Tuesday 14 May 2013

မေမေ အတွက် မေတ္တာတေး


လောကမှာ အနုအလှ တွေနဲ့ 
ပြုသမျှတွေက အရာထင်တယ်
စုဆိုတဲ့  နံမည်တလုံးနဲ့ 
မှတ်ကျောက်တင်ရတယ်

အမေ့ စုကို အားပေးဖို့  သင်လည်း
ဥာဏ်ခွင်းပါ မာန်ပြင်းပါ ဈာန်သွင်း ထားရဲလား
ဘယ်တုံးကမှခေတ်မစားခဲ့တဲ့
ဖေ့ဘုတ်ကြီးထဲမှာ
ကျနော်တို့ အတွက်
မွေးနေ့ ပွဲတွေကျင်းပပေးခဲ့တဲ့မေမေ
မိန့် ခွန်းတွေ ရောက်လေရာနိုင်ငံမှာ
ချွေခဲ့တဲ့ ကိုယ်ကျင့်တရားမြင့်မြတ်တဲ့မေမေ
သီချင်းသံတွေသောင်းချီနေခဲ့
ဖယောင်းတိုင်တွေလည်းမီးမငြိမ်းသေး
ထိမ်းမရသိမ်းမရခဲ့လို့ 
ဖွတဲ့သူတွေ ဖွတုံး
အနှစ်တွေသိမ်းထားခဲ့သူတွေလည်းဒုနဲ့ ဒေး
ထိမ်းမရသိမ်းမရလို့ ကျနော်အဝေးကဘဲ
ကြည့်မိနေပါတယ်မေမေ
အတားအဆီးများရဲ့ မေမေ့လုံခြုံရေးတွေကြားထဲမှာ
ကျနော်ရောက်နေတဲ့အာရုံဦးနံနက်ခင်းကိုငေးမောရင်း
မေမေကိုတွေ့ နိုးနဲ့ ငေးနေတဲ့ကျနော်
မေမေအတွက် သီချင်းတွေ စာတွေ ကဗျာတွေရေးရင်း
အလွမ်းတွေ ခင်းထားတဲ့ဖေ့ဘုတ်ကြီးထဲမှာ
ရောင်နီဦး နှစ်ထောင့်ဆယ့်ငါးကို
ပါးပါးလေးမေးချင်လို့ ရေးရေးလေးတွေးမိတယ်

ဘာတဲ့လဲ သိလား

အမေစုလိုခေါင်းဆောင်မျိုး ကို
ဖြစ်နိင်တယ်ဆိုရင် ၁၀ သက်၁၀ကမ္ဘာစာင့်ကြည့် ၊ဒီလိုခေါင်းဆောင်မျိုး နောက်ထပ် မြန်မာပြည်မှာ ထပ်ပေါ်တယ်ဆိုရင်ကျနော် ဖြစ်လေရာဘဝကနေ စဥ့်နှီတုံးပေါ်မှာဆယ်သက်ဆယ်ကမ္ဘာ လည်စင်းပေးရဲတယ်။ ဆယ်သက်ကျွန်လာခံပေးမယ် "အသွေးအသားထဲကကို လေးစားတာပါအမေစု" ကျမ္မာပါစေ အမေစု"

ငါ့ ဘ၀အတွက်တော့ အဘိုးအောင်ဆန်းသမီး.....တဲ့ဗျာ..
1.အောင်ဆန်းစုကြည်.....
2.အောင်ဆန်းစုကြည်...
3.အောင်ဆန်းစုကြည်...တဲ့ ...။ ။

ခင်မင်လေးစားစွာမျှဝေပါတယ်။
14.5.2013
ကိုထွန်းဝေ

No comments:

Post a Comment