Friday 26 April 2013

အသက်မသေပဲ ဖမ်းမိခဲ့သည့် ညီဖြစ်သူ Dzhokhar Tsarnaev က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖေါ်ပြောကြား



ဘော့စတွန်မြို့၊ မာရသွန်ပြိုင်ပွဲ ဗုံးခွဲခဲ့သည့် သံသယရှိသူ
ညီအစ်ကိုနှစ်ဦးမှ မသေပဲကျန် ခဲ့သူ Newyork City ရဲ့ မြို့လယ် လူစည်ကားရာကုန်သွယ်ရေး အချက်အချာ ကျ သည့် Times Square Area ကိုပါ ဗုံးခွဲရန်စီစဉ်ထား ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူမှ တရားဝင် ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

ဗုံးခွဲသည်ဟု သံသယရှိသူညီအစ်ကိုနှစ်ဦးဟာ Times Square Area ကိုပါ ဗုံးခွဲဖို့ နောက်ထပ် Target အဖြစ် စီစဉ်ထားခဲ့တယ်လို့ အသက်မသေပဲ ဖမ်းမိခဲ့သည့် ညီဖြစ်သူ Dzhokhar Tsarnaev က ထုတ်ဖေါ်ပြောကြား ခဲ့တယ်လို့ Mayor Michael Bloomberg က ဧပြီ ၂၅ရက်နေ့ နံနက်ပိုင်း သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

FBI ရဲ့ တွေ့ရှိချက်အရ အဲဒီညီအစ်ကိုနှစ်ဦးဟာ ဘော့စတွန်ကနေ ကားနဲ့ Newyork City ကို လာပြီး သူတို့ဒီဇိုင်းလုပ်ထားတဲ့ ဗုံးတွေကို ဖောက်ခွဲဖို့ ရည်ရွယ်ထားပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ညီဖြစ်သူ Dzhokhar Tsarnaev က ဆေးရုံးပေါ်မှာ ပြောကြားတာကတော့ သူနဲ့ သူ့အစ်ကိုတို့ဟာ ကြာသာပတေးနေ့ ညပိုင်းမှာ Newyork City Times Square ကို ကားနဲ့လာပြီး သူတို့ ပြုလုပ်ထားတဲ့ ပိုက်ဖြင့်ပြုလုပ်တဲ့ ဗုံး (၅)လုံး၊ မာရသွန်ပြိုင်ပွဲမှာ ခွဲခဲ့တဲ့ Pressure Cooker အိုးနဲ့ပြုလုပ်ထားတဲ့ ဗုံး(၁) လုံးတို့နဲ့ ဖောက်ခွဲဖို့ စီစဉ်ထားခဲ့တယ်လို့ ရဲအရာရှိ Raymond Kelly က ပြောကြားခဲ့ပါတယ်။

FBI ရဲ့ ပြောကြားချက်ကတော့ ဒီညီအစ်ကိုနှစ်ဦးဟာ အကြမ်းဖက်အဖွဲ့တွေ နဲ့ ချိတ်ဆက်ပြီး ဗုဒ္ဓဟူးနေ့ ညပိုင်း လောက်ကတည်း က အဆက်အသွယ် လုပ်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ရဲအရာရှိ Raymond Kelly က ပြောကြား ခဲ့ပါတယ်။

ညီဖြစ်သူ Dzhokhar Tsarnaev ဟာ သူ့ရဲ့ သူငယ်ချင်းတွေနဲ့အတူ မကြာသေးခင်ကပဲ Newyork City Times Square ကို ရောက်ရှိလေ့လာ ခဲ့သေးတယ်လို့ ဆိုပါတယ်။


Posted From CBS 
မူရင်း  Thit Htoo Lwin blog

No comments:

Post a Comment