Monday 25 March 2013

မိတ္ထီလာမြို့ ဆူပူအကြမ်းဖက်မှု၌ ပါဝင်သူများအား ဥပဒေနှင့် အညီ စတင်အရေးယူမှုပြုလုပ်




မိတ္ထီလာမြို့ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာပါဝင်ခဲ့သူဟု ယူဆရသူ ၁၃ ဦး၊ လယ်ဝေးမြို့ ရုံးပင်ကျေးရွာ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်တွင် ပါဝ...င်ခဲ့သူ ဟု ယူဆရသူ ၅ ဦးနဲ့ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာ ပါဝင်ခဲ့သူဟု ယူဆရသူ ၁၇ ဦးတို့ ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနဲ့ အညီ အရေးယူဖို့ ဆောင်ရွက်နေကြောင်း၊

မိတ္ထီလာမှာတုတ်ဓားလက်နက်ကိုင်ဆောင်သွားလာသူ ၅၂ ဦးကို  ဖမ်းဆီးပြီး ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့ကြောင်း မြန်မာ့အသံနဲ့ ရုပ်မြင် သံကြားညနေ လေးနာရီသတင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Ye Htut
ပြန်ကြားရေးဒုတိယဝန်ကြီး
 

No comments:

Post a Comment