှအပ ကျန်သောအကူအညီတွေ ရပ်ဆိုင်းပြီး စီးပွားရေးမှာလည်း တရင်းတနှီးပူးပေါင်းဆောင်ရွှက်မှုတွေမရှိတော့ချေ။ ယခင်ရှိပြီးသားလုပ်ငန်းအသေးစားများကိုသာ မိတ်မပျက်အောင် လုပ်ကိုင်နေတာသာရှိတော့သည်။
ယခုအချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့်အတူ မြန်မာနိုင်ငံ၏ ငယ်ချစ်ဟုခေါ်ဆိုနိုင်မညိ့  ဂျပန်နိုင်ငံကား ခြင်္သေ့ လည်ပြန် တခါပြန်ဝင်ရောက်လာခဲ့ ပါပြီ။
ယခုမှပြန်လည်နွေးထွေးလာသည်ဆိုသော် လည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအတွက်ပြောစမှတ်ြ့ပုလောက်သော တုံပြန်မှုကြီးကို ဂျပန်အစိုးရက ရက်ရက်ရောရော ပေးအပ်ခဲ့ ၏မြန်မာနိုင် ငံက ဂျပန်နိုင်ငံအပေါ် တင်ရှိနေသောကြွေးမြီဒေါ်လာသန်း ၃.၆ သန်းကို လျှော်ပေးခဲ့ ပြီး အာရှဖွံဖြိုးရေးဘဏ်နှင့် ကမ္ဘာဘဏ်တို့ မြန်မာကို ကြွေးသစ်ထုတ်ချေးရန်ဒေါ်လာတစ်ဘီလီယံကိုလည်း ကူညီ။ ပေးခြင်းပင်ဖြစ်သည်။ နောက်ထပ်လည်း အမေရိကန် ဒေါ်လာ သန်း၂၀၀ခန့် အကူအညီပေးဖို့ လည်း ကမ်းလှမ်းထားသေးသည်။
ထိုကဲ့ သို့ ၈ျပန်နိုင်ငံက ကူညီမှုကြောင့် အာရှဖွံဖြိုးရေးဘဏ်နှင့်ကမ္ဘာဘဏ်တို့ ကား မြန်မာနိုင်ငံအပေါ် နောက်ထပ်ချေးငွေများ ဆက်ထုတ်ပေးသွားနိုင်သညိ။
တချိန်တည်းမှာပင် ကမ္ဘာအလယ်မှာ မျက်နှာပွင့်လာသော ငယ်ချစ်မြန်မာနိုင်ငံမှာ တခြားနိုင်ငံများနည်းတူစီးပွားရေးလုပ်ဖို့ 
၈ျပန်နိုင်ငံက အားသွန်ခွန်စိုက်ကြိုးပမ်းလာရသည်။
မြန်မာနိုင်ငံမှာစီးပွားရေးလုပ်ရန်အလျင်လိုနေသောဂျပန်ကုမ္ပဏီများက၈ျပန်အစိုးရကို မြန်မာနိုင်ငံနှင့်စီးပွားရေးပူးပေါင်းမှုတွှေအရှိန်အဟုန်မြင့်ဖို့ တိုက်တွန်းနေသကဲ့ သို့ ဂျပန်စီးပွားရေးအဖွဲ့ ချုပ် (Keidanren) ကိုယ်စားလှယ်များလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှများ တိုးမြှင့်ဖို့  မကြာခင်ကလာရောက်လေ့လာခဲ့ကြသေးသည်။
မေလမှာမြန်မာကိုလာရောက်မည့် ဂျပန်အစိုးရ ၀န်ကြီးချူပ်အသစ်ရှင်ဆိုအာဘေး စိတ်ဝင်စားမှုအရှိဆုံးမှာ ရန်ကုန်မြို့က တနာရီခန့် ကားမောင်းသွားရသည့် အကွာအဝေးတွင်တည်ရှိသည့် အသက်မ၀င်ဖြစ်နေသော သီလ၀ါဆိပ်ကမ်းစီမံကိန်းဖြစ်သည်။
အဆိုပါစီမံကိန်းမှာ ဂျပန်ကုမ္ပဏီများအတွက်ဆောင်ရွက်ထားသောစီမံကိန်းဖြစ် ပြီး ဆိပ်ကမ်းတခုအဖြစ်သာမက ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ အတွက်အထူးစီးပွားရေးဇုန်လည်း ပါဝင်၏
ထီုစီမံကိန်းကို ဂျပန်နိုင်ငံက မည်သို့ ရရှိခဲ့သလဲဆိုတာကလည်းစိတ်ဝင်စားစရာကောင်းသည်။
အနောက်နိုင်ငံမီဒီယာသတင်းများအရ ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင်တိုကျိုမြို့မှာ မြန်မာဂျပန်အသင်း ဥက္ကဋ္ဌ၀န်ကြီးချုပ်ဟောင်း ၀ါတာနာဘေး နှင့်အတူ ညစာစားနေစဉ် မြန်မာသမ္မတဦးသိန်းစိန်ကမြေပုံတခုကို ဆွဲထုတ်ခဲ့ပြီး ၂၄၀၀ ဧကအကျယိရှိ့ သီလ၀ါဝန်းကျင် ဧရိယာကို ပြသခဲ့ ကာ ဂျပန်ကုမ္ပဏီများကို ထိုစံင်္မကိန်းမှာ လာလုပ်စေချင်ကြောင်းဝါတာနာဘေးကို ကမ်းလှမ်းခဲ့ကြောင်းသိရသည်။
၂၀၁၂ စက်တင်ဘာလတွင်မှု အစိုးရအေဂျင်စီများနှင့်အတူ မီဆုဘု၇ှီ။ ဆူမစ်တိုမို၊ မာရူဘန်နီအပါအ၀င် ဂျပန်စီးပွားရေးလုပ်ငန်များက အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံတန်ဖိုးရှိသီလ၀ါဆိပ်ကမ်း စီမံကိန်းကိုကျေညာခဲ့ သည်။ထို့ အပြင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံတွင် အဓိကဆောင်ရွက်နေသော ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင်လည်း ဂျပန်နိုင်ငံက ဒေါ်လာ၃ ဘီလီယံ ရင်းနှီးမြုပ်နံရန်လည်းပါဝင်သည်။
ဒိုင်ဝါ အုပ်စုနှင့်တိုကျိုစတော့ဈေးကွက်များကလည်း မြန်မာနိုင်ငံမှာ ၂၀၁၅ခုနှစ်မှာစတော့ဈေးကွက်တည်ဆောက်ဖို့ ပြင်ဆင်နေကြသည်။
ထို့ အတူ တောင်တရုတ်ပင်လယ်က ရေပြင်ပိုင်နက်ပြသာနာနှင့်ပတ်သတ်ပြီး ၈ျပနိနိုင်ငံက တရုတ်နိုင်ငံအပေါ်မကျေနပ်မှုများကြီးထွားလာနေသည်၈ျပန်နိုင်ငံအတွကိ အာရှဒေသမှာ တရုတ်နိုင်ငံသြဇာကြီးထွားလာမှုကို ကာကွယ်ဖို့ လည်းလိုအပ်နေပါသည်။
၈ျပန်နှင့်မြန်မာ ခပ်စိမ်းစိမ်းဖြစ်နေကြသောကာလများတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် ဆက်ဆံရေးပိုကောင်းလာခဲ့ ပြီး စီးပွားရေးစီမံကိန်းအတော်များများမှာထဲထဲဝင်ဝင် ဆောင်ရွက်ခွင့်ရထားသည်။ လက်ရှိအခြေအနေတွင်လည်း မြန်မာနိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်နေသည်။
ဂျပန်နိုင်ငံကား မြန်မာနိုင်ငံ၏ (၁၁ )ဦးမြောက်အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဆင့်သာရှိနေသေး၏ တရုတ်နှင့်ယှဉ်လျှင်နောက်ကျပြီလို့ ပြောလို့ ရသည်။
သို့ သော်လည်း
ဂျပန်နိုင်ငံကားသိပ်မစိုးရိမ်ပါချေ ။
ယခင်နွေးထွေးပြီးသားနှစ်နိုင်ငံသံယောဇဉ် ။စီးပွားရေးနှင့် ပတ်သတ်လာလျှင် အရည်အချင်းနှင့် နာမည်ပျက်ပါမရှိသား ဂျပန်နိုင်ငံ၏ အရှိန်အ၀ါကို သုံးပြီး နှစ်ပေါင်းများစွာ အေးစက်ခဲ့သော ငယ်ချစ် မြန်မာနိုင်ငံဆီသို့  ခြင်္သေ့လည်ပြန် ပြန်လှည့်လာခဲ့ ပြီဖြစ်လေသည်။
ထားထားမြင့်(7 day news journal)
Japan Times သတင်းစာပါ ဆောင်းပါးများနှင့်အေပီသတင်းများမှကိန်းဂဏန်းအချက်အလက်များကို အခြေခံရေးသားထားပါသည်။
ကိုထွန်းဝေ
ပြန်လည်ဝေငှပါတယ်။
25.5.2013

No comments:
Post a Comment