Saturday 4 May 2013

အမေရိကန်က မြန်မာနိုင်ငံသားများအပေါ် ဗီဇာကန့်သတ်ချက်ပယ်ဖျက်




(3 May 2013 ရက်စွဲပါ Business Standard မှ US Lifts Visa ban on Myanmar, national emergency continue ကို ဘာသာပြန်ဆိုပါသည်)

အစိုးရ၏ ဆုံးဖြတ်ချက်များသည်စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၏ အစိတ်အပိုင်းဖြစ်သည်ဟု စဉ်းစား လျက် အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် ဗီဇာကန့်သတ်မှု ပြုလုပ်ထားခြင်းများကို ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ပါ သည်။ သို့သော် မြန်မာနိုင်ငံအပေါ် နိုင်ငံအဆင့်အရေးပေါ်(National Emergency)သတ်မှတ်ထားခြင်းကို တစ်နှစ်ဆက်လက် ထားရှိဦးမည် ဖြစ်ပါသည်။



သမ္မတObama က မြန်မာနိုင်ငံ၏ အခြေအနေသည် အမေရိကန်၏ နိုင်ငံခြားရေးဝါဒနှင့် အမျိုးသားလုံခြုံရေးကို သာမန်ထက်ပိုသော အထူးခြိမ်းခြောက်မှုများရှိဆဲဖြစ်ပြီး အထူးသဖြင့် မြောက်ကိုရီးယားနှင့်စစ်ရေးအရ ဆက်ဆံမှုများ ဆက်လက်ရှိနေခြင်းကို ရှုမြင်ရာတွင်တွေ့ရကြောင်း မှတ်သားရသည်ဟု ဆိုပါသည်။

သမ္မတ Obama က ဆက်လက်ပြောကြားရာတွင် ကျန်ရှိသော နိုင်ငံရေး အကျဉ်းသားများကိစ္စနှင့် တိုင်းရင်းသား ဒေသများတွင် လက်ရှိပဋိပက္ခများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် စိုးရိမ်ပူပန်မှုကို ဆက်လက်ဖြစ်ပေါ်စေကြောင်း ဆိုပါသည်။

“ဒီခြေလှမ်းတွေဟာ မြန်မာအစိုးရကလုပ်ဆောင်ခဲ့တဲ့ အရေးကြီးတဲ့ပြောင်းလဲမှုတွေအပေါ် မှန်ကန်ကြောင်း လက်ခံ လိုက်တဲ့သဘောပါပဲ၊ အစိုးရနဲ့ ပြည်သူတွေအပေါ်မှာလည်း နိုင်ငံရေးနဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းကို ဆက်လျှောက်ဖို့အားပေးပြီး၊ ပါဝါတွေတိုးစေပါတယ်”ဟု ဗီဇာကိစ္စနှင့် ပတ်သက်ပြီး သမ္မတ Obama က အမိန့်ထုတ်ပြန်ပြီး နောက် အကြီးတန်းအုပ်ချုပ်ရေး အရာရှိတစ်ဦးက ပြောပါ သည်။

အမေရိကန်ကမူ မြန်မာနိုင်ငံကို ယခင်အမည် Burma ဟုသာ ရည်ညွှန်းပါသည်။

Obama က ကွန်ဂရက်သို့ပေးပို့သော စာတွင်ဖော်ပြထားရာ၌ မြန်မာအစိုးရသည် နိုင်ငံရေးအကျဉ်းသားများ လွှတ် ပေးခြင်း၊ လက်နက်ကိုင်(၁၁)ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ အောင်မြင်မှုရခြင်း၊ သတင်းစာဆင်ဆာများ ဖယ်ရှားရေးအတွက် ခြေလှမ်းများလှမ်းလျက်ရှိခြင်းနှင့် နိုင်ငံရေးစံနစ်တွင် အတိုက်အခံပါတီများ ပါဝင်ခွင့်ရလာခြင်းအပါအဝင် အရေးကြီးသော တိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုပါသည်။

သို့သော် Obama က မြန်မာနိုင်ငံ၏ အခြေအနေသည် အမေရိကန်၏ နိုင်ငံခြားရေးဝါဒနှင့် အမျိုးသားလုံခြုံရေးကို သာမန်ထက်ပိုသော အထူးခြိမ်းခြောက်မှုများရှိဆဲဖြစ်ပြီး အထူးသဖြင့် မြောက်ကိုရီးယားနှင့်စစ်ရေးအရ ဆက်ဆံမှုများ ဆက်လက်ရှိနေခြင်းကို ရှုမြင်ရာတွင်တွေ့ရကြောင်း မှတ်သားရသည်ဟု ဆိုပါသည်။

သမ္မတ Obama က ဆက်လက်ပြောကြားရာတွင် ကျန်ရှိသော နိုင်ငံရေး အကျဉ်းသားများကိစ္စနှင့် တိုင်းရင်းသား ဒေသများတွင် လက်ရှိပဋိပက္ခများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် စိုးရိမ်ပူပန်မှုကို ဆက်လက်ဖြစ်ပေါ်စေကြောင်း ဆိုပါသည်။

“အမေရိကန် ပြည်ထောင်စုဟာဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ နောက်ပြန်မလှည့်ရေး သေချာစေဖို့ မြန်မာ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများနှင့်အားကောင်းစေရန် ထောက်ခံကူညီမှုများ ပြုလုပ်ရန် သံန္ဒိဌာန်ချထားပြီး ဖြစ်ပါတယ်။ ဒီအကြောင်းကြောင့် ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေကို ဆက်ထားဖို့ လိုအပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်” ဟု Obama က ၎င်း၏ စာတွင် ပြောကြားထားပါသည်။

အမည်မဖော်လိုသူ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးကပြောကြားရာတွင် ယခုဆုံးဖြတ်ချက်ကြောင့် ၎င်းတို့အား ပြုပြင် ပြောင်းလဲရေးကြိုးပမ်းမှုတွေကို ဦးဆောင်ပြီး ပါဝင်ဆောင်ရွက်နေသော မြန်မာနိုင်ငံမှ ပုဂ္ဂိုလ်များနှင့် နှစ်ဦးနှစ်ဖက် ဆက်ဆံ ရေးကို ပိုမိုမြှင့်တင်နိုင်ရန် ခွင့်ပြုလာခြင်းဖြစ်ကြောင်း ဆိုပါသည်။

Yangon Chronicle
ကိုထွန်းဝေ
မျှဝေပါတယ်4.5.2013

No comments:

Post a Comment