Saturday 11 May 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ပညာရေးကွန်ယက်ဂုဏ်ပြုပွဲ





အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက် ၏ဆရာ ၊ဆရာမများ အားဂုဏ်ပြုပွဲနှင့် ဝေဖန်ပိုင်းခြားချင်းနှင့် တက်ကြွစွာသင်ယူခြင်းသင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ရွှေဂုံတိုင် အနီးတော်ဝင်နှင်းဆီတွင်ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းအတွင်း အမေ့အိမ်ပညာရေးကျောင်းများမှ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်အဖွဲ့ဝင်များ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ရုပ်ရှင်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်က အခမ်းအနားမှုးအဖြစ်ဆောင်ရွက်ပြီး ရှေးဦးစွာ အဖွဲ့ချုပ်နာယက ဘဘဦးတင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ အမှားကားပြောကြားပြီးနောက် ပညာရေးကွန်ယက်မှ ဒေါက်တာသိန်းလွင် က သင်းတန်းနှင့်ပတ်သက်ပြီးရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဆရာ၊ဆရာမများအားဂုဏ်ပြုမှတ်တမ်းများပေးအပ်ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ပြီး အဖွဲ့ချုပ်ဥက္ကဌမှ ပေးအပ်လာသော အလှူငွေများကို လက်ခံကာ အခမ်းအနားကိုရပ်နားခဲ့သည်။ ဓါတ်ပုံ သတင်း NLD 11.5.2013









No comments:

Post a Comment