Tuesday 5 March 2013

Samsung Galaxy S4 လာတော့မယ်



မတ် ၅ ရက်၊ ၂၀၁၃

Samsung ကုမ္မဏီက သူတို့ရဲ့ နောက်ဆုံးထွက်ရှိလာမယ့် Galaxy S 4 ကြော်ငြာကို အင်တာနက် Youtube မှာ တင်ပြီးတော့ လာမယ့် ၁၄ ရက်နေ့ မှာ ပရိသတ်နဲ့  စတင် မိတ်ဆက်ပွဲပြုလုပ်မယ်လို့ ကြေညာလိုက်ပါပြီ။

Samsung ဟာ ပြီးခဲ့တဲ့လတုန်းက နာမည်ကြီး နည်းပညာဝက်ဆိုဒ် ၊ မဂဇင်း အယ်ဒီတာတွေကို ဖိတ်ကြားစာတွေ ပေးပို့ခဲ့ပြီး "Be Ready 4 the Next Galaxy." ဆိုတဲ့ စာသားပါတဲ့ ဗူးလေးတွေကို ပေးပို့ခဲ့ပါတယ်။

အသစ်ထွက်မယ့် မျိုးဆက်သစ် ဂလက်ဆီဖုန်းတွေကို နယူးယောက်မှာ သီးသန့်မိတ်ဆက်ပွဲ ကျင်းပသွားဖို့ ရှိနေပါတယ်။

ဘယ်လိုနည်းပညာအသစ်တွေ ပါမလဲ
ဆမ်ဆောင်းက ထွက်ရှိမယ့် မျိုးဆက်သစ် Galaxy S 4 မှာ eye-tracking software လို့ ခေါ်တဲ့ နည်းပညာ အသစ် ပါဝင်လာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

နယူးယောက် တိုင်းမ် သတင်းစာကတော့ ဒီဖုန်းဟာ အသုံးပြုသူရဲ့ မျက်လုံးစေစားရာကိုကြည့်ပြီး အလိုအလျောက် အလုပ်လုပ်ပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
ဥပမာပြောရရင်တော့ အသုံးပြုသူတစ်ယောက်က စာဖတ်နေတုန်း အောက်ဆုံးနားရောက်သွားရင် ၊ လက်နဲ့  နှိပ်စရာ မလိုဘဲနဲ့  eye-tracking software ကနေပြီး
သူ့ အလိုလို အောက်ဘက် ရွေ့သွားတာမျိုး၊ နောက်စာမျက်နာတခုကို ရောက်သွားတာမျိုး ဖြစ်ပါတယ်။

ဒီနည်းပညာတွေနဲ့ ပတ်သက်ပြီးတော့လည်း Samsung ဟာ အမေရိကမှာ မူပိုင်ခွင့် ပြုလုပ်ပြီးကြောင်း သတင်းထွက်နေပါတယ်။
ဒါကြောင့် Samsung ဟာ သူ့ရဲ့နည်းပညာသစ်တွေဖြစ်တဲ့ "Samsung Eye Scroll" and "Eye Pause" တို့ကို Galaxy S 4 မှာ ထည့်သွင်းဖွယ်ရှိကြောင်း သိရပါတယ်။

ပါဝင်နိုင်မယ့် နည်းပညာများ
1.eight-core Exynos processor, a separate eight-core graphics processing unit
2.4.99-inch Super Amoled display, 2GB of RAM
3. 13-megapixel rear camera with 1080p video capability, a 2-megapixel front-facing camera
4. the latest version of Android, known as 4.2.2 Jelly Bean.

ဆမ်ဆောင်းရဲ့Galaxy S 4 ကြော်ငြာကို ကြည့်ချင်တယ်ဆိုရင်တော့ အောက်ပါ လင့်မှာ ကြည့်ရှုနိုင်ပါတယ်။

http://www.youtube.com/watch?feature=player_embedded&v=dIEfNaNCkKM
ဆောင်းဦးလင်း ~Source:

http://news.cnet.com/8301-1035_3-57572402-94/samsungs-galaxy-s4-rumored-to-use-eye-tracking-software/
http://news.cnet.com/8301-1035_3-57572304-94/samsung-unpacks-galaxy-s4-teaser-video/

No comments:

Post a Comment