Monday 11 February 2013

အမေဆီသို့ နှလုံသားလှလှ ဆုချွေလွှာ



ဘေးပြောတဲ့ စကား မယုံထား
သွေးပြောတဲ့ စကား အသည်းကြား
သင့်နှလုံးသားနဲ့ ပူးကပ်လို့ ထား
ဒို့မျိုးရိုး အာဇာနည် အောင်ဆန်းသွေးပေမို့
ဒို့ အမေစကား
ဒို့သွေးသားတို့ ထာဝရ ယုံကြည်..။



ကဲ ဘာတဲ့လဲ....
ရွှေမြေကြီးကို
အကြောင်းပြုရှာမလား
ချီးမွှမ်းမလား ကဲ့ရဲ့မလား
လောကကြီးကို ကစောင်းတင်တဲ့
တစ်စေ့တစ်ဆောင်း မမေ့ကြောင်းမို့ 
အမေသွားရာ …ဆုမိုးရွာလို့ 
အဘိုးအောင်ဆန်းတဲ့ ဗိုလ်ချုပ်သမီး
လျှောက်လမ်းတဲ့ခရီး
ဖြောင့်ဖြူးသာယာကမ္ဘာပေါ်မှာ
သတင်းလဲမွှေး
ပြည်သူတွေလဲ အားပေး
ဗမာဆိုတဲ့မျိုးဂုဏ် အရောင်တောက်စေဖို့
နှလုံးသားဖြူစင်တဲ့ အမေ့စိတ်ထား...

ဒီဇမ္ဗူ အောင်မြေကိုနင်းလို့
စိတ်ထားလှလှ
ဖေးဖေးမမ ယုယုယယ
အောင်ဆုတွေသာ အပိုင်သာရ
ပြိုင်လာသူဟူသမျှ
မေတ္တာနဲ့ အနိုင်ရလို့..
အစွမ်းအစ ပြိုင်စံရှား
ဆုတွေနဲ့ ဒို့ အမေ ကို
ဂျပန်နှင့်ကမ္ဘာအ၀ှမ်းမှာ
အမေ့သားကြီးများက
ကြိုဆိုကြမယ်တအား..။

NLD ကိုဝိုင်းရံခြင်းဖြင့် မိမိတို့၏ အနာဂါတ်ကို ယုံကြည်မူများဖြင့် လှပစွာ တည်ဆောက်ကြပါစို့... အမေစု၏မေတ္တာတရားကြီးမားလို့  သတိရလွန်းလို့ကျေးဇူးကြီးလွန်းလို့  စိတ်ကူးရလို့ ရေး လိုက်တာပါ...အမေ....ရောက်တဲ့နေရာက ကြားပါစေဗျာ...။

ကိုထွန်းဝေ
11.20.2013

1 comment:

  1. မျိုးချစ်စိတ်ကိုလေးစားတယ်ဗျာ
    ဒါပေမဲ့ သူကျွန်တော်တို့လို
    မျိုးချစ်စိတ်မရှိဘူးဗျ
    ခုမြန်မာတွေဒုက္ခစရောက်ရပြီ
    သူပြင်တဲ့ဥပဒေတွေကြောင့်
    မြန်မာ့မြေ သွေးချောင်းစီးနေပြီ

    ReplyDelete