Friday 26 April 2013

“ဘော်စတွန်က ဗုံးတစ်စ၊ ရန်ကုန်က မိဘတို့ ရင်ဝထိမှန်ခြင်း”




           အမေရိကဆီက ဘော်စတွန်မြို့မာရသွန်ပွဲကို အကြမ်းဖက် 
တိုက်ခိုက်လိုက်ရုံမျှနှင့် အာရှဆီက အထွေထွေကျပ်တည်းမှုတွေကို
အနိုင်နိုင် ရှောင်ရှားနေရသူတွေပါ ထိခိုက်သွားလိမ့်မည်ဟု အဘယ်
အကြမ်းဖက်သမားမျှ စာနာတွေးဆ ခဲ့မည်လည်း မဟုတ်ပါ။
                   *                  *                           *
            အမေရိကန် ဘော်စတွန်မြို့မှာ ဧပြီ ၁၆ရက်နေ့ ဗုံးပေါက်ကွဲမှု
အရှိန် ဟာ တရုတ်ပြည်မကြီးလူဦးရေ ထိန်းချုပ်မှုစနစ်အောက် ရှင်သန်
နေခဲ့သူ တရုတ်မျိုးဆက်သစ်ကြား ကြီးစွာ ရိုက်ခတ်သွားပါသည်။ သား
သမီးတစ်ဦးတည်းသာ မွေးဖွားခွင့် ရသူတို့အတွက် သားသမီးတစ်
ယောက်ထက် ပိုမမွေးရဲသူ ကျွန်တော်တို့ ဇနီးမောင်နှံ စာနာနားလည်
ပေးနိုင်တာအဆန်းတော့ မဟုတ်နိုင်ပါ။ သေဆုံးသူ ၃ဦး
(တရားခံလို့ ယူဆသူကို ဖမ်း ရင်း ရဲတစ်ဦးသေဆုံးတော့ လေးဦး) နှင့်
ဒဏ်ရာအနာတရ(ဘယ်အခါမှ အရှင်းပြန်လည်ပျောက်ကင်းသွား မည်
မဟုတ်သော ခန္ဓာကိုယ်ချို့ယွင်း မှုဒဏ်ရာတွေနှင့်)ရရှိခဲ့သူတွေ အပေါ်
ကမ္ဘာတစ်ဝှမ်းစာနာခဲ့ကြမှု အပေါ်မှာကျွန်တော်သည်ကမ္ဘာသူ
ကမ္ဘာသားတစ်ဦးအဖြစ် ပါဝင်ခဲ့သည့်နည်းတူ သားသမီးတစ် ဦးသာ
အနာဂတ်မျိုးဆက်အဖြစ် ပိုင် ဆိုင်ခွင့်ရသူတရုတ်မိဘနှစ်ပါး၏
ဘဝမျှော်လင့်ချက်၊ ချစ်လှစွာသော(တစ်ဦးတည်းသော)မျိုးဆက်
ရင်သွေး ဘော်စတွန်ရောက် တရုတ်ကျောင်းသူလေးအတွက်
သားသမီးချင်းကိုယ် ချင်းစာ“နာ”ခဲ့ရပါသည်။ ရခဲလှသောလူ့ဘဝ၊
မနုဿတ္တဒုလ္လဘဆိုသည်က ဤခေတ်ကာလ ကြီးမှာ ပိုမှန်နေပါပြီ။
ဖန်ပြွန်သန္ဓေ ဖြင့်ပင် မွေးနိုင်နေသည်ဆိုသော်ငြား မွေးနိုင်ပေမယ့်
မကျွေးနိုင်လျှင်၊ ကျွေးနိုင်ပေမယ့် လူတန်းစေ့မထားနိုင်
လျှင်ဆိုကာမိဘတွေမှာ သားသမီးအရေးအများကြီးတွေးဆလာရ၊
သားသမီးဇော အများကြီးမောရှာကြခြင်းကို ယနေ့ကာလသား မိဘ
ဖြစ်နေကြ သူများခမျာ ဟိုရှေးအခါကမိဘများလို သားသမီးအများကြီး
ပွားစီ်းရဲနိုင်စွမ်းခြင်းမရှိသည့်အဖြစ်နှင့်ယှဉ်ကာ ရေးသားတင် ပြထား
သည့်စာတွေကို ကျွန်တော် ဖတ်ခဲ့ပြီးပြီ။ တစ်ခေတ်တစ်ခါက လူမူဘဝ
ကျပ်တည်းခဲ့ဖူးသော ပြည်ကြီးသား တရုတ်အမျိုးကောင်းသားတို့မှာ
နိုင်ငံတော်၏စီမံချက် အဖြစ် တစ်မိသားစု သားသမီးတစ် ဦးသာမွေးဖို့
အမိန့်ထုတ်ထား၍သာ သားသမီးနှစ်ယောက် မမွေးရဲခြင်းက အကြောင်း
မဟုတ်၊မထောင်းသာလှ သော်လည်းမြန်မာပြည်ဖွား မြန်မာ ပြည်သား
ဖြစ်သည့် ကျွန်တော်တို့မှာ သားသမီးနှစ်ယောက်
မယူရဲခြင်းမှာစိတ်ထဲ လိပ်ပြာမသန့်သလို ခံစားရ မိပါ၏။
ဒီအတွက်လည်း ကျွန်တော် “မျိုးဆက်နှင့်ကမ်းလက်”ဟူသော
စာကဗျာလေးကို ရင်နာနာဖြင့် ရေးခဲ့ဖြစ် သည်။

“မျိုးဆက်နဲ့ကမ်းလက်“
မဟုတ်သေးပါဘူးဗျာ..
တကောင်းအဘိရာဇာ
လက်ထက်ကတည်းက
ဤမြေကမ္ဘာ
ဦးသိန်းစိန်လက်ထက်ကျမှ
ပိုကျယ်မလာနိုင်တာနဲ့
မျိုးဆက်သစ်တို့
ရောက်လာမှာကို
ကြောက်ကြတယ်ဆိုတာ..။
' ပြန်တွေးကြည့်ကြစမ်းပါဗျာ။
တို့အဘေး..တို့အဘိုး၊
တို့အဖိုး..တို့အဖေတို့ခမျာ
ချန်ရစ်ချင်လွန်းခဲ့တဲ့မျိုးဆက်
ကျော်သူတို့လက်ထက်ကျမှ
ကမ်းလက်နဲ့မကြိုနိုင်လျှင်
ရိုင်းလိုက်မယ့်ရာဇဝင်။
ကဲ..
ဒို့မြေ..ဒို့ရေ..
ဒို့ကမ္ဘာ..ဒို့နေရာ
ဘယ်လောက်ကျဉ်းကျဉ်း
ဘယ်လောက်ကျပ်ကျပ်
ရယူပိုင်ဆိုင်ချင်စိတ်တွေလျှော့ချ၊
ကိုယ့်တစ်ကိုယ်စာနေရာချုံ့ရင်း
နောက်မျိုးဆက်တို့အတွက်
ပေးဆပ်အနစ်နာခံချင်စိတ်နဲ့
နေရာကျယ်ကျယ်ချဲ့ပေးပါစို့လား..။

ဦးသိန်းစိန်တို့ ကျော်သူတို့ အမည်တွေထည့်ရေးတာကယနေ့ 
ခေတ်ကိုရည်ညွန်းလို၍သာ။ယခုတော့ ထိုကဗျာမှာ ဦးကျော်သူ
(ဥက္ကဋ္ဌ၊နာရေးကူညီမူအသင်း-ရန်ကုန်)ကအရပ်ရပ်အနယ်နယ်
ဟောပြောပွဲတိုင်းမှာရွတ်ဆိုပေးလေ့ရှိသည့်ကဗျာဖြစ်လာ၍
ကျေးဇူးလည်းတင်ရ၏။နောက်တစ်ဦးကျေးဇူးတင်ရမည့်သူက
ညီငယ်ဝဏ္ဏ(တစ်ခေတ်တစ်ခါကနာမည်ကျော်စာရေးဆရာ၊
ဓါတ်ပုံဆရာဦးခွါနီး၏မျိုးဆက်ယနေ့ နိုင်ငံကျော်ဓါတ်ပုံဆရာ
ဝဏ္ဏခွါနီး)ဖြစ်မည်။မနေ့ က( ဧပြီ ၂၅ ရက်နေ့ )ညီလေးဝဏ္ဏ
ဖုန်းဆက်သည်နှင့်အချိန်အတော်ကြာအောင်စကားပြောဖြစ်သည်။
စာနယ်ဇင်းသမားနှင့်ဓါတ်ပုံပညာရှင်တို့ပြောသည့်စကားမျိုးတော့
မဟုတ်သားသမီးရင်သွေးအနာဂါတ်ပညာရေးအတွက်ရင်လေးသူ
ဖခင်နှစ်ဦးပြောသည့်စကားမျိုးသာ။
နာမည်ကျော်ဓာတ်ပုံပညာရှင်တစ်ဦးဖြစ်သလိုကြွယ်ပိုးကြွယ်ဝ
နှစ်ဘက်မိဘဓနအင်းအားမနိမ့်ပါးသည့်သူညီငယ်ဝဏ္ဏက ၄င်း၏
ဖေ့စ်ဘွတ်ခ်စာမျက် နှာပေါ်တွင်'စာသင်ကျောင်းပိုင်းရှင်များသူဌေး
ဖြစ်ရေး၊မိဘများ ခွေးဖြစ်ပေး၊ကျောင်းလခများတိုး၍ ကောက်ခံ၊
တိုးတိုး၍ ကောက်ခံ၊မိဘများလျှာ ထွက်'ဟူ၍စာရေးထားသော
ကဒ် ထူကြီးတစ်ချပ်ကို ကိုင်ထားကာငိုမဲ့မဲ့ မျက်နှာဖြင့် ယနေ့ 
မိဘတို့ အဖြစ်ကိုထင်ဟပ်စေသော ဟာသနှောသည့် ဓာတ်ပုံ
တစ်ပုံတင် ဆက်ခဲ့သည်။အဆိုပါဓာတ်ပုံမှာနိုင်ငံကျော်ဓါတ်ပုံဆရာ
ဝဏ္ဏခွာနီးကိုယ်ပိုင်ခံစား ချက်ဖြစ်သလိုယနေ့ ခေတ်ကာလ
သားသမီးပညာရေးကိုကမ္ဘာနှင့်ရင်ပေါင်တန်းစေလိုသည့်ဆန္ဒတွေဖြင့်
အင်္ဂလိပ်စာအဓိကသင်သောပုဂ္ဂလိကကျောင်းတွေထံကပညာ
သင်ယူနိုင်ကြဖို့ အရေးငွေကြေးကုန်းရုန်းရှာဖွေနေကြရရှာသူတွေ
မိဘတစ်တွေ၏လူမူဘ၀ကိုကိုယ်စားပြုခဲ့ပုံလည်းရ၏။
             ပညာရွှေအိုးလူမခိုးဆိုသောရှေးစကားပုံကိုကျွန်တော်တို့ 
ငယ်စဉ်ကရွှေအိုးရှိမှပညာရဟူ၍အသော့အထေ့စကားဆိုခဲ့ပေမဲ့ ယနေ့ 
ကာလမှာတော့ငြင်းမရနိုင်သောအတည်ပေါက်စကားဖြစ်ခဲ့ပြီဆိုသည်
ကသေချာ၏။ဆိုရှယ်မီဒီယာဟုပင်ဟုဆိုညွှန်းနိုင်သော လူ မှုကွန်ရက်
စာမျက်များပေါ် ပျံ့နှံ့သွား ခဲ့ပြီး ပြန်လည်ဝေမျှသူများပြားခဲ့ သည့်
ညီငယ်ဝဏ္ဏ၏ဟာသနှောသည့် ဓာတ်ပုံတစ်ကြောင့်ပုဂ္ဂလိက ကျောင်း
များနှင့် ပတ်သက် ၍အင်တာနက်သုံးစွဲသူများ ကြားမှာအပြန်အလှန်
ဆွေးနွေးခဲ့စရာဖြစ်သွားရသည်ကြောင့်လည်း ညီငယ်ဝဏ္ဏနှင့်ကျွန်တော်
တို့ နှစ်ဦးအကြားဆွေးနွေးမူမှာအထူးအလေးထားတွေးစရာမိဘမေတ္တာ
သရုပ်သဏ္ဍန်တွေပါခဲ့သည်အထိမို့ မပေါ့ဆရဲခဲ့တာအမှန်ပါ။ရင်သွေးနှစ်ဦး
ယူနိုင်ရဲအောင်သတ္တိကောင်းခဲ့သည့်ညီငယ်ဝဏ္ဏမှာပုဂ္ဂလိကကျောင်း
တစ်ချို့ ကသားသမီးချင်းကိုယ်ချင်းမစာဟုဆိုလောက်အောင်မြန်မာပြည်
ရှိလူထုအများစု၏လူမူ့ ဘ၀နှင့်မဆီမလျော်(ရေပေါ်ဆီလူတန်းစားဆိုသည်
ကလက်တစ်ဆုပ်စာမျှဆိုသည်ကိုမငဲ့ မတွက်)ကိုယ့်မြေပေါ်မှာဈေးခေါ်
ပညာရောင်းနေကြခြင်းအပေါ်မှာတော့စိုးရိမ်စိတ်ဝင်ကာအနာဂါတ်
အရေးတွေးကြောက်နေပြီဆိုသည်လည်းအသေအချာ။
ဤအရေးမှာညီငယ်ဝဏ္ဏထက်အရင်တွေးကြောက်ခဲ့သူကျွန်တော်၏
အကြောက်တရားကလည်း ရှေ့ မှာဆိုခဲ့သလိုသားသမီးတစ်ဦးထက်ပို
ကာမွေးခဲ့လျှင်သားသမီးတွေကိုလူတန်းစေ့မထားနိုင်မှာကြောက်သည့်
အကြောက်၊သားသမီးတွေကိုလူတန်းစေ့ပညာသင်ယူစေခြင်းမပြုနိုင်
မှာကြောက်သည့်အကြောက်၊သားသမီး ရင်သွေးမျိုးဆက်လေးတို့ ဘဝ
အနာဂါတ်ဟာကိုယ့်တာဝန်မကျေမူကြောင့်လူ့ အောက်သူ့ အောက်
ကျတော့မှာကို အကြောက်ကြီးကြောက်ခဲ့သည့်အကြောက်သာ။
အခုလိုအမိမြန်မာပြည်ဖွားမြန်မာအမျိုးကောင်းသားမိဘများတို့ ခမျာ၊
အနာဂါတ်မျိုးဆက်သားသမီးတို့ ဘ၀လူ့ အောက်သူ့ အောက်မကျဖို့ 
အရေး မှာပညာကုန်သည်တို့ ကုပ်သွေးစုပ်မူ့ အောက်မှာလည်စင်းခံကြ
ဖို့ မှတစ်ပါးအခြားမရှိသလိုဖြစ်နေခြင်းမှာသဘာဝမကျုတော့ပြီဟုဆိုငြီး
ချင်စရာ။သားသမီးတို့ အတွက်ဆိုကိုယ့်တစ်ကိုယ်လုံးကျွဲပုခုန်းထချင်
ထပါစေဆိုသည့်သတ္တိ၊ ရင်သွေးအနာဂါတ်အရေးပညာသင်စရိတ်
အတွက်မဖြစ်ဖြစ်အောင်ရုန်းကန်ရှာဖွေပေးကြမည့်မကြောက်တရား
နှင့်ဤမည်သောလွန်စွာမြင့်မြတ်လှသည့်မိဘတို့ ၏ရင်တွင်းရှိထာဝရ
သစ္စာ၊မိဘမေတ္တာအပေါ်ဓါးစာခံပြုနေသည့်ပမာ
လုပ်မိနေခြင်းအပေါ်ဆိုင်ရာပုဂ္ဂလိကကျောင်းများကသတိဝင်မိစေ
ရုံသာမကနိုင်ငံတော်ပိုင်းကပညာရေးကဏ္ဍကိုကိုင်တွယ်နေသူတွေသိစေ
ကြလိုမူကကိုညီငယ်ဝဏ္ဏနည်းတူမိဘတော်တော်များများမှာလည်းဆန္ဒ
ရှိနေပုံရသည်။
           အထွေထွေလူမူအကျပ်အတည်းကြားမှာအရာရာကြောက်ရွံနေ
ကြရရှာသည့်အကြောက်တရားအပြင်ကိုယ့်နိုင်ငံတွင်းဥပဒေပြုမထား
သော်လည်းတစ်အိမ်ထောင်သားသမီးတစ်ဦးထက်ပိုမယူရဲ။သားသမီး
တစ်ဦးထက်ပိုကာလူတန်းစေ့မထားနိုင်မှာအကြောက်ကြီးကြောက်ခဲ့ပြီး
သားကျွန်တော်တို့ လိုလူစားတွေအများအပြားရှိနေဆဲ(ရုပ်သံတွေ
ကလည်းသားဆက်ခြားရေးပညာတွေးပေးနေ)။ဤချိန်ခါမှာပုဂ္ဂလိက
ကျောင်းကိုသားသမီးတစ်ဦးထက်ပိုမထားနိုင်မှာစိုးရိမ်သည့်ဤမည်သော
အကြောက်တရားအသစ်တွေအထပ်ထပ်ဖြစ်ကာအမျိုးကောင်းသား၊
အမျိုးကောင်းသမီးတို့ မှာတစ်ဦးထက်ပိုမျိုးဆက်မယူရဲကြတော့လျှင်
အနာဂါတ်မျိုးဆက်အရေးကျွန်တော်ဆက်မတွေးရဲ။
                     *                  *                           *
             အမေရိကဆီက ဘော် စတွန်မြို့မာရသွန်ပွဲကို အကြမ်းဖက် 
တိုက်ခိုက်လိုက်ရုံမျှနှင့် အာရှဆီက အထွေထွေကျပ်တည်းမှုတွေကို အနိုင်နိုင် 
ရှောင်ရှားနေရသူတွေပါ ထိခိုက်သွားလိမ့်မည်ဟု အဘယ် အကြမ်းဖက်
သမားမျှ စာနာတွေးဆ ခဲ့မည်လည်း မဟုတ်ပါ။
ကိုမျိုး(မြန်မာစာ)
'စာသင်ကျောင်းပိုင်းရှင်များသူဌေး ဖြစ်ရေး၊မိဘများ ခွေးဖြစ်ပေး၊ကျောင်းလခများတိုး၍ ကောက်ခံ၊ တိုးတိုး၍ ကောက်ခံ၊မိဘများလျှာ ထွက်'
 
ပေးပို့ သူ    ကိုမျိုး ( မြန်မာစာ ), Ko Myo ( Myanmarsar ) (Notes) on Friday, April 26, 2013 at 7:08pm

No comments:

Post a Comment