Tuesday 5 March 2013

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ဒေါက်တာ Seal Turnell ကိုရွေးချယ်



ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ဒေါက်တာ Seal Turnell ကိုရွေးချယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ဥက္ကဋ္ဌ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်က ၄င်းတာဝန် ယူထားရသော ကော်မတီများ စွာ၏ လုပ်ဆောင် ချက်များတွင် ကောင်းမွန်သော အကြံဥာဏ်ပေး နိုင်ရေးအတွက် ကမ္ဘာကျော် စီးပွား ရေးပညာရှင် ဒေါက်တာ Seal Turnell ၂၃-၂-၂၀၁၃ ရက်က သိရသည်။

Australian သတင်းစာ၏ အဆိုအ ရဒေါ်အောင်ဆန်း စုကြည်၏ ယခုကဲ့သို့ ရွေးချယ်မှုကို ဒေါက်တာ Seal Turnell ကဝမ်း မြောက်စွာဖြင့် လက်ခံခဲ့ကြောင်း နှင့်၎င်းတို့ အနေဖြင့် ဆက်သွယ် ရေးကွန်ရက် မျိုးစုံမှတစ်ဆင့် အတွေးအ ခေါ်အယူအ ဆများတို့ကို အကြံပြုဆွေးနွေး ပေးသွားမည်ဟု သိရ သည်။
မစ္စတာSeal Turnell သည် ကမ္ဘာ့စီးပွားရေးရာ ကိစ္စ ရပ်များကို ပုံမှန်ဆွေး နွေးဝေဖန်သုံးသပ် နေသူ တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွား ရေးအခြေ အနေကိုလည်း မကြာခဏသုံး သပ်ပြောကြား နေသူဖြစ်ကြောင်းလည်း သိရသည်။ မစ္စတာ Turnell နှင့် ဒေါ် အောင်ဆန်း စုကြည်တို့ ယခင်ကတည်း က ရင်းနှီးမှုရှိကြသူ များဖြစ်သည့် အပြင်မစ္စတာTurnell ကိုယ်တိုင်က ဒေါ်အောင်ဆန်း စုကြည်ကို လေးစားအားကျ သူတစ်ဦး ဖြစ်သညဟု ထုတ်ဖော်ပြော ကြားထား ဖူးသူဖြစ်သည်။

မစ္စတာTurnell နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ ၂၀၁၀ ပြည့်နှစ်က မြန် မာနိုင်ငံတွင် တွေ့ဆုံခဲ့ကြပြီးနောက် ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ မစ္စတွှာကမညနူ က ၁၀ ကြိမ် အထိလာရောက် ခဲ့ဖူးသည် ဟု သိရကာ မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာ Reform များကို ဝေဖန်သုံးသပ် အကြံဥာဏ်များ ပေးနိုင်လိမ့်မည် ဖြစ်ကြောင်းသိရသည်။
သတင်း.. ပြည်မြန်မာ

No comments:

Post a Comment