ဗုဒ္ဓမြတ်စွာ၏ မွေးနေ့မင်္ဂလာမှ ဖိတ်ကြားခြင်း
ဗုဒ္ဓဘာသာဝင် ဆွေတော်မျိုးတော် အပေါင်းတို့အား ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။
စင်္ကာပူနိုင်ငံ၊ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရ ကလင်မတီကျောင်းတော်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော Vesak Day ခေါ် ဗုဒ္ဓမြတ်စွာ၏ မွေးနေ့သဘင်ကို စည်ကားသိုက်မြိုက်စွာ ဆင်ယင် ကျင်းပမည် ဖြစ်ပါသောကြောင့် မပျက်မကွက် ကြွရောက်ကြပါရန် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။
ကဆုန်လပြည့် ဗုဒ္ဓနေ့ အခမ်းအနား အစီအစဉ်
နေ့ရက်
၂၄၊ ၅၊ ၂၀၁၃ (သောကြာနေ့) ၁၃၇၅-ခုနှစ် ကဆုန်လပြည့်နေ့။
ပထမပိုင်း အစီအစဉ်
၁။ နံနက် ၅:၀၀ နာရီတွင် သံဃာတော်များ နေရာယူပေးရန်။
၂။ နံနက် ၅:၀၅ နာရီတွင် အနေကဇာတင် စရန်။
၃။ သံဃာတော်များ သမန္တာမှစ၍ မင်္ဂလသုတ်၊ မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ရန်။
၎။ မကွေးဆရာတော်မှ ဆဒိသာပါလသုတ် မဟာအာဋာနာဋိယသုတ်များ ရွတ်ဖတ်ပူဇော်ရန်။
၅။ မကွေးဆရာတော်မှ သတ္တဌာန ခုနှစ်နေ့ဘုရားရှိခိုးများဖြင့် ပူဇော်၍ အန္တရာယ်ကင်းဂါထာတော်များ ရွတ်ဖတ်ပူဇော်ရန်။
၆။ မကွေးဆရာတော်မှ ဘုရားရှင်အား ဃနာနို့ဆွမ်း ဆက်ကပ်ရန်။
၇။ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းရန်။
ဒုတိယပိုင်း အစီအစဉ်
၁။ နံနက် ၉:၀၀ နာရီတွင် သံဃာတော်များ နေရာယူပေးရန်။
၂။ နံနက် ၉:၀၅ နာရီတွင် သံရဏဂုံ သုံးပါး၊ ၉ပါးသီလ ဆောက်တည်ရန်။
၃။ နံနက် ၉:၁၅ နာရီတွင် သံဃာတော်များထံမှ မေတ္တာသုတ်စသော ပရိတ်ဒေသနာတော်များ နာယူရန်။
၎။ နံနက် ၉:၃၅ နာရီတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ အကြောင်း နာယူမှတ်သားရန်။
၅။ နံနက် ၉:၄၀ နာရီတွင် သံဃာတော်များအား လှူဒါန်းဖွယ်ရာများဖြင့် ဆက်ကပ်လှူဒါန်းရန်။
၆။ နံနက် ၉:၅၀ နာရီတွင် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ၃ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းရန်။
နှစ်ဖက်သောမိဘများအား အမှူးထား၍
ကိုကျော်လင်းအောင် - မယဉ်မေထွန်း
သား - ရဲခန့်အောင်
သမီး - သင်းမြတ်အောင်
မိသားစုက အာဟာရဒါနဖြင့် လှူဒါန်းပူဇော်ပါမည်။
နေရာ
23A, 25A Jalan Mas Puteh, Along West Coast Road, Singapore 128628.
Opposite Blk 701, near ESSO station.
ကလင်မတီ MRT ဧရိယာမှ Bus 78 / 285 ကိုစီးပြီး ၃ တိုင်မြောက်မှာ ဆင်း၍လမ်းဖြတ်ကူးပါ။
Mobile: 8123 0769, 9007 2990, 6778 1678
ပေးပို့ သူ Anantametta sayadaw
ပြန်လည်မျှဝေလိုက်ပါတယ်.
24.5.2013

No comments:
Post a Comment