Sunday 21 April 2013
ကျနော်ဖတ်ခဲ့ဘူးသော မြန်မာနိုင်ငံ ၏ အကြီးဆုံး အတိုက်အခံခေါင်းဆောင်သြဇာတိက္ခမ္မ ကြီမားသော ဒေါ်အောင်ဆန်းစုကြည် အကြောင်း
ကျနော်ဖတ်ခဲ့ဘူးသော မြန်မာနိုင်ငံ ၏ အကြီးဆုံး အတိုက်အခံခေါင်းဆောင်သြဇာတိက္ခမ္မ ကြီမားသော ဒေါ်အောင်ဆန်းစုကြည် အကြောင်း
ဒီပုံလေးကို ကျနော်တိုကျိုမှာ ဟောပြောပွဲတက်တုံးက ဂျပန်တစ်ယောက်ကလက်ဆောင်ပေးလို့ ရခဲ့ပါတယ်။နောက်တစ်ခါ တိုက်တိုက်ဆိုင်ဆိုင် တိုကျိုတက္ကသိုလ် တက်တုံးကလဲ ဗွီဒီယို ရိုက်နေတုံး ဘေးနားက ဂျပန်က ခင်များအတွက် အမှတ်တရပေးမယ်ဆိုပြီးရခဲ့ပါတယ်။ပုံကတော့ အားလုံး ၅ ပုံပါ။ အွန်လိုင်းပေါ်မှာတော့ ဒီလိုဆွဲကြိုးနဲ့ မမြင်ဘူးသေးပါ။ရှိမယ်လို့ တော့ထင်မိပါတယ်။
ကျနော်အသိနဲ့ ကျနော်ရေးလိုတာကမေမေစုကအမျိုးဘာသာ သာသနာကိုချစ်တယ်။ကိုယ့်လူမျိုး ကိုယ့်ဘာသာ ယဉ်ကျေးမှု ကိုယ့်တိုင်းရင်းသားများအတွက် ဆို  ပြည်သူဘက်ကရပ်တည်ပြီးသားပါ။
နိုင်ငံအတွက်  အမြဲအလုပ်လုပ်ပေးနေပါတယ်။ လိုအပ်ရင် အသက်တောင်ပေးပြီးသားလို့ ကျနော်မှတ်ချက်ပေးလိုတယ်။မေမေစုက နိုင်ငံကိုချစ်တယ်.။ဗုဓ္ဒသာသနာကိုလည်း အဓွန့် ရှည်အောင်  ပြန့် ပွားဖို့ မေမေကြိုးစားနေတယ်။ ပညာရေးမှာလဲ ဂျပန်ရောက်တုံး ကျနော်မေးခွင့်ရခဲ့တယ်။ ဒီနေရာhttps://www.facebook.com/photo.php?fbid=364722696972134&set=a.116579221786484.20330.100003032208873&type=1&theater ဒီလင့်လေးမှာလဲ လာဖတ်ကြပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူတွေအတွက်  လေးစားရတဲ့အကြောင်း ကတော့......
   ပြည်သူတွေအတွက်တန်ဖိုးအကြီးဆုံးအရာကို သင်ပြပေးခဲ့တဲ့ အကြောက်တရားနဲ့ ကြောက်စိတ်ကို ဖယ်ရှားပေးဖို့ နဲ ရိုသားဖြောင့်မတ်ခြင်း နှင့် အမှန်တရားဘဲ ကိုလက်ကိုင်ထားနိုင်ရေးတို့ ပင်ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုပြည်သူတွေ ယုံကြည်လေးစားရတဲ့အကြောင်းရင်များသည်
အမုန်းတရားများကို အန်တုပြီး စည်းစည်းလုံးလုံး နှင့် အလုပ်လုပ်ခြင်း ဖြစ်ပါတယ်. ပြည်သူများဘက်မှနေပြီိး
ပြည်သူများအတွက် ယနေ့ တိုင် မားမားမတ်မတ် ယနေ့ တိုင် ရပ်တည်လျက်ရှိပါတယ် ။ဘ၀မှာ ပိုပြီး တက်ကြွအောင် နေပါတဲ့ ..ဒါကလည်းဒေါ်စုပြောတဲ့ မိန့် ခွန်းများထဲကပါ ။
”ကျမ နိုင်ငံရေးမှာ ပိုပြီး တက်ကြွှသင့်တယ်လို့ ကျမထင်တယ်၊ ဘာလို့လဲဆိုတော့ ကျမကိုယ်ကျမ နိုင်ငံရေးသမားအနေနဲ့ကြည့်မိလို့ပါပဲ။ ဒါက ညစ်ငြမ်းတဲ့ အလုပ်လဲ မဟုတ်ဘူး။ နိုင်ငံရေးသမားတွေမှာ တခုခုမှား နေတယ်လို့ တချို့က ထင်ကြတယ်၊ တချို့သော နိုင်ငံရေးသမားတွေမှာ မှားနေပါတယ်။” လို့ ပြောကြားခဲ့ဘူးပါတယ်..။ပြည်သူတွေဆီက ပြန်ပြီးပေးဆပ်ဖို့  အလေ့အထတစ်ခုကလည်း မှတ်သားစရာကောင်းလှပါတယ် တဲ့ဗျာ
မြန်မာဆန်ဆန်ရိုးရိုးလေးဝတ်ပြီးအသွင်အမြင်ဆန်းနေသည့် ပြည်သူ့ ခေါင်းဆောင်အ မေစုပန်းပန်လျက်နဲ့ ပြုံးတဲ့အ မေစုကတော့ အ မေစုရဲ့ ဂျပန်အပါအ၀င်နိုင်ငံတကာခရီးစဉ်ကြောင့်မြန်မာ့ယဉ်ကျေးမှူကိုနိုင်ငံတကာကပိုသိလာပြီး
အ မေစုဝတ်စားဆင်ယင်ပုံကြောင့်ဂုဏ်တက်စေခဲ့မြန်မာကိုနိုင်ငံတကာကသိတာဒို့ အ မေစုကြောင့်ဟုတ်ပါလားဗျာ။
ဒို့ တတွေအ မေစုနောက်လိုက်ကြစို့  ရဲ့  ..သင်လည်း လိုက်ခဲ့ပါ။
နောက်အလျဉ်းသင့်သလိုဖော်ပြပါအုံးမယ်။ကိုထွန်းဝေ
မေတ္တာဖြင့်မျှဝေပါတယ်။
21.4.2013
No comments:
Post a Comment