Tuesday 30 April 2013

ကဲ . . နားထောင်



ကဲ . . နားထောင်

အလို. . . သမိုင်းကို စစ်လိုက်ရင်ဖြင့်
တို့ . . .ဗမာသခင်တွေရဲ့ အစဉ်အလာက
ခင်စရာ. . . မင်စရာ. . . ကြင်စရာ ငဲ့ဖြင့်
အင်စရာ. . .ဟင်စရာ. . .ပြင်စရာတွေကလည်းမနည်းပါဘု
ကွဲကြ. . ပြဲကြ. . ဆဲကြ . . ခဲကြသနဲ့
ရဲကြ . . ကြဲကြ. . သဲကြ. . မဲကြ တာလဲရှိ
ခွဲကြ . . ချဲကြ. . . ဆွဲကြ. . .လွဲကြရှိပါသဗျ
သြော်. . . အဖွဲ့အစည်းသဘာဝ
သြော် . . ပြောမယ့်သာပြောရ တကယ်ကျပြန်တော့လည်း
ကနေ့ မြန်မာ့သမိုင်းဟာ
သခင်တွေရဲ့ ဆိုးကောင်းသမိုင်းပါပဲ
ထောင့်သုံးရာ အရေးတော်ပုံဆိုတာ

တို့ဗမာနဲ့ ကျောင်းသားသမဂ္ဂတို့ရဲ့
စည်းလုံးကြ. . . ညီညွတ်ကြတဲ့ အင်အားပါပဲ
ရွှေတိဂုံရင်ပြင် ပစ္စယံအကြားမှာတော့
ထမင်းထုပ် အတူတူစားပါတဲ့
အလုပ်သမား . .လယ်သမား . . လူငယ်ကျောင်းသားတို့
တပ်ပေါင်းစုံ ပြည်သူ့အားပါကလား
ချုပ်ချယ်သူ နယ်ချဲ့သမားကိုလ
ခြားနားတော်လှန် မှုန်းစေဖို့
စည်းလုံးကာ ညီညွတ်စေတဲ့
အထွေထွေသပိတ်များကိုတော့
လေးစားစွာ ဂုဏ်ပြုထိုက်ပါရဲ့
သခင်မျိုးဟေ့ . . . တို့ဗမာ
မီးတုတ်တုတ် ရှို့ရှို့
သူပုန် သူပုန် ထထ
အရေးတော်ပုံအောင်စေရမယ်လို့
တပြည်လုံးပဲ့တင်
တိုင်းခွင်လုံးလွတ်လပ်ဖို့အရေး
တကောင်းအဘိရာဇာ. . . . . . တို့ဗမာသာဂီမျိုးဟာမို့
မညှိုးဂုဏ်တေဇာ. . . . ယိုးဒယားနှင့် ကုလားကိုပါ
တိုက်ခိုက်ခါ . . .အောင်ခဲ့တာ. . . . . ဟုအစချီသော
တို့ဗမာ သီချင်ရယ်နဲ့
အသင်းဝင် ကောက်ခါ စခဲ့ရ
တက္ကသိုလ်မှန်တံခါးမှ
မိုးသက်ကယ် ၀ါးကဲလား အထိသာပ
လူတန်းစားအလွှာ အလျားကျယ်ရုံသာမက
ပူတာအိုမှ ကော့သောင်းအဆုံး
ရှမ်းတောင်တန်းမှ ရခိုင်မြေအထိ
ကမ္ဘာမကြေ ဗမာတတွေ
ဒါ တို့ပြေ. . . ဒါတို့မြေ. . . ဒါငါတို့ပြေ
တပြည်အနှံ့
ရေအဆုံးမဆံ့
ပျံလေပြီ ဒီသီချင်းနယ်က
ယနေ့တိုင် ယခုထိပါပဲ
အမိဆိုတာ တို့ ဗမာမာတာ တစ်မိတည်းရယ်က
ပေါက်ဖွားလာ သားတပည့်တွေချည်းပါပဲ
အမိဆိုသဟာ သားအားလုံးကို ချစ်တာပ
လွတ်လပ်ကာနိုင်ငံတော်သစ်ကာမှ
ဆိုရှယ်လစ်နဲ့ ကွန်မြုနစ်တဲ့ဗျား
သားအချစ် မြေးအနှစ်တွေကိုဖြင့်
ထားရစ်သူ သခင်မှိုင်းကိုလ
တိမ်ဆိုင်းမှောင် သပြေရိပ်မှာလ
အလွမ်းဖြေ ပြေတန်ကောင်းပါရဲ့
ဆရာကြီးကြိုက်တဲ့ ဒေါင်းတံဆိပ်
ဒေါင်းအတိတ်တွေနဲ့
ဒေါင်းနိမိတ် . . . ဒေါင်းအမြိတ်တွေ တဝေေ၀ပ
ရွှေဒေါင်းတောင် ကလောင်နှင့် သလိုက်ချင်ပါရဲ့
ကဗျာ့ဥာဏ် ဆရာ့ဟန် မမီနိုင်ဘု
ကသီကရီ. . . မပီတပိ. . .မညီတညီနဲ့ရယ်ဖြင့်
ဒီကဗျာ. . . ဒိတစ်ခါ ရယ်စရာမှတ်ချင်ကြပေရော့
မြတ်ဆရာအတိုင်း ဆန္ဒအတိုင်းသာပဲ
သခင်အပေါင်းတို့ရေ
ဖြာဖြာနေခြည် လိမ်းဝေသစေနွေး
အော် . . . .မာလာရွှေပြည် စိမ်းစေလှစေမွှေး
သာယာရွှေပြည် . . . .ငြိမ်းစေ . . မြဝေအေး ။ ။

ဒဂုန်တာရာ
တို့ဗမာ အစည်းအရုံးဘွဲ့ မဟာကဗျာ လေးချိုးကြီး။

No comments:

Post a Comment