Monday 25 March 2013

ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မင်းကိုနိုင် တွေ့ဆုံ


ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဦးယောဟဲအိ ဆာဆာကာဝါန...ှင့်အဖွဲ့သည် မတ်၂၄ နေ့လည် ၁၂းဝဝ နာရီက ရန်ကုန်မြို့ရှိ ၈၈မျိုးဆက် ရုံးခန်းသို့ ရောက်ရှိလာပြီး ၈၈မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေဆုံရာတွင် အထူးကိုယ်စားလှယ်အဖွဲ့က ဂျပန်အစိုးရ အနေဖြင့် မြန်မာနိုင်ငံအတွက် ၃ နှစ်စီမံကိန်းရေးစွဲပြီး အကူအညီေ ပေးလိုကြောင်း၊နိုင်ငံရေးကို ဝင်ရောက်စွပ်ဖက်ခြင်း မပြုဘဲ  လူသားချင်းချင်းစာနာမှု အကူအညီသာ ပေးအပ်မှဖြစ်ကြောင်း၊ အဆိုပါ အကူအညီပေးမှုတွင် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းက ဝိုင်းဝန်းကူညီပေးစေလိုကြောင်း ပြောသည်။

မင်းကိုနိုင်က လူသားချင်းစာနာထောက်ထားမှု အကူအညီကို လက်ခံပါကြောင်း၊ ထို့အတွက်လည်း ကျေးဇူးတင်ပါကြောင်း၊ မိမိတို့တတ်စွမ်းသမျှလည်း ဝိုင်းဝန်းကူညီးပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဦးယောဟဲအိ ဆာဆာကာဝါနှင့်အဖွဲ့သည်  အကူညီပေးမှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး နေ့လည် ၁း၃ဝ နာရီတွင် ၈၈မျိုးဆက်ရုံးမှ ပြန်လည်ထွက်ခွာ သွားကြသည်။
သတင်းနှင့် ဓာတ်ပုံ - 88 Generation Students
Credit To: Popular Myanmar News Journal

No comments:

Post a Comment