Friday, 24 May 2013

ရေတွင်းတူးဖော်ရာမှ ရှေးဟောင်းဆင်းတုတော် ၄၉ ဆူတွေ့ရှိ

May 24, 2013




စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပင့်သာကြီးကျေး  ရွာနေဦးထွန်းလှိုင်၏နေအိမ်ခြံဝင်း  အတွင်း၌ မေ(၃) ရက်၊ နံနက်  (၇) နာရီက ငါးပေပတ်လည် အကျယ်ရေတွင်းတူးဖော်ရာ အနက်သုံးပေခန့်အရောက်ကျောက် ဖျက်တွေ့ရှိသည်။
ဆက်လက်၍ ရေတွင်းတူးဖော်  ရာအနက်လေးပေခန့်တွင် ကြေး ကျောင်းဆောင်ပုံသဏ္ဍာန်၊ ကြေး ဘုရားဆင်းတု ၁၇ ဆူ၊ အလျား (၉) လက်မ၊ အနံ (၆) လက်မ၊ အမြင့် (၃) လက်မ၊ အလေးချိန်  တစ်ပိဿခန့်ရှိသော ကျောက်ဆင်း  တုတော်တစ်ဆူ၊ ရွှေဟုယူဆရ သော စိတ်ပုတီးစေ့ ၆၀၊ လက်စွပ်  နှစ်ကွင်းနှင့်ငွေစေတီတစ်ဆူတို့ အား ဖူးမြော်တွေ့ရှိကြရသည်။
ထို့နောက် မေ ၄ ရက်၊ နံနက်  ၇ နာရီတွင် ရေတွင်းကို ဆက်လက်  တူးဖော်ကြရာ ကြေးဆင်းတု၊ ဘုရားရုပ်ပွားတော် (၄၄) ဆူ၊ အမြင့်ခြောက်လက်မခန့်ရှိငွေစေတီ   နှစ်ဆူနှင့် အရှည်သုံးလက်မခန့်ရှိ ကျောက်အနီနှင့် အပြာရောင်စုံပါ  ဆံထိုးတစ်ခုကို ထပ်မံဖူးမြော်တွေ့ ရရှိသည်။
မေ(၅) ရက်နေ့တွင် အဆိုပါ  ရေတွင်းအား ဆက်လက်တူးဖော်  ကြရာအနက် (၇) ပေခန့်အရောက်  တွင် ဉဏ်တော်သုံးလက်မမှ ၁၅ လက်မအရွယ်ရှိတင်ပျဉ်ခွေကြေး  ဆင်းတုတော် ၁၈ ဆူ၊ ရပ်တော်မူ  ဆင်းတုတော်နှစ်ဆူ၊ လျောင်းတော်  မူနှစ်ဆူ၊ ကျောက်ဆင်းတုတော်  တစ်ဆူ၊ တင်ပျဉ်ခွေငွေဆင်းတုတော် ၂၆ ဆူ၊ စုစုပေါင်း (၄၉) ဆူတို့ အား ထပ်မံဖူးမြော်တွေ့ရှိသည်။
အဆိုပါရှေးဟောင်းပစ္စည်း ဘုရားရုပ်ပွားတော်များအား ကန့်ဘလူမြို့နယ်၊ ပင့်သာကြီး ကျေးရွာဦးထွန်းလှိုင်နေအိမ်တွင် အပူဇော်ခံထားရှိကြရာ ဒေသခံ ကျေးရွာပြည်သူများက မေ (၁၆) ရက်အထိ အထူးစိတ်ဝင်စားစွာ လာရောက်ဖူးမြော်ကြရာအလှူရှင်  ဦးထွန်းလှိုင်က သက်သက်လွတ် ထမင်းဟင်းများကို အဟာရဒါနေ့ စဉ်ကျွေးမွေးလျက်ရှိကြောင်း သိရသည်။
 The Hot News
ပြန်လည်မျှဝေပါတယ်။

ရွှေလင်းပြည့်စုံ

No comments:

Post a Comment