Saturday 27 April 2013

အမေစု ချစ်သူများအတွက်



Saturday, April 27, 2013

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို အမေ လို့ တင်စားခေါ်ဝေါ် ကြပါတယ်။ အမေစုကို ချစ်တဲ့သူတွေအအကြိုက်တွေ့စေမယ့် အမေ့ရဲ့ မြန်မာဆန်ဆန် အိမ်တွင်း အလှ ပုံရိပ်များစွာနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ္ဘာကျော် မိန့်ခွန်းတွေ၊ သမိုင်းဝင်စကားတွေကို မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ စာအုပ်ထွက်ပါပြီတဲ့။

စာပေလောက ၆ က ဖြန့်ချီလိုက်တဲ့ Image of Mother Loved by the People , World Famous Speeches and Historic Words ဆိုတဲ့ ပြည်သူချစ်တဲ့ အမေ့ ပုံရိပ်များနဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာကျော် မိန့်ခွန်းများ၊ သမိုင်းဝင်စကားများ ဆိုတဲ့ အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ စာအုပ်ထွက်တာကို ယနေ့ ထုတ် မြန်မာ့အလင်းသတင်းစာမှာ ကြော်ညာ ပါလာပါတယ်။

မြန်မာ့အလင်းသတင်းစာပါ ကြော်ညာ

စာအုပ်ဈေးနှုန်းကို သဲသဲကွဲကွဲ မသိရ ပေမယ့် လူအများ အ၀ယ်များနိုင်တယ်လို့ ရန်ကုန် စာပေလောက က လူတွေက မှတ်ချက်ပေးကြပါတယ်။

"လွန်ခဲ့တဲ့ နှစ်တွေကဆိုလည်း ဂျာနယ်တွေမှာလည်း ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို မျက်နှာဖုံးသုံး လိုက် တာနဲ့ ရောင်းကောင်းခဲ့တာပဲ၊ အခုစာအုပ်ကလည်း ရောင်းကောင်းမယ့် စာအုပ်ဖြစ်မှာပါ" လို့ စာပေလောကသား တဦးက မှတ်ချက်ပေးပါတယ်။


အိမ့်သံစဉ် ~ဧရာဝတီ

No comments:

Post a Comment