Sunday 28 April 2013

ဒေါ်အောင်ဆန်းစုကြည်၏ရှားပါးပုံနှင့် တန်ဖိုးကြီးတဲ့မိန့် ခွန်းများ


ရှားရှား ပါးပါး အိပ်ထဲဆောင်ထားရင်အဆင်ပြေပါတယ်။သွားလေတိုင်းယူသွားရင် အန္တရာယ်ကင်းပြီးဘယ်နိုင်ငံကလဲပြောလာရင်ပုံသာထုတ်ပြလိုက်ရင်မြန်မာနိုင်ငံသားမှန်း သိကြပါပြီ။ကြည့်ပါဦး ပကာသနမပါတဲ့ ပြည်သူ့ မေမေ... က အသက်အရွယ်နဲ့မမျှအောင် ဒီလိုအပင်ပန်းခံခဲ့ရတယ်... ခုလဲဘဲ အလုပ်နဲ့သက်သေပြနေတုံးဘဲလေဒါက အမှတ်တရပါ...

အမေပြောတဲ့စကားလေးတွေဖတ်ကြည့်ကြရအောင်

ပြည်သူတွေအများစုက ဘယ်အချိန်ပဲ ဖြစ်ဖြစ် တွေ့မြင်လိုက်တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်အား “အမေစု”ဟု ခေါ်ဝေါ်တဲ့အပေါ် သူမရဲ့ ခံစားချက်ကို ဖြေကြားတဲ့ အခါတော့..

"ပထမဆုံးအနေနဲ့တော့ ကျမ ဖေဖေ့ရဲ့ အမေ အဘွားကို သတိရစေပါတယ်။ အဘွားရဲ့ ဇာတိမြေ နတ်မောက်တစ်မြို့လုံးက ကျမတို့ အဘွားကို အမေစုလို့ပဲ ခေါ်ကြတယ်လေ။ အိမ်နီးချင်းတွေ အမျိုးတွေတင် မဟုတ်ဘဲ ဘာကြောင့်ရယ်တော့ မသိ တစ်မြို့လုံးက အမေစုလို့ပဲ ခေါ်ကြတယ်။ တခြားတစ်ခုကတော့ အမေရယ်လို့ အခေါ်ခံရတာ ရည်ညွှန်းခံရတာ တာဝန်တွေ ပိုကြီးလာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမေတစ်ယောက်ရဲ့ အခန်းကဏ္ဍက အင်မတန် အရေးပါပြီး တာဝန်ဝတ္တရား ပိုကြီးမားလို့ပါ….”

“ကျမအထင် လူတွေက သူတို့လုပ်ချင် ဖြစ်ချင်တဲ့နေရာတွေကို သွားနိုင်ဖို့ ကျမကို ကူညီစေချင်ခဲ့တာပါ..ကျမ သူတို့ကို ကြိုးစားသင်ပေးနေတာကတော့ သူတို့ကိုယ်တိုင်က ကူညီနိုင်တယ်ဆိုတဲ့ အချက်ပါပဲ... ကျမတို့ တူတူ လုပ်ကြမယ်.. သူတို့ ကျမတစ်ယောက်တည်းကို အားကိုးလို့ မရဘူးလေ..တခြား ဘယ်သူတစ်ဦးတစ်ယောက် ပါတီအဖွဲ့အစည်းတစ်ခုကိုလည်း သူတို့ လိုချင်တာကိုရောက်ဖို့ အားကိုးလို့မရပါဘူး...”

“လူတွေကိုယ်တိုင်..အထူးသဖြင့် လူငယ်လေးတွေဟာ ဒီဇာတ်လမ်းမှာ အရေးကြီးတဲ့ သရုပ်ဆောင်တွေပါပဲ…
ဒါလေးတွေကို မျှဝေလိုက်ပါတယ်။
နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။

ကိုထွန်းဝေ
28.4.2013
လေးစားစွာမျှဝေလိုက်ပါတယ်။


https://www.facebook.com/photo.php?fbid=369864866457917&set=a.116579221786484.20330.100003032208873&type=1&theater

No comments:

Post a Comment