Saturday 18 May 2013

သံမဏိလူသား

သံမဏိလူသား

အမြော်အမြင်ကောင်းတဲ့ တော်ဝင်ဒေါင်း
ကိုယ်ကျင့်တရားမြင့်မြတ်သူ
အမြဲဖြူစင်တယ် ဟဲ့
ဘာသာတရားကိုင်းရှိုင်းသူ
သူ့ လိုလူအား
ရေကြည်တပေါက်သူ့ လမ်းကြောင်းမှာ
ဖွသူတွေဘယ်လိုရေးရေး
ရာဇ၀င်အကြောင်းပြန်စမ်းစစ်ကြည့်
အမေ့အလှကမဟောင်းခဲ့ဘူး....

ဓါးရောင်တဖွေးဖွေးရာဇ၀င်ကြွေးကို
အကျယ်ချုပ်စံဘ၀မှ
ပါးပါးလေးဝင်ကပ်ထားတယ်
ယနေ့ ထက်ဆိုင်ဆုကြီးတွေ ပိုင်လို့ 
သစ္စာအထပ်ထပ်
မေတ္တာတရဘွနဲ့ 
ကမ္ဘာကျော်အောင်
မြိုင်မြိုင်ဆိုင်ဆိုင်သူလှမ်းယူခဲ့

ဘယ်သူမပြု
မိမိမှုတဲ့ဟေ့
ကိုယ်ကြမ္မာကိုဖန်တီး
ကိုယ့်လမ်းကိုလျာက်ကိုယ်တိုင်ဖောက်ကြရမယ်
နှစ်ထောင့်ဆယ့်ငါးနီးနီးလေးမို့ 
သူငယ်ချင်းရေ...
ကျောချင်းကပ်ရင်ချင်းထပ်စို့ 
ပြုတိုင်းအောင်စေ
အမေ့ အတွက်ချွေမည်
သပြေအောင်ပန်းသူ့ လက်ကမ်း
သံမဏီလူသား
ဒေါ် အောင်ဆန်းစုကြည် တဲ့ ။ ။

ကိုထွန်းဝေ
ရင်တွင်းဖြစ်

18.5.2013
မျှဝေပါတယ်။

No comments:

Post a Comment