Thursday 16 May 2013

သမ္မတ အဖြစ် မြင်လိုတယ်လို့ ကော့မှုးဒေသခံတွေက အမေစု အားပြောကြား (ရုပ်သံ)


၂၀၁၅ ခုနှစ်မှာ သမ္မတ အဖြစ် အောင်ပွဲခံမြင်လိုတယ်လို့ ကော့မှုးဒေသခံတွေက အမေစု နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်... ဒေသခံတွေရဲ့ ယင်းကဲ့သို့ တောင်းဆိုဆန္ဒပြုမှုအပေါ် """ ပေးတဲ့ဆုနဲ့ ပြည့်လိုတယ်""" အမေစု က ပြန်လည် ဖြေကြားခဲ့ပါတယ်... ))) (ရိုက်ကူး တည်းဖြတ် - မောပြေ (ခ) ခွန်ခေါင်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌကြီး ဒေါ်အောင်ဆန်းစုကြည် ဟာ သူမရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှုးမြို့နယ်သို့ ဒီကနေ့ သွားရောက်ပါတယ်... ကော့မှုးမြို့နယ်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ရုံး သို့ ပထမဆုံးဝင်ရောက်ပြီး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးနောက် မြို့နယ်စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးးးပါတယ်... အမေစု ကြီးမှုးတဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက လှုဒါန်းတဲ့ ကော့မှုးမြို့နယ်၊ လက်ခိုက်ကျေးရွာ မူလတန်းလွန်ကျောင်းမှာ ကျောင်းဆောင်သစ်(ပရိဘောဂ အစုံအလင်) ၊ အိမ်သာ၊ မီးစက်၊ ရေတွင်း၊ ရေတုံကင်၊ အစရှိသည်တို့ ဆောက်လုပ်ပြီးစီးနေမှု့ကို ကြည့်ရှုပါတယ်... ထို့နောက် ကွမ်းခြံကုန်းမြို့သို့ သွားရောက်ပြီးးး ကျန်းမာရေးမကောင်းသည့် ကော့မှုးမြို့နယ် အဖွဲ့ချုပ် အမတ်(၁၉၉၀) ဦးဗဆွေ အား ကြည့်ရှုအားပေးပါတယ်... ကော့မှုးမြို့နယ် အဖွဲ့ချုပ်ရုံးသို့ ၀င်ရောက်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်တာတွေ လမ်းညွှန်ဆောင်ရွက်သလို၊ ဒေသတွင်းလမ်းပန်းဆက်သွယ်မှုတွေကိုလဲ ကိုယ်တိုင်ကြည့်ရှု ခဲ့ပါတယ်...

No comments:

Post a Comment