Sunday, 26 May 2013

သတိထားမိနေသော နှပ်ကြောင်းများ ( ငရဲသား တင်ပြသည်.)


ကို Pa Yit ရဲ့ ပို့စ်ဖြစ်တဲ့ ..

သတိထားမိနေသော နှပ်ကြောင်းများ ကို
ဆက်လက်သုံးသပ်လိုက်တဲ့အတွက်.။

အပိုင်း (၂) လို့ အမည်ဆက်လက်ပေးလိုက်ပါတယ်..။

============================================

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး NLD အပြတ်အသတ် နိုင်သွားပြီးချိန်..

နောက် သုံးလအတွင်း ..

ရခိုင်-ဘင်္ဂလီ အရေးအခင်းတွေရဲ့ ကြားထဲမှာ ..

ထွက်လာတဲ့ နောက်ဆက်တွဲတစ်ခုက ... ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေပါ..။

အရေးအခင်းတွေအပြီး
နိုးကြားလာတဲ့ ဘာသာရေးခံယူချက်ပြင်းထန်တဲ့ ပြည်သူတွေကို ပြန်လည်အသုံးချ စည်းရုံးနိုင်ဖို့အတွက် ..။

စုတ်ပြတ်သတ်နေတဲ့ ကြံ့ဖွတ်ကို ဆက်လက် သုံးလို့မရမှန်း သိလာသူတွေဟာ ..

၂၀၁၅ ရွေးကောက်ပွဲအမီမှာ အမျိုးသားရေးအမည်ခံ လက်ယာစွန်းရောက် ဘာသာရေးခေါင်းစဉ်တပ် ပါတီတစ်ခု၊
တနည်းအားဖြင့် ဗုဒ္ဒဘာသာ အမည်ခံ ပါတီ တစ်ခု မလွဲမသွေပေါ်ပေါက်လာနိုင်ဖို့အတွက် ခိုင်မာတဲ့ နှပ်ကြောင်းတွေနဲ့ ကြိုးစားလာကြပါတယ်..။

အဲဒီလို ကြိုးစားဖို့အတွက် ဗုဒ္ဒဘာသာလူထုရဲ့ နိုးကြားလာတဲ့ ဘာသာရေးခံယူချက်နဲ့ ပြည်တွင်းနေတွေရဲ့ အလိုက်ကန်းဆိုးမသိမှုတွေက အလွယ်ဆုံးပါပဲ..။

၉၆၉ ကို အသုံးချသလို ခေါင်းစဉ်တပ်လို့အကောင်းဆုံ လက်နက်အဖြစ် အသုံးချခဲ့ကြပါတယ်..။

အဲဒီ မဟာဗျူဟာရှင်တွေထဲမှာ ခရိုနီများလည်းပါဝင်ပါတယ်၊ အတိတ်ဟောင်းကို လွမ်းသူများလည်း ပါဝင်ပါတယ်..။ ပညာတတ် အစွန်းရောက်များလည်း ပါဝင်ပါတယ်..။ အခွင့်အရေးသမားများလည်း ပါဝင်ပါတယ်..။ အမည်ခံ ဂျာနယ်လစ်တချို့လည်း ပါဝင်ပါတယ်.။

ထူးခြားတာက သူတို့ဟာ ယခင်တုန်းက ဘာသာရေးကို လုံးဝ စိတ်မ၀င်စားသူတွေဖြစ်ပြီး ပေါက်ရောက်သူတွေပါ......။

သူတို့ရဲ့ ကြိုးစားမှု အတိုင်းအတာ တစ်ခုအထိ အောင်မြင်သလို ရည်ရွယ်ချက်လည်း အောင်မြင်ပါတယ်..။ တိုင်းရင်းသား လူငယ်တွေ ပါဝင်လာပါတယ်..။ ချကျွေးခံရပါတယ်..။ အသုံးချ ခံရပါတယ်..။ Online မှာ ပေါ်တင် ဖွနေသူတွေ ဘေးကင်းနေပါတယ်..။

၎င်းတို့ရဲ့ စနက်ကြောင့် NLD ဟာ မွတ်ဒေါင်းအဖြစ် အများအလယ်မှ သိက္ခာကျသလို ဘင်္ဂလီ လော်ဘီအဖြစ် မြင်လာအောင် တနည်းမဟုတ်တနည်း စဉ်ဆတ်မပြတ် ဖန်တီးမှုတွေက အကျီုးသက်ရောက်မှု ရလာပါတယ်..။



ဒါပေမယ့်
အဲဒီ မဟာဗျူဟာရှင်များ အစကတည်းက စောင့်ကြည့်နေပြီး မမျှော်လင့်ခဲ့တဲ့အချက်က ၈၈ ဟာ NLD နဲ့ မပူးပေါင်းသလို မပြိုင်ဆိုင်ပါခဲ့ပါဘူး။ ပါတီလည်း မထောင်ခဲ့ပါဘူး ..။
ယခင်တုန်းက
၈၈ ဟာလည်း NLD နဲ့ အပြိုင် နိုင်ငံရေး လမ်းကြောင်းပေါ်လျှောက်ပြီး NLD နဲ့ အားပြိုင်နေကြမယ်လို့ ၄င်းတို့က တွက်ထားဟန်တူပါတယ်...။

အဲဒီမှာ ၈၈ရဲ့ လွတ်လပ်နေတဲ့ အနေအထားဟာ ၄င်းတို့ရဲ့ လမ်းကို ရှေ့တိုးလို့ မရအောင် .. ရင်ဝ တေ့ပြီးထောက်ထားတဲ့ ထောက်ကွက်လို .. .ဖြစ်လာပါတယ်...။

၎င်းတို့ရဲ့ မဟာဗျူဟာကို ကျားကန် နိုင်တဲ့ အနေအထားဖြစ်လာပါတယ်..။

၈၈ ထဲမှာ..။

အရောင်ပြောင်းသူလည်းမပါ...။
ဘင်္ဂလီကို မှတ်ပုံတင်ထုတ်ပေးသူလည်းမပါ...။
လူပေါင်း တစ်သန်းနီးပါးဟာ ခိုးဝင်သူမဟုတ်ပါဘူး ပြောသူလည်းမပါ..။
ကျေးဇူးသိတတ်သူလည်း .. မပါ..။


အဲဒီတော့ ၈၈ ကို ရစရာမရှိအောင် အပုပ်ချ ပုတ်ခတ်လာပါတယ်..။ ရခိုင်အရေးအခင်းတွေနဲ့ မိတ္ထီလာအရေးအခင်း အတွင်း ၈၈ ရဲ့ ချက်ချင်းသွားရောက်ပြီး သုံးသပ်ချက်နဲ့ ဆောင်ရွက်မှုတွေကို အကြောင်းပြုပြီး စုတ်ပြတ်စွာ နှိပ်ကွပ်လာပါတယ်..။ ဘာသာရေးဆိုင်ရာ ခေါင်းစဉ်တပ် စွပ်စွဲလာကြပါတယ်..။ Next Generations တွေကြားထဲမှာ ၈ ပူးဟာ ဘာကောင်မှမဟုတ်ဖူး ဆိုတဲ့အမြင်မျိုး မြင်စေဖို့ပါ..။


နောက်ပိုင်းမှာ
၈၈ ကလည်း ပါတီထောင်မယ်ဆိုတဲ့ သတင်းထွက်လာတဲ့အတွက် ..မဟာဗျူဟာရှင်ကြီးတွေဟာ စိုးရိမ်တကြီးနဲ့ သတိထားစောင့်ကြည့်နေပါတယ်....။
အဲဒါကြောင့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ
ဘယ်လို အားပြိုင်မှုတွေ ဘယ်လို ဖြစ်လာနိုင်တယ်ဆိုတာ စောင့်ကြည့်ကြရပါလိမ့်မယ်...။

=========================================================

နှစ်ဖက်ကစားကွက်တွေက .. တအားလှပါတယ်...။

လမင်းကြီးကြောင့် ကြယ်တွေ ပိုမှိန်တယ် လို့ ဝေဖန်သူတွေက ..။

ဒီလို တုန့်ပြန်ကစားတဲ့ ကစားကွက်ဟာ ...။

လမင်းကြီးရဲ့ ကစားကွက်ဆိုရင် ....။

ခင်ဗျားတို့ ...ဘယ်လို နေကြမလဲ .....။

ဗုံးက စနစ်တံ မပြုတ်နိုင်တာ .. အမှန်ပါပဲ...။

(သုံးသပ်ချက် သက်သက်မျှသာ။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါကြောင်း)

No comments:

Post a Comment