Sunday, 19 May 2013

ဦးသိန်းစိန်အမေရိကခရီးစဉ်မှာဆွေးနွေးဖွယ်ရာရှိတဲ့ ထင်မြင်ယူဆချက်



ဦးသိန်းစိန် အမေရိကသွားတာ ရန်ကုန်လေဆိပ်ကို အဆင့်မြှင့်ဖို့နဲ့ operate လုပ်ဖို့ ဒေါ်လာသန်းတစ်ထောင်တန်ဖိုးရှိမယ့် နှစ်သုံးဆယ်စာခ contract အတွက် ညှိနှိုင်းဖို့လည်းပါတယ်လို့ The Financial Timesအရ သိရတယ်။ လေဆိပ်ကို လောလောဆယ်တော့Asia World Group နဲ့ပူးပေါင်းထားတဲ့ Pioneer Aerodrome Service က operate လုပ်နေတယ်ဆိုပဲ။ ဒေါ်လာသန်းတစ်ထောင်တန် နှစ်သုံးဆယ်စာ အဆင့်မြှင့်ဖို့နဲ့ operate လုပ်ဖို့ လေလံပစ်ရာမှာconsortium အများအပြား အပြိုင်အဆိုင် လေလံဆွဲကြပြီး အမေရိကန်၊ တရုတ်၊ စင်္ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား အစရှိတဲ့နိုင်ငံများမှ ပါဝင်ကြောင်းသိရပါတယ်။
U.S consortium မှာ Boeing, McKinsey အစရှိသည်တို့နဲ့ Kurt Campbell ဦးဆောင်တဲ့ The Asia Group တို့ပါဝင်ကြောင်း သိရပါတယ်။ ဒီလေလံပွဲမှာ U.S consortiumအနေနဲ့ လုပ်ချင်တယ်ဆိုရင် targeted sanction မှာစာရင်းပါတဲ့ မြန်မာစစ်ဗိုလ်ဟောင်းအချို့နဲ့ တစ်ချိန်က ဟီးရိုးအင်းဘုရင်ဖြစ်ခဲ့တဲ့ လော်စစ်ဟန်ဖွဲ့စည်းခဲ့ပြီး လောလောဆယ်မှာ သူ့သားဖြစ်သူ Steven Law ဦးဆောင်နေတဲ့ Asia World ကုမ္ပဏီတို့နဲ့ မဖြစ်မနေပူးပေါင်းလုပ်ရမယ့် အခြေအနေမှာ ရှိနေဟန်တူပါတယ်။ ဒါကြောင့် ဦးသိန်းစိန်အနေနဲ့ ဒီကိစ္စတွေညှိနှိုင်းဖို့ အမေရိကကိုသွားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Asia Worldအနေနဲ့ လက်ရှိ Pioneer နဲ့ China Harbour Engineering တို့ကိုပစ်ပယ်ပြီး U.S နဲ့ပူးပေါင်းဖို့စဉ်းစားတာဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကြည့်ရတာ ယခင်မြစ်ဆုံဆည်ကိစ္စမှာ သင်ခန်းစာရသွားဟန်တူပါတယ်။ စစ်ဗိုလ်ဟောင်းတစ်ချို့လို့ အသံထွက်လာတာကို ကြည့်ခြင်းအားဖြင့် ဒီလေလံပွဲမှာ MEC တို့၊ UMEHLတို့နဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်မှုရှိပုံရမယ်လို့ ယူဆရပါတယ်။

ဦးသိန်းစိန်ရဲ့ အမေရိကခရီးစဉ်နဲ့ပတ်သက်ပြီး သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက Arab Springနဲ့နှိုင်းပြီး Myanmar Spring ဖြစ်မယ်ဆိုပဲ။ ဒီလိုအသုံးအနှုံးမျိုးကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခင်က သုံးခဲ့ဖူးပါတယ်။ သို့ပေမယ့် Tunisia အရေးနဲ့ ၁၉၈၈ အရေးအခင်းကို နှိုင်းယှဉ်ပြီးပြောတာပါ။ တူတဲ့အချက်က အောက်ခြေကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာ ပျံ့နှံ့သွားတာဖြစ်ပြီး မတူတာကတော့ တူနီးစီးယားစစ်တပ်က လူတွေကိုမပစ်ဘဲ၊ မြန်မာစစ်တပ်က လက်နက်နဲ့ အကြမ်းဖက်ဖြိုခွင်းခဲ့တာပါ။

အခုဦးသိန်းစိန်အစိုးရရဲ့ ပြောင်းလဲမှုတွေကတော့ bottom-up မဟုတ်ဘဲ top-down ပုံစံဖြစ်နေလို့ Arab Spring နဲ့သိပ်မတူဘူးလို့ Prof. Steinberg တစ်ခါက ပြောခဲ့ဖူးပါတယ်။ သို့ပေမယ့် Arab Spring ရဲ့ရိုက်ခတ်မှုရှိပြီး ဒီဖြစ်စဉ်ကိုကြောက်လို့ အကျမနာအောင် ဖြည်းဖြည်းချင်းမျှင်းပေးနေတာလို့ ဆိုပါတယ်။ သူ့စာအရ ဒီမိုကရေစီ စစ်စစ်မရပေမယ့် ပြည်သူတို့မှာ စားဝတ်နေရေး ချောင်လည်မယ်ဆိုရင် လက်ခံနိုင်လိမယ့်မယ်လို့ ဆိုလိုချင်ပုံရပါတယ်။ လက်ရှိအခြေအနေအရ စစ်တပ်အနေနဲ့ စီးပွားရေးနဲ့လူမှုရေးကဏ္ဍအချို့ကို လွတ်လပ်ခွင့်အနည်းငယ်ပေးပြီး ပြည်သူအများစု ချောင်လည်လာအောင်လုပ်ပေးမယ်၊ သို့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် သမ္မဖြစ်လာသည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ လုပ်ပိုင်ခွင့်အချို့ကိုတော့ ဆက်လက်ချုပ်ကိုင်ထားဦးမယ်လို့ ယူဆမှုတွေရှိနေပါတယ်။ NLD အနေနဲ့လည်း ပါတီတွင်းဦးဆောင်မှုနဲ့ အုပ်ချုပ်မှုကဏ္ဍတွေမှာ အားနည်းချက်တွေရှိနေသေးကြောင်း သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဘယ်သူတွေ ဘယ်အချိုးချိုးကြမလဲဆိုတာ ဒီ ၂ နှစ်တော့ စောင့်ကြည့်ဖို့လိုပါသေးတယ်။ လောလောဆယ်တော့ အမေရိကန်ကုန်သည်တစ်ဦး ခန့်မှန်းထားသလို ဦးသိန်းစိန်အမေရိကသွားလို့ duty-free access ရလာခဲ့ရင် နှစ်ဦးနှစ်ဘက် အကျိုးများနိုင်လိမ့်မယ်လို့ ယူဆရပါကြောင်း ...။

ခင်မင်စွာဖြင့်

မောင်သစ်စိမ်း

No comments:

Post a Comment