Monday 18 March 2013

ဗိုလ်ခင်ညွန့်တို့ ချေရှုပ်လာကြပြီ



ထောက်လှမ်းရေး ဗိုလ်ခင်ညွန့်က ယခု လွှတ်တော် ဥက္ကဌ ဗိုလ်ရွှေမန်းကို အကြံပေးနေတယ်၊ ဗိုလ်ရွှေမန်းက ဗိုခင်ညွှန့်ကို လိုအပ်ရင် လိုအပ်သလို အပြေးကလေး သွားတွေ့တတ်တယ်တဲ့။ ခင်ရွှေပိုင်တဲ့ ကုမ္မဏီနှစ်ခုထဲမှာ ဗိုလ်ခင်ညွန့်တို့က အမေရိကန်ဒေါ်လာ သန်း ၁၂၀ ဘိုး ထည့်ထားတယ်၊ ရွှေမန်းသား အောင်သက်မန်း တို့ထဲမှာလဲ အစုရှယ်ယာပါတယ်။
ဗိုလ်သန်းရွှေက ဦးပိုင်ကိုပြောတယ်၊ ဒီကောင်ကို ပစ်မထားနဲ့တဲ့၊ အခု ဦးပိုင်ကနေ ဗိုလ်ခင်ညွန့်ကို မြန်မာငွေ တလ သိန်း ၂၀ စပေးနေပါပြီ။ ဗိုလ်ခင်ညွန့်တို့ ကျောက်တန်းမှာ လူမှုကယ်ဆယ်ရေး လုပ်ငန်းတခု လုပ်ထားတယ်။ အန်ဂျီအို သဘောမျိုးဖြစ်တယ်။ ခိုးပြီး ၀ှက်ထားတာတွေကို ဟိုလူက
လှူသလိုလို ဒီလူကလှူ သလိုလိုနဲ့ အခု ငွေဖြူတွေ လျော်ဖွတ် နေပြီဖြစ်တယ်။


မကြာခင်မှာ ဗိုလ်ခင်ညွန့် သား ဒေါက်တာ ရဲနိုင်ဝင်း သြစတေးလျှသွားပြီး ဘူမိဗေဒ ကုမဏီတခုနဲ့ ပုဂ္ဂလိက လုပ်ငန်း တခုအတွက် လုပ်ကိုင်မယ်လို့ ဆိုတယ်။ ဒေါ်ခင်းဝင်းရွှေက ရှင်ပါဂူက အစုရှယ်ယာကို ပြန်ပြီး ရှင်းတန်း လုပ်ပေးပါလို့ တောင်းဆိုတယ်။ ရှင်ပါဂူကိုနဲ့ အေးရှား ကျန်းမာရေးဟော်တယ် ဆိုပြီး ယခု ကားပွဲစားတမ်း ဟံသာဝတီမှာ နေရာဝယ်ယူဖို့ ကန်ထရိုက်နဲ့ လုပ်ပြီးပါပြီ။

ဂိုလ်ရှယ်လေး

No comments:

Post a Comment