Tuesday 28 May 2013

၈၈-ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ နယူးယောက်တက္ကသိုလ်မှာ ပြောကြားသည့် ကမ္ဘာကျော်သော မိန့် ခွန်း





မေလ--၂၅-၂၀၁၃-ခုနှစ် က အမေရိကပြည်ထောင်စု နယူးယောက်မြို့ မှာ -၈၈-ကျောင်းသားခေါင်းဆောင် ကိုကိုကြီးဟာ ကမ္ဘာကျော်သောမိန့် ခွန်းအဖြစ် အခုလို နယူးယောက်တက္ကသိုလ်ခန်းမမှာ ပြောဆိုခဲ့ တယ် ။ နယူးယောက်မြို့ နေ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကိုမောင်မောင်ကျော်က မြန်မာနိုင်ငံမှာ ကောလဟာလတွေ တကယ်ဖြစ်ပေါ်လာရာကနေပြီး တကယ်ဖြစ်သွားတာမျိုးတွေ ရှိလာတတ်တာမို့ -OIC- အဖွဲ့ ကနေပြီး မြန်မာနိုင်ငံနဲ့  ဖြစ်လာနေတဲ့  ပြသနာတွေမှာ ဖိအားပေးလာတာမျိုး ရှိလာနေတာနဲ့  ပါတ်သက်လို့  -၈၈-ကျောင်းသားခေါင်းဆောင်များ အနေနဲ့  ဘယ်လိုထင်မြင်ယူဆထားပါသလဲ ဆိုတဲ့  မေးခွန်းကို မေးမြန်းခွင့်ရရှိခဲ့ ပါတယ် ။

၈၈-ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့  ကမ္ဘာကျော်သောမိန့် ခွန်းကို တင်ဆက်ပေးလိုက်ပါတယ် --

သမိုင်းမှာ တချိန်က ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံလေးတခုက ဘယ်သူ့ လက်အောက် မှ မရောက်ခဲ့ ဘူး။ သံတမန်ရေးကျွမ်းကျင်တယ် ။ဒါ့ကြောင့်မို့ လို့  ဒါပြင်သစ်နဲ့  အင်္ဂလိပ်ကိုလိုနီတွေကြားထဲ -Double-လုပ်ခဲ့ တာကို ဘုရင်ခေတ် တခေတ်အဖြစ် ပြောကြတာရှိတယ် ။ -ကျွန်တော်တို့  ဘိုးဘွားတွေ ပြန်ပြီးတော့ကြည့်ရင် လက်နက်ချင်းမမျှတတာ နေ-တိုက်ရင် ရှုံးမယ်ဆိုတာသိတယ်။ ဒါပေမဲ့ လွပ်လွပ်ရေးကို အဆုံးရှုံးခံပြီးတော့ ကျွန်တော်တို့ ရဲ့  အမျိုးသားရေးစိတ်ဓါတ် မျိုးချစ်စိတ်ဓါတ်ကို ထိမ်းသိမ်းခဲ့ တယ် ။ အဲဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ထူးခြားတဲ့ မှတ်တိုင်တခု။ နောက်တခုက ဥပမအားဖြင့် ကျွန်တော်တို့ ရဲ အမျိုးသားဝတ်စုံကြည့်ရင် ဒါက ယေဘူယျအားဖြင့် ပြောရရင် တရုပ်အငွေ့အသက်- ဒီဟာက အိန္ဒိယအငွေ့ အသက်ပါ။ ဒါပေမဲ့  အဲဒါကို ကျွန်တော်တို့  ဘယ်လိုဘယ်လိုဖြစ်အောင် -Advertise -ကျွန်တော်တို့ ရဲ့ မြန်မာပုံစံဖြစ်အောင် လုပ်ခဲ့ ကြတယ်။ ယိုးဒယားသီချင်းတွေ-ကန်တော့ခန်းတွေ ဆိုလိုတာက ဟိုမြန်မာမူပြု မြန်မာလူ့ အဖွဲ့ အစည်းရဲ့  မြန်မာ့သရုပ်အဖြစ်နဲ့ လုပ်လိုက်တဲ့ အခါ အဲဒါထူးခြားတယ်။ အဲဒါကိုနားလည်လာရင် ကျန်တဲ့ ဟာကို လုပ်လို့ ရမယ်။ အဲဒီတော့ ခုနကပြောတဲ့  ကိစ္စမှာလဲ ကျွန်တော်ကိုယ်တိုင် ရခိုင်စုံစမ်းရေးကော်မရှင်မှာ ပါတယ်။ ဆိုတော့ ဖြစ်နေတဲ့  အဖြစ်အပျက်တွေကို ကျွန်တော်တို့  အရှိအတိုင်းဘဲ ကျွန်တော်တို့  နားလည်ဖို့  ကြိုးစားပါတယ် ။ ကြိုးစားပေမဲ့  အင်မတန်အန္တရယ်ကြီးမားတဲ့ ကိစ္စတခုကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ထောက်ပြတယ်။ ဒီလူမျိုးပြသနာဟာလဲ ဘာသာရေးနှစ်ခုကို ရောထွေးပြီး မချဉ်းကပ်ဖို့ -အဲဒါသိပ်အန္တရယ်သိပ်ကြီးတယ် ။

Race-နဲ့  Religion နဲ့  ကိုသိဖို့ လိုတယ်။နှစ်ခုစလုံးကို သွားမရောနဲ့ -သိပ်အန္တရယ်ကြီးတယ် ။နောက်တခုက ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့  ပြသနာတွေကို ကျွန်တော်တို့ ဟာ ကျွန်တော်တို့  ကျော်လွှားနိုင်တဲ့ ခွန်အားရှိတယ်ဆိုတဲ့  ယုံကြည်ချက်ကို အားမွေးရမယ်။ ကျွန်တော်တို့ မှာ ကျော်လွှားနိုင်တဲ့  ခွန်အားတွေရှိတယ် ။ ကျွန်တော်တို့  ဒီကိစ္စမှာ ဘာသာရေးပုံစံနဲ့  ပါတ်သက်လာတာကို ကျွန်တော်လုံးဝ လက်မခံဘူး ။( လက်ခုပ်သံများ ) ။

ကျွန်တော်တို့  ရအောင်ကျော်လွှားသွားမယ် ။ ကျွန်တော်တို့  အစီရင်ခံစာမှာလဲ တစ်အချက်-လူ့ အခွင့်အရေးရှုထောင့်ကနေပြီးတော့ ဒုက္ခရောက်နေတဲ့  လူ -ဒုက္ခရောက်နေတဲ့ သူများအားလုံးကို အကူအညီပေးဖို့ အတွက်ကို ကျွန်တော်တို့ ဦးစားပေး ကြိုးစားမယ်။ အထူးသဖြင့် မိုးမကျခင်မှာ ----- Medication-အတွက် အဲဒါဒုက္ခရောက်နေသူများအတွက် လူမျိုးဘာသာမရွေး ကူညီပေးဖို့ ကျွန်တော်တို့  ကြိုးစားမယ်။ ဒါဟာအစီရင်ခံစာရဲ့  နံပါတ်တစ်အချက်ဖြစ်တယ် ။

နောက်ကျန်တဲ့ အပိုင်းက နိုင်ငံသားဖြစ်မှုနဲ့  ပါတ်သက်လို့  ကျွန်တော်တို့  စီစစ်ရမယ် ။ ဆိုတော့ ဒီမှာတွေ့ တာက ကျွန်တော်တို့  တကယ့်ရှည်လျားတဲ့  ပြသနာကြီးဘဲ ။ ခေတ်အဆက်ဆက်ကြားမှာ - Bribery Corruption - အဂတိလိုက်စားမှုတွေ ကျွန်တော်တို့  မျိုးဆက်တွေကို ကျနေတဲ့  ၀န်ထုပ်ဝန်ပိုးတွေအဖြစ်ရင်ဆိုင်နေရတယ် ။ အကျိုးဆက်တွေအနေနဲ့  -Politic -အနေနဲ့  အတိုင်းအတာတခုအနေနဲ့  ကျွန်တော်တို့ နဲ့  မဆိုင်လို့  ကျော်လွှားလို့ မရဘူး။ ပစ်ထားခဲ့ လို့လဲ မရဘူး။ အဲဒီတော့ ဒါကိုဆက်ပြီးတော့ ရနိုင်သလောက် ကျွန်တော်တို့  ရပ်နေရမှာဘဲ ။ အဲတော့ ရှင်းတယ်။ ရှင်းတဲ့ အခါမှာ ဒါဟာအစိုးရရဲ့  တာဝန်ပါ- ဘယ်သူ့ ရဲ့  တာဝန်ပါ ဆိုပြီးတော့ လွှဲနေလို့ မရဘူး ။ နိုင်ငံရေးလုပ်နေတာ ဒီအတိုင်းမလုပ်ရင် မလုပ်ဘူး ။ သူများခိုင်းတဲ့ အလုပ်-သူများကခန့် စာတင်တဲ့ အလုပ်နဲ့  လုပ်တာမဟုတ်- ကိုယ့်ဘာသာ တာဝန်သိစိတ်နဲ့  တာဝန်ယူတဲ့ အလုပ်ဟာ ကျွန်တော်မနုတ်ထွက်မချင်း ကျွန်တော့်ကို ဘယ်သူမှ ဖြုတ်လို့ မရဘူး ။

အဲဒီတော့ ကျွန်တော်တို့  အတတ်နိုင်ဆုံးက ဒီကိစ္စကို ကျော်လွှားမယ်။ တစ်အချက်က လူ့ အခွင့်အရေးရှူထောင့်က လူသားချင်းစာနာမှု ရှူထောင့်က ဖြေရှင်းမယ်။ နိုင်ငံသားအခွင့်အရေးရှူထောင့်က ဘယ်နိုင်ငံမှာ ရှိတဲ့  နိုင်ငံသားဖြစ်ခွင့် ဥပဒေအရ ကျွန်တော်တို့ က နိုင်ငံသားဖြစ်ခွင့် - ဘယ်သူဟာ နိုင်ငံသား -ဘယ်သူဟာ Illegal Immigrant- အစိုးရကို ကျွန်တော်တို့  တင်သွင်းဖို့ လိုတယ်။ ပိုင်းခြားပြဖို့ လိုတယ် ။ အဓိကကတော့ နိုင်ငံသားအခွင့်အရေးနဲ့  ပါတ်သက်လို့  နိုင်ငံသားဖြစ်သင့်တဲ့  လူတစ်တယောက်ကို လူမျိုးကြောင့် ဘာသာရေးကြောင့် ကွဲပြားဆက်ဆံတာမျိုးကို လုံးဝလက်မခံဘူး ။

အဲဒီတော့ ကျွန်တော်တို့  နိုင်ငံသားဥပဒေနဲ့  ပါတ်သက်လို့  ဘာသာကိုးကွယ်မှုကြောင့် နိုင်ငံသားအခွင့်အရေးဆုံးရှုံးနေရင် ကျွန်တော်တို့ - Defend-- လုပ်သွားမယ်။ ဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာ ကျွန်တော်တို့ ဟာ ဖြေရှင်းနိုင်တဲ့  နည်းလမ်းတွေ ကျွန်တော်တို့  ကိုယ်တိုင်ကြိုးစားမယ်-ကိုယ်တိုင်ရှာဖွေမယ် ။ အဲဒါကို ပြင်ပကနေပြီးတော့ ဘယ်ဖိအားပေးမှုကိုမျှ ကျွန်တော်လက်မခံဘူး ။ ကျွန်တော်တို့  နိုင်ငံတကာရဲ့  ပူးပေါင်းဆောင်ရွက်မှုကိုတော့ ကြိုဆိုပါတယ် ။ ပူးပေါင်းဆောင်ရွက်မှုဟာ အပြုသဘောနဲ့  ရှုမြင်တဲ့  ချဉ်းကပ်တဲ့  ဖြေရှင်းတဲ့ မျှမျှတတ ကျွန်တော်တို့  ပြသနာကို အပေါ်မှာ ရှုမြင်တဲ့  ချဉ်းကပ်တဲ့  ဖြေရှင်းတဲ့ နည်းမျိုးဘဲ လိုချင်တယ် ။

တဖက်သတ်ဖိအားပေးဖို့  ပါတ်သက်လာရင်တော့ ကျွန်တော်စပြီး နိုင်ငံရေးလုပ်လာကတည်းက ဘယ်သူခိုင်းလို့  ဘယ်သူတာဝန်ပေးလို့ မှ လုပ်လာတာမဟုတ်ဘူး။ အဲဒီလို ဖိအားပေးတာကို ကျွန်တော်တို့ နိုင်ငံကို ၀င်ရောက်စွက်ဖက်တာမျိုး လုပ်လာရင်တော့ ဘယ်လိုနည်းနဲ့ မှ ကျွန်တော် လက်မခံနိုင်ဘူး ။ အဲဒါပွင့်ပွင့်လင်းလင်း ပြောတယ် ။

အဲဒီတော့ ကျွန်တော်တို့  မိတ်ဆွေနိုင်ငံတွေအနေနဲ့  ဥပမာအားဖြင့် ကျွန်တော်တို့  အာဆီယံမိသားစုနိုင်ငံတွေထဲမှာ ကျွန်တော်တို့  -One Country-One Team- မိသားစုအနေနဲ့  သူတို့ အတွေ့ အကြုံအနေနဲ့ အာဆီယံအနေနဲ့  ကျွန်တော်တို့ ကို ၀င်ကူညီမယ်ဆိုရင် ဒေသဆိုင်ရာအဖွဲ့ အစည်းအနေနဲ့  ကူညီမယ်ဆိုရင် လက်ခံမယ် ။ သို့ သော် ဘာသာရေးအဖွဲ့ အစည်းအနေနဲ့  ၀င်ရောက်ပြီးတော့ ကျွန်တော်တို့ ကို ဖိအားပေးတဲ့  ကိစ္စမျိုးကို လုံးဝလက်ခံမှာ မဟုတ်ဘူး ။

တခုဘဲ- သူတို့ ကလဲ ကျွန်တော်တို့ ပြသနာကို မိတ်ဝတ်မပျက် ဆက်ဆံရေး- ဟုတ်လား- သူတို့ နဲ့  ကျွန်တော်တို့ ဟာ အမြင်ဖလှယ်တာတွေ ရှိလာရင် ကျွန်တော်တို့  သီးခြားအနေနဲ့  သံတမန်လမ်းကြောင်းကနေ လုပ်လာရင် ရှိချင်ရှိမယ်။ ကျွန်တော်တို့  ပြသနာဟာ ကျွန်တော်တို့  ကိုယ်တိုင် ဖြေရှင်းရမဲ့  ပြသနာသာဖြစ်တယ် ။ ကျေးဇူးတင်ပါတယ် ။

ခိုင်အောင်ကျော် ( နယူးယောက် )

No comments:

Post a Comment