Friday 8 March 2013

NLD ညီလာခံကြီးဆီသို့ 

NLD ညီလာခံကြီးဆီသို့ 


ပြည်တွင်းအရေး
ကြိုးစားပေးလို့ 
စည်းလုံးကြပြီ
ပြည်သူ့ အစည်းအဝေး
ကျင်းပကြလည်း
ဖေ့ဘုတ်ကြီးမှာ
ဆူညံသံများရေးနေကြတယ်။

ညီလာခံအရေးဦးစားပေးလို့ 
ဟိုလူကိုထုတ်
ဒီလူကိုခန့် လျောက်ရေးကြလည်း
လိုချင်တာတွေမရ
သွေးအေးအေးစစ်ခင်းနေတဲ့
မီးမငြိမ်းတဲ့ NLD အရေး
ဖွလို့ မပြီးသေး
ရှင်းရှင်းလေးတွေး
ဒီမိုကရေစီ ကနီးနီးလေး
ဖြေစရာရယ်မရှိ
ကုန်ဈေးနှုန်းကခက်၏ဆိုသလို
အတွေးကချာချာလည်
အဆွေးကအခါခါကြွယ်
ရန်ကုန်ကအစ တပြည်လုံးအဆုံး
ဆန္ဒပြတာတဗြုံးဗြုံး
အစရှာတာမလွယ်
အွန်လိုင်းပေါ်မှာ
အသံတွေကြားနေရတယ်။

ဟိုအရေးလဲဒေါ်စု
ဒီအရေးလဲဒေါ်စု
အမျိုးသားရေးအတွက်စဉ်းစားကြ
ခပ်ပြတ်ပြတ်ပြောမယ်
မဖွကြနဲ့  လက်မစောနဲ့ 
အင်တာနက်မှာ
အသံတွေကြားနေရတယ်။

တနှစ်တခါကျင်းပ
NLD ရဲ့  ပြည်သူ့ ပါတီ
အတွင်းရေးမို့ 
မနှစ်သက်လဲဒီသတင်း
အဖြစ်အပျက်ကို ဖောက်ထွက်
ထွက်ပေါက်ကယ်ဖြေစရာ
NLD ကရှေ့ ဆုံးမှာ
စနစ်ဆိုးတဲ့ အဖြစ်ပျက်တွေကို
ရင်မှာပိုက်ပြီး
အပျက်အပျက်
နှာခေါင်းသွေးမထွက်ကြနဲ့ 
အသစ်စက်စက်ဒီမိုကရေစီကို
ဒေါ်အောင်ဆန်းစုကြည် နှင့်
NLD ဦးဆောင်မှုဆီသို့
ညီညီညာညာချီတက်ကြပါစို့။

ကိုထွန်းဝေ
8.3.2013
လေးလေးစားစားနဲ့ 
ရင်တွင်းဖြစ်ကိုတင်ပြလိုက်ပါတယ်။
မေတ္တာဖြင့် ချစ်သဒ္ဒါများထားလျက်မျှဝေယူနိုင်ပါတယ်။

No comments:

Post a Comment