ဗိုလ်ချုပ်အောင်ဆန်း
အထိမ်း အမှတ်၊ အ.ထ.က (၁) အခြေခံ ပညာအထက်တန်းကျောင်း၊ နတ် မောက်ရှိ
ကျောင်းပိုင်ပစ္စည်းများအား မည်သည့်ကျောင်း၊ မည်သည့်အခမ်း အနားမဆို
သုံးစွဲခြင်းအား လုံးဝ တားမြစ်ကြောင်း အဆိုပါကျောင်းဆောင်သစ်ဖွင့်ပွဲတွင်
အလှူရှင် သီတဂူဆရာတော် ဦးဥာဏိဿရက
မိန့်သည်။ “ကျောင်းနဲ့မဆိုင်တာ လာလုပ်တာ လက်မခံဘူး” ဟု ဆရာတော်က မိန့်သည်။
ဗိုလ်ချုပ် အောင်ဆန်းဂုဏ်ကျေးဇူးကို ဂုဏ်ပြု လို့ လှူဒါန်းခြင်းဖြစ်ပြီး
ဗိုလ်ချုပ် အောင်ဆန်း၏ သမီး ဒေါ်အောင် ဆန်းစုကြည် တက်ရောက်သည့် အတွက်
ဝမ်းမြောက်ကြောင်း ဆရာတော်က မိန့်သည်။ ဆက်လက်၍ ဆရာတော်က
အဆိုပါကျောင်းကြီးအတွက် သိန်းပေါင်း ၁၆၉ သိန်း ကုန်ကျခံလှူဒါန်းခြင်းဖြစ်ကာ
ဘယ်ဂျီယံပညာရေးအထောက်အကူ ပြုအဖွဲ့က သိန်းတစ်ထောင့်တစ်ရာ လှူဒါန်းကြောင်း
ဆရာတော် ဦးဥာဏိဿရ မိန့်သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်က အဆိုပါကျောင်းဆောင်သစ်ဖွင့်ပွဲ တွင်
ပညာရေးနှင့်ပတ်သက်၍ မိန့် ခွန်းပြောကြားရာတွင်.. ''အခုခေတ်မှာဆိုရင်
မိဘတွေက တော်တော်ကို သားသမီးတွေကို ပိုက်ဆံရှာစေချင်တယ်။ ဒါကို ကျွန်မ
အပြစ်မတင်ပါဘူး။ ပိုက်ဆံမရှိဘူး၊ ဆင်းရဲနွမ်းပါးတဲ့အခါမှာ မိသားစုများ
ဒုက္ခရောက်ကြတယ်လို့ ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ ပိုက်ဆံ ဟာ
ပိုက်ဆံအတွက်မဟုတ်ဘူး” ဟု ပြောသည်။ ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က
ဒီထက်ပိုပြီး မြင့်သည်ဆိုသည့် အကျိုးတစ်ခုကို ဖြစ်စေချင်တယ်ဆိုသည့်
စိတ်ကိုထား စေချင်ကြောင်း၊ ပိုက်ဆံရှိခြင်းသည် ကိုယ်ကျန်းမာရေး၊ ကလေးများ
ပညာတတ်စေရေး၊ ပတ်ဝန်းကျင် အကျိုးရှိစေရေးဆိုသည့် စိတ်ဓာတ်
ဖြစ်စေချင်ကြောင်း၊ ကိုယ်ကောင်းစား ရန်၊ ကိုယ့်မိသားစုကောင်းစားရန်
ကြွားဝါချင်သည့် စိတ်ဓာတ်သည် မကောင်းသလို နိုင်ငံအတွက် မကောင်းကြောင်း
ပြောသည်။ နတ်မောက်မြို့သူ၊ မြို့သားများ နှင့် ပတ်သက်၍ နတ်မောက်မြို့သည်
လူတော်လူကောင်းများအား အစဉ် အလာအရ မွေးထုတ်ပေးသော
ဘူမိနက်သန်နယ်မြေဖြစ်သည်ဟု အများ ကပြောသည်ကို ကြားချင်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြား သွားခဲ့သည်။ စိုင်းလမင်း
No comments:
Post a Comment