Wednesday 20 March 2013

"စု"ကိုလွမ်းနေသည်

"စု"ကိုလွမ်းနေသည်

ကျနော်တို.သားအဖသုံးယောက်အဖို. ၀မ်းမြောက်ဝမ်းသာဖြစ်ခြင်း ၊ပျော်ရွင်ချမ်းမြေ့ရခြင်း၊တလေးတစားဂုဏ်ယူရခြင်းတို.သည်ကား ၀မ်းနည်းဆွေးမြေ့ရခြင်း၊ နေ.ညမပြတ်စိုးရိမ်ပူပင်ရခြင်းတို.နဲ.အတူ
တွဲဖက်ခံစားလျက်ရှိနေပါသည်။

ဤမျှထိ အန္တရယ်များမြောင်၍ ကမ္ဘာလောကကြီးနှင့်
အဆက်အသွယ်ဖြတ်တောက်ခံထားရသော လူတစ်ဦးကို ငြိမ်းချမ်းရေးနိုဘယ်ဆု
ပေးခဲ့ဘူးခြင်းရှိ ၊မရှိကိုမှု ကျနော့အနေနဲ.သေချာမသိသော်လည်း
ဆိုခဲ့သလို အခြေနေကျရောက်နေသည့် အမျိုးသမီးတစ်ဦးကို
ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခြင်းမှာ ယခုပထမဆုံးအကြိမ်ဖြစ်ပါသည်။

သူမကိုငြိမ်းချမ်းရေး နိုဘယ်ဆုပေးလိုက်ခြင်းသည် မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာဖို.
သူမအားသွန်ကြိုးပမ်းနေသော နှစ်ဖက်ညှိနိုင်းရေးဖြစ်စဉ်သို.သာ ဦးတည်ပါစေဟု
ကျနော့အနေနှင့် လှိုက်လှိုက်လှဲလှဲ ဆုတောင်းမိပါသည်။ တစ်ဆက်တည်းမှာပင် "စု"၏ရဲရင့်တည်ကြည်မှုနှင့် ပြတ်သားမှုအတွက် ယခုကဲ့သို. အမြင့်မားဆုံး
အသိအမှတ်ပြုလိုက်ခြင်းကြောင့်ပင် ကျနော်တို.မိသားစုဘ၀ ချောမွေ.ပါစေဟု
"အတ္တဆန်စွာ" လည်းကျနော်မျှော်လင့်မိပါသည်။
နောက်တကြိမ်--
နောက်တစ်ခါ--
သူမထံပြန်ရောက်နိုင်ဖို. မျှော်လင့်မိပါသည်
သူမကို ကျနော်တို.သားအဖတွေ အရမ်းလွမ်းနေကြပါသည်။
"စု"ကိုလွမ်းနေပါသည်။

မိုက်ကယ်အဲရစ်

တိဗက်ဗုဒ္ဓဘာသာနှင့် အရှေ.တိုင်းပညာရှင်
၁၄-အောက်တိုဘာ ၊၁၉၉၁

ကိုထွန်းဝေ
စုဆောင်းဖော်ပြပါတယ်.
လေးစားစွာမျှဝေပါတယ်
19.3.2013

No comments:

Post a Comment