Monday 22 April 2013

ဦးသိန်းစိန်အစိုးရကိုယ်စားလှယ်တွေ နယူးရောက်မြို့မှာ ဆန္ဒပြခံရ



 
Photo
 
ဦးသိန်းစိန်အစိုးရကိုယ်စားလှယ်တွေ နယူးရောက်မြို့မှာ ဆန္ဒပြခံရ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော ကျောက်မျက်ရတနာ ကုန်သွယ်မှုပိတ်ဆို့ရေးဥပဒေ ပြန်လည်ရုတ်သိမ်းပေးရန် အတွက် ဦးသိန်းစိန်အစိုးရကိုယ်စားလှယ်တွေ အမေရိကန်မှာ လာရောက်လှုပ်ရှားဖော်ဆောင်နေကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်သောဒီမိုကရေစီ ကို မဖော်ဆောင်သေး...ဘဲ၊ နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်မှုမရှိသေးဘဲ၊ တရားဥပဒေစိုးမိုးမှုမရှိသေးဘဲ ရွှေရေစိမ်ဒီမိုကရေစီ ဖြင့် စစ်အာဏာရှင်စနစ်ကိုသာ တောင့်တင်းခိုင်မာအောင် ရည်ရွယ်ချက်ရှိရှိ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြင့် အရပ်သားယောင်ဆောင်ထားတဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုကို အသက်သွင်းလျှက်ရှိပါတယ်။ နိုင်ငံတွင်းမှာ တိုင်းရင်းသားတွေနဲ့ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကိုလည်း ရပ်တံ့နိုင်ခြင်းမရှိသေးပါ။ ဦးသိန်းစိန်အစိုးရကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးအောင်မင်း ဦးခင်ရီ အပါအဝင် ဝန်ကြီးလေးဦး ဟာ နိုင်ငံတကာအစိုးရများကို စနစ်တကျ လိမ်ညာမှုအပေါင်းကိုပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် နယူးရောက်မြို့မှာ လူထုနဲ့တွေ့ဆုံရှင်းလင်းပွဲကို ယနေ့ ဧပြီလ ၂၁ရက် ၁နာရီ မှ ၄နာရီအထိ ကမ္ဘာ့ကုလသမဂ္ဂအဆောက်အဦးရှေ့ရှိ ၇၇၇ ကုလသမဂ္ဂ ပလာဇာ အဆောက်အဦး မှာ ကျင်းပပြုလုပ်ရာ တက်ရောက်ဆွေးနွေးကြသူ ၅၀-၆၀ ခန့်ရှိကြောင်း နဲ့ ဆန့်ကျင်ဆန္ဒပြသူ ၄၅ဦးခန့်ရှိကြောင်း သိရှိရပါတယ်။ ဆန္ဒပြသူတွေက မြန်မာပြည်မှာ လူထုဆန္ဒတွေ မတိမ်းချော်ရအောင် စစ်မှန်တဲ့ဒီမိုကရေစီရရှိရေး အတွက် ရည်ရွယ်ကျင်းပကြတယ်လို့ သူတို့ရဲ့ကြေငြာချက်မှာ ရှင်းလင်းစွာဖော်ပြထားပါတယ်။ ဦးသိန်းစိန်အစိုးရကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးအောင်မင်း ဦးခင်ရီ တို့ဟာ နယူးယောက်လူထုကို လာပြီး လိမ်ညာနေသောကြောင့် "လိမ်ညာပွဲကို ဆန့်ကျင်ကြစို့" "ရွှေရေစိမ်ဒီမိုကရေစီကို ဆန့်ကျင်ကြစို့" ခေါင်းစဉ်ဖြင့် ဆန့်ကျင်ဆန္ဒပြရကြောင်း သူတို့ရဲ့ဖိတ်စာမှာ ဖော်ပြထားပါတယ်။ ဆန့်ကျင်ဆန္ဒပြသူတွေက မြန်မာပြည်ဒီမိုကရေစီရရှိရေး ငြိမ်းချမ်းရေးရရှိရေး နဲ့ လူ့အခွင့်အရေးရရှိရေးအတွက် အောက်ပါ တောင်းဆိုချက်တွေ အော်ဟစ်ကြွေးကြော်တောင်းဆိုကြပါတယ်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (အလိုမရှိ အလိုမရှိ) လူမျိုးရေး ဘာသာရေး အထိကရုဏ်း (အလိုမရှိ အလိုမရှိ) နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး (ဒို့အရေး ဒို့အရေး) မတရားဖမ်းဆီးခံထားရတဲ့ ကိုရဲမင်းဦးလွှတ်ပေးရေး (ဒို့အရေး ဒို့အရေး) အောင်မင်း ခင်ရီ (လူလိမ် လူလိမ်)
 
 ဓါတ်ပုံ ...  ကိုအောင်မျိုးဝင်း
 
မူရင်း  ကိုဇော်ဝင်း

No comments:

Post a Comment