Sunday 19 May 2013

ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်အတွက်ပညာရေးမိန့် ခွန်း



Aung San Suu Kyi on Burma's education system

တက္ကသိုလ်ပရိဝုဏ်ထဲမှာ ကျောင်းသားတွေစုနေရင်
အန္တရာယ်ရှိတယ်လို့ စစ်အစိုးရက သက်မှတ်ခဲ့တယ် ။

အစိုးရဟာ ကျောင်းသားတွေကို ဆန္ဒပြလာမယ့်သူတွေ
အစိုးရပြုတ်ကျသွားအောင် တောင်းဆိုမယ့်
ပြဿနာလူငယ်တွေလို့ မြင်ခဲ့ကြတယ် ။

တကယ်လည်း... လူငယ်တွေဟာ
သူတို့ရဲ့အမြင်တွေကို ထုတ်ပြောချင်တယ်
အစိုးရတွေဟာ လုပ်သင့်တာတွေကိုမလုပ်ဘူးလို့
ထင်ရင် အဲဒီအစိုးရတွေကို ဆန့်ကျင်လိုတယ် ။

ကျောင်းသားတွေကို ငြိမ်သက်သွားအောင်
Campus Life တွေကိုဖျက်ဆီးလိုက်တာဟာ
တိုင်းပြည်ရဲ့ အနာဂတ်ကို ဖျက်ဆီးလိုက်တာပဲဖြစ်တယ် ။

မြန်မာနိုင်ငံမှာ ကျောင်းအိပ်၊ကျောင်းစားတက္ကသိုလ် မရှိပါဘူး ။
နောက်ထပ်ပြောရမယ်ဆိုရင် တက္ကသိုလ်အနီးအနားမှာ
အဆောင်တွေကို ဆောက်ခွင့်မပြုပါဘူး ။
ဒါတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်ဆောင်ခဲ့တာပါ ။

ကျောင်းသားတွေ အချင်းချင်းစုစည်းမိပြီး
အပြောင်းအလဲလုပ်ဖို့ အင်အားတွေဖြစ်မလာရအောင်
အစိုးရနေနဲ့ သူတို့ကို ခွဲပြစ်လိုက်တာပဲဖြစ်တယ် ။

လူငယ်တွေဟာ အပြောင်းအလဲအတွက်
အင်အားဖြစ်ဖို့လိုတယ် ။

Extract from Keynote Address by Aung San Suu Kyi
on the UK's role in higher education reform in Burma.
— with Aung San Suu Kyi.

No comments:

Post a Comment