Saturday 27 April 2013

ရဲ နဲ့ တွေ့ ဆုံ ခြင်း

ကျနော့်အဖြစ်အပျက်လေးတစ်ခုပါ

ဒေါ်စုဂျပန်ရောက်တော့ ဒေါ်စုအကြောင်းမေးကြတဲ့ ဂျပန်လူမျိုးတွေကို ကျနော်သိသလောက်ဂျပန်က မိတ်ဆွေတွေကိုဖြေခဲ့ပါတယ်။
ဒေါ်စုက သိပ်ဘုန်းကံကြီးမားပါတယ်တဲ့ ..သူပေးဆပ်ခဲ့ရတာတွေ
ပြီးတော့ သူပြန်ပြောတာတွေကို နားထောင်တယ်ဒါမှ ဒေါ်စုအကြောင်း ပြန်ပြောပြနိုင်ခဲ့ပါတယ်။
တချို့ ဂျပန်လူမျိုးတွေက ဒေါ်စု ကို တော်တော် သိထားကြပါတယ်။

အံ့သြလောက်အောင် အမေစုအကြောင်းကိုလေ့လာထားပုံရတယ်..၊

ဂျက်နဲ့ လက်နဲ့ အချက်ကျကျလက်ကျကျပြောနိုင်တယ်.ဗျ။

အရမ်းလဲလေးစားတဲ့ပုံပေါ့ဗျာ။
ပြီးတော့ သူတို့ ဂျပန်နိုင်ငံကိုအမေစုလာတာဝင့်ကြွားတယ် ဂုဏ်ယူနေပုံပဲ၊
မိုးကြိုးပစ်ချသလားလို့ ဘဲထင်ထောင်မထင်ဘူးဗျ။မိမိထက်တောင် ပိုသိခဲ့တာတွေ ပြန်ကြားရတော့ လေးစားမိပြန်ရော.

မသိတဲ့ဂျပန်ကတော့မရှိသလောက်ပါဘဲ
သူပြောတာ..သူမှမဟုတ်ဘူး ဂျပန်ပြည်သူတွေအများစုဒီလိုပဲတဲ့..၊
နိုင်ငံ့ခေါင်းဆောင်တစ်ယောက်လာတာထက်ကို..
တန်ဘိုးရှိတဲ့ ရတနာတပါးလာသလိုပဲခံစားရတယ်.တဲ့၊ တွေ့ ချင်တယ် ဘယ်လိုကူညီနိုင်မလဲမေးတော့ ခက်ပြန်ရော ။ကျနော်လဲသတင်းယူရင်း မတွေ့ ခဲ့ရတာတွေပြန်ပြောပြတော့ နားလည်သွားပုံရတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူတွေအတွက် လေးစားရတဲ့အကြောင်း တွေကို ကျနော်သိသလောက်ရှင်းပြပေးခဲ့ပါတယ်။

ပြည်သူတွေအတွက်တန်ဖိုးအကြီးဆုံးအရာကို သင်ပြပေးခဲ့တဲ့ အကြောက်တရားနဲ့ ကြောက်စိတ်ကို ဖယ်ရှားပေးဖို့ နဲ ရိုသားဖြောင့်မတ်ခြင်း နှင့် အမှန်တရားဘဲ ကိုလက်ကိုင်ထားနိုင်ရေးတို့ ပင်ဖြစ်ပါတယ်ပေါ့
အာဏာရှင်တွေကို ဘာအကြောင်းနဲ့ မှ ကြောက်စရာမလိုဘူး...ဆိုတာ သိစေချင်ပါရဲ့ သိအောင်လဲ အမျိုးမျိုး သင်ပြပြောဆိုနေဆဲဘဲလို့ ပြောပြတော့ သေသေချာချာစူးစူးစိုက်စိုက်ကြည့်ပြန်ရောဗျာ။

ဒေါ်စုအဖေဗိုလ်ချုပ်လက်ထက်ကတည်းက..
မြန်မာ့တပ်မတော်ကိုထူထောင်တဲ့အချိန်မှာ..၊
ဂျပန်နဲ့ ရာဇ၀င်တွင်တဲ့ ဆက်နွယ်မှုတွေရှိခဲ့တာပဲလေ ဒါအမှန်ဘဲ

နောက်ပြီးဒေါ်စုရဲ့အရည်အချင်းကိုလေးစားကြတယ်တဲ့.၊
တကယ်ကို ဒီလိုလူမျိုးရှားပါတယ်..တဲ့၊
အဘက်ဘက်က အားသာချက်များတဲ့..သူဖြစ်နေတယ်တဲ့၊
နောက်တခေတ်မှာ သူ့ လိုလူမျိုး မြန်မာပြည်မှာ မရှိတော့ဘူးလို့ ဆိုပြန်တယ်။
ဒီလိုမျိုးတွေ ကျနော်နဲ့ ပြောဖြစ်ခဲ့ပါတယ် ဒါကျနော် ကျိုတိုကပြန်လာတော့ ပြောဖြစ်ခဲ့တာလေးပါ။
ပြန်ခါနီးပြောသွားသေးတယ် ကျနော့်ကိုဖဲ့ တာလို့ မြင်မိတယ်။

မင်းတို့ ဓါတ်ပုံတွေရိုက် အွန်လိုင်းပေါ်တင် တွေသိပ်မလုပ်နဲ့...တဲ့၊
မင်းတို့ က အရူး တွေ အရမ်းလုပ်ကြတာပဲတဲ့..၊
သူ့ပုံစံက တကယ့်ရင်ထဲက စေတနာနဲ့စွာပြောမှန်းသိပါတယ် ဒါပေမဲ့ လမ်းလဲ ခွဲသွားရော ကျနော်တွေးမိတယ် ။ မိမိစိတ်နဲ့ သာပြောလိုက်တာ အဲ့ဒီ ဂျပန် က ဒေါ်စုလာတုံးက လုံခြုံရေးကျတဲ့ ရဲဖြစ်နေရောဗျာ
သေစမ်း.။

ဒီလောက်နဲ့ ဘဲ ရပ်ပါရစေ။

ဓါတ်ပုံ
ကိုဘန်နီ

ကိုထွန်းဝေ
ရင်တွင်းဖြစ်
မျှဝေပါတယ်။27.4.2013

No comments:

Post a Comment