ကိုကို ဘာသာပြန်သည်။ | Thursday, 06 December 2012
တစ်နေ့သောအခါမှာ နိုင်ငံရေး မဟာမိတ်တွေ ဖြစ်လာကြမယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြတဲ့ ခေါင်းဆောင်နှစ်ဦးဟာ ယခုအ...ချိန်မှာ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် အရှိန်အဟုန် နဲ့ ဦးဆောင်မောင်းနှင်နေကြပါပြီ။
တစ်ဦးကတော့ အထူးအံ့ဩစရာမလို ပါဘူး။
အာဏာရှင်တွေရဲ့ ဖိနှိပ်စိုးမိုးမှု တွေကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်တွန်းလှန်ခဲ့လို့ တစ်ကမ္ဘာလုံးရဲ့ အတုယူအားကျစရာဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။
အခြားတစ်ဦးကတော့ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးလို ရိုးရိုးကုပ်ကုပ်နေတတ်တဲ့ သမ္မတကြီး ဦးသိန်းစိန်ပါ။
ဆယ်စုနှစ် ပေါင်းများစွာ မြန်မာနိုင်ငံကို လူ့အောက် သူ့အောက်ကျပြီး ဆင်းရဲမွဲတေတဲ့ဘ၀ ရောက်အောင် လုပ်ခဲ့ကြတဲ့ စစ်အာဏာရှင်အုပ်စုတွေထဲက တစ်ယောက်ပဲဖြစ် ပေမယ့် တိုင်းပြည်ကို လမ်းကြောင်းသစ်ဆီ ဦးတည်ဆွဲခေါ်သွားရဲလောက်အောင် သတ္တိနဲ့ ပြည့်စုံတဲ့ ဗိုလ်ချုပ်ဟောင်း တစ်ယောက်ပါ။
ဒီလိုအစဉ်အလာမရှိတဲ့ ဖြစ်ခေါင့် ဖြစ်ခဲ ပူးတွဲမိတ်ဖက်မှုကို သူတို့နှစ်ဦးစလုံး ဘယ်သူကမှ ရှာဖွေကြံဆခဲ့ကြတာ မဟုတ်ပေမယ့် သူတို့နှစ်ဦးဟာ မမျှော်လင့်ဘဲ ရာစုနှစ် တစ်ဝက်လောက်အတွင်း မြန်မာနိုင်ငံရဲ့ မျှော်လင့်ချက်၊ ပြည်သူတွေရဲ့ မျှော်လင့်ချက် ဖြစ်လာခဲ့ပါတော့တယ်။
ဒုတိယကမ္ဘာစစ်မဖြစ်မီက အာရှရဲ့ ဆန်အိုးကြီးလို့ တင်စားပြောဆိုခံခဲ့ရပြီး ဒေသတွင်းမှာ မြန်မာနိုင်ငံသားတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ကြွယ်ဝချမ်းသာမှု အဆင့်အတန်းဟာ ထိပ်ဆုံးမှာ ရှိခဲ့ပါတယ်။
ဒါပေမယ့် ကိုလိုနီအမွေဆိုးတွေဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစုများ အကြားခါးသီးမှုတွေနဲ့ စစ်အေးကာလ အတွင်း ဆိုဗီယက်ပြည်ထောင်စု၊ တရုတ်နဲ့ အမေရိကန်တို့ရဲ့ အားပြိုင်မှု၊ သဘောတရားရေး မဟာမိတ်နောက်လိုက် စုရုံးမှုတွေ ရှိနေခဲ့ရာ မဟာဗျူဟာ အနေအထားမှာရှိနေတဲ့ မြန်မာနိုင်ငံဟာ မလွှဲသာ မရှောင်သာ လူးလိမ့် လိုက်ပါခဲ့ရပါတယ်။
၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး တိုင်းပြည်ကိုမပြိုကွဲအောင်၊ ပြည်ပစိုးမိုးမှု ပုံစံမျိုးစုံဘေးမှ ကာကွယ်ရန်ဆိုတဲ့ အကြောင်းပြချက် တွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ တိုင်းပြည်ကို တလွဲတချော် အုပ်ချုပ်လာခဲ့ကြရာမှာ တိုင်းပြည်ဟာ ပျက်စီးခြင်းငါးပါး ဆိုက်ခဲ့ရပါတော့တယ်။
၂၀၀၉ ခုနှစ်လောက်မှာ တကယ့်အပြောင်းအလဲရဲ့ မြင်သာတဲ့လက္ခဏာဆိုလို့ အနည်းငယ်သာတွေ့ခဲ့ရတယ်။
ဒါပေမယ့် သမ္မတအိုဘားမားကတော့ မြန်မာနိုင်ငံ အထီးကျန်ဘ၀က ထွက်လာအောင် အစမ်းသဘောနဲ့ လေ့လာရေး ကြိုးပမ်းမှု ပြုလုပ်ခဲ့တယ်။
၂၀၁၀ ပြည့်နှစ် အစောပိုင်းက ကျွန်တော့ရဲ့ ပထမဦးဆုံးခရီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရထဲမှာ နံပါတ်(၄) အဆင့်ရှိပြီး ၀န်ကြီးချုပ်တာဝန်ယူထားတဲ့ ဦးသိန်းစိန်တို့ နှစ်ဦးစလုံးနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။
သူတို့နှစ်ဦးကြား ခြားနားမှုကတော့ သိသာထင်ရှားလှပါတယ်။
စစ်အေးကာလက ရုရှားတွေ တည်ဆောက်ပေးခဲ့တဲ့ အင်းလျားလိတ်ဟိုတယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြုခဲ့ ပါတယ်။
သူမကို သူမရဲ့ နေအိမ်အကျယ်ချုပ်ကနေ အင်းလျားလိတ်ဟိုတယ်ကို ခေါ်လာခဲ့ကြတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ သုံးနာရီလောက် ဆွေးနွေးပြောဆိုခဲ့ကြရာမှာ မြန်မာနိုင်ငံ ခေတ်သစ်ရောက်ဖို့ သူမရဲ့ မျှော်လင့်ချက် တွေအကြောင်း ပြောဖြစ်ခဲ့ကြပါတယ်။
မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒေါ်စုက တော့ အတော်စိတ်ဓာတ်တက်ကြွစရာ ကောင်းပါတယ်။
အရှိကို အရှိအတိုင်း ရှိနေတဲ့ အခြေအနေကြီးမှာတောင် သူမရဲ့ အကောင်း မြင် စိတ်ဓာတ်နဲ့ သံမဏိအဓိဋ္ဌာန်တွေ ထင်ဟပ်နေတာ တွေ့ခဲ့ရတယ်။
နေအိမ်အကျယ်ချုပ်နဲ့ နှစ် ၂၀ လောက် နေခဲ့ရ ပေမယ့် အထင်နဲ့အမြင် တခြားစီဖြစ်လောက်အောင် နိုင်ငံတကာဖြစ်ပေါ်တိုးတက်မှုတွေက
ဘီဘီစီ ကမ္ဘာတစ်လွှားအစီအစဉ်နဲ့ ဗီအိုအေ အသံလွှင့်ဌာနတွေကို နေ့စဉ် ပုံမှန် နားထောင်ရင်း အဲဒီအချိန်က စိတ်ကူးလို့တောင်မရပေမယ့် ယခုအချိန်မှာ သူမပါဝင်လုပ်ဆောင်နေရတဲ့ အခန်းကဏ္ဍအတွက် ပြင်ဆင်နေသလို နိစ္စဓူဝ အိမ်တွင်းအကျဉ်းသားဘ၀ကို အသေးစိတ်ပြောပြခဲ့ပါတယ်။
နောက် တစ်နေ့ ထွက်လာတဲ့ အစိုးရသတင်းစာမှာ ကျွန်တော့အလည်အပတ်ခရီး ဖော်ပြတဲ့ ဓာတ်ပုံမှာ ဒေါ်စုရဲ့ပုံကို ဖြတ်ထုတ်ထားလိုက်ကြတော့တာပါပဲ။
ဦးသိန်းစိန်ကို ကျွန်တော် နေပြည်တော်မှာ တွေ့ခဲ့ပါတယ်။
အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ကျွန်
အဲဒီတုန်းက သူနဲ့ သူ့ရဲ့ ဗိုလ်ချုပ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိတွေ့ပြောဆိုဖို့ကိုသော်လည်း ကောင်း၊ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်ဖို့ကိုသော်လည်းကောင်း
သံလွင်ရွက်အစိမ်းရောင် စစ်ယူနီဖောင်း ၀တ်ဆင်ထားတဲ့ ဗိုလ်ချုပ်သိန်းစိန်ကို တည်ကြည်သိမ်မွေ့သော၊ ဖြစ်နိုင်စရာ အလားအလာမရှိသော အာဏာရှင်ဆန်ဆန် ခေါင်းဆောင် တစ်ဦးလို့သာ ထင်ခဲ့ရပါတယ်။
အဲဒီ ပထမဆုံး တွေ့ဆုံခဲ့ရတဲ့ပွဲမှာ သူ့ရဲ့ သတိထားတဲ့ စစ်မူဟန် စစ်လေသံတွေနဲ့ဆို တော့ အခုလို ခေတ်ပြောင်းသမ္မတ တစ်ယောက်အဖြစ် သူ့ရဲ့ခေတ်၊ သူ့ရဲ့ အချိန်ကို သက်ဝင်လှုပ်ရှားလာစေမယ့် ပြုပြင်ပြောင်းလဲရေး အတွေးအခေါ်တွေရှိတဲ့ လက္ခဏာ လုံးဝမပြခဲ့ပါဘူး။
နောက် သုံးနှစ်အကြာ၊ လွန်ခဲ့တဲ့ စက်တင်ဘာလထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ် ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ပြည်ထောင်စုကို အလည်အပတ်ရောက် လာပါတယ်။
ဒီတစ်ကြိမ်မှာတော့ အသစ်စက်စက် မြန်မာ့လွှတ်တော်ရဲ့ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ခံလွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ရောက်လာတာပါ။
သူမဟာ တခြားဂုဏ်ပြုဆုပေါင်းများစွာအပြ
ဒေါ်စု အမေရိကားမှာ ရှိနေတုန်းမှာပဲ သမ္မတကြီးဦးသိန်းစိန်ဟာ အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောဖို့ ရောက်လာပါတယ်။
မြန်မာ့ထိပ်သီးခေါင်းဆောင်ထဲက အထွေထွေညီလာခံမှာ မိန့်ခွန်းပြောတာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း သမ္မတဦးသိန်းစိန်ဟာ ပထမဆုံး နိုင်ငံ့ အကြီးအကဲပါပဲ။
အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့လည်း တရားဝင်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
" မြန်မာအစိုးရနဲ့ ပြည်သူတွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို နောက်ကြောင်းပြန် မလှည့်နိုင်တော့ဘဲ အသေအချာ လက်ဆုပ်လက်ကိုင် ခြေလှမ်းတွေနဲ့ သွား နေကြပါပြီ " လို့ သမ္မတဦးသိန်းစိန်က ပြောခဲ့ပါတယ်။
နယူးယော့ခ်မှာရှိနေတုန်း သမ္မတ ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ သီးခြားတွေ့ဆုံခဲ့ကြပါသေးတယ်။
ဒီအရင်ကလည်း ၎င်းတို့နှစ်ဦး အလားတူအကြိမ်ကြိမ်တွေ့ဆုံခဲ့ကြပ
ဒါပေမယ့် နယူးယော့ခ်မှာ သူတို့ နှစ်ဦးရဲ့ တွေ့ဆုံမှုက သူတို့နှစ်ဦးနဲ့ သူတို့တိုင်းပြည် ဖြတ်သန်းလျှောက်လှမ်း ပြီးခဲ့တဲ့ခရီးကို အထင်အရှားပြသနေပါတယ်။
သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ ၂၀၁၁ ခုနှစ် နွေဦးရာသီတုန်းက ခမ်းခမ်းနားနားကြီး မဟုတ်လှဘဲ သာမန်မျှသာဖြစ်တဲ့ သမ္မတဦးသိန်းစိန်ရဲ့အိမ်မှာ သမ္မတကတော်က ဒေါ်အောင်ဆန်းစုကြည်ကို တည်ခင်းကျွေးမွေးခဲ့တဲ့ ညစာစားပွဲနဲ့ အစပြုခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီနေ့က ညစာစားပွဲရဲ့ အထက်နံရံမှာ မြန်မာ့ လွတ်လပ်ရေး ဗိသုကာ၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ဖခင် ဦးအောင်ဆန်းရဲ့ ပုံတူပန်းချီကားကြီးကို ချိတ်ဆွဲထားပါတယ်။
မြန်မာနိုင်ငံ ပြန်လည်မွေးဖွားရေးအတွက် သူတို့ရဲ့မျှော်လင့်ချက်တွေကို မြေစမ်းခရမ်းပျိုး၍ သတိကြီးစွာထားရင်း မျှဝေခဲ့ကြပါတယ်။
အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူသွားပြီးနောက် မြန်မာ နိုင်ငံမှာဖြစ်ပေါ်လာခဲ့တဲ့၊ အသက်ရှူ မှားလောက်တဲ့ အပြောင်းအလဲတွေကိုအဲဒီနေ့က ပထမဆုံးတွေ့ဆုံမှုနဲ့အစပြုခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်ကစပြီး သမ္မတ ဦးသိန်းစိန်အစိုးရဟာ နိုင်ငံရေး အကျဉ်းသားရာပေါင်းများစွာကို လွှတ်ပေးခဲ့တယ်။
လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ စုရုံးခွင့်၊ လှုပ်ရှားခွင့်အပေါ် တင်းကျပ်တဲ့ အကန့်အသတ်တွေကို လျှော့ပေးခဲ့တယ်။
တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေနဲ့ အပစ်အခတ်ရပ်ခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီဟာ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် အာဏာမပေးဘဲ၂၂ နှစ်ကြာအောင် ဖိနှိပ်ထားခဲ့ရာမှ ရွေးကောက်ပွဲမှာ ပြန်လည်ပါဝင်အရွေးခံခွင့်ပြုခဲ့
မြန်မာနိုင်ငံ ရုတ်တရက် ပွင့်လင်းသွားတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်တွေ အမျိုးမျိုးဖွင့်ဆိုခဲ့ကြတယ်။
ပထ၀ီနိုင်ငံရေးကအစ လျော့ပါးမသွားတဲ့ တစ်ကမ္ဘာလုံးရဲ့ ဖိအားပေးမှု အဆုံးပေါ့။
ဒါပေမယ့်ကျွန်တော် ယုံကြည်တယ်။
ထူးခြားတဲ့ ဒီပုဂ္ဂိုလ်နှစ်ဦးရဲ့ ပုဂ္ဂိုလ်ရေး အတွေ့အကြုံတွေက အများကြီး စကားပြောလိမ့်မယ် ထင်တယ်။
အမေရိကန်အစိုးရနဲ့ ကွန်ဂရက်လွှတ်တော်ထဲက အဓိကမဟာမိတ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်တွေရဲ့ ရုန်းကန်မှု အမှောင်ဆုံးကာလမှာ သူတို့ဘက်က မားမားမတ်မတ် ရပ်တည်ခဲ့တယ်။
ဒါကြောင့် အဆုံးတစ်နေ့ စစ်အစိုးရက အလျှော့ပေးလာရတဲ့အချိန်မှာ မြန်မာ ပြည်ကို ကျွန်တော်တို့ ကူညီမယ်ဆိုတာ သူမ သိနားလည်ထားတယ်။
လမ်းအိုလမ်းဟောင်းကြီးကို အလွန် ကွဲပြားခြားနားတဲ့ နည်းလမ်းနဲ့ မှောက်သွန်ပစ်ဖို့ လိုအပ်နေတဲ့အချိန်မှာ ဦးသိန်းစိန် ရောက်လာတာပါပဲ။
ဦးသိန်းစိန်ဟာ ၀န်ကြီးချုပ်အဖြစ်နဲ့ ပြင်ပကမ္ဘာက ဒေသတွင်း အိမ်နီးချင်းမြို့တော်တွေဆီ ရောက်သွားတယ်။
ဒီမြို့တော်တွေဟာ တစ်ချိန်က နိုင်ငံတကာစာရင်းဝင် ရန်ကုန်မြို့တော်နဲ့ယှဉ်ရင်ဆင်း
မြန်မာနိုင်ငံ ဆုံးရှုံးပျက်စီးခဲ့ရတယ်ဆိုတာ ငြင်းလို့မရအောင် သိသာထင်ရှားနေပါပြီ။
ကမ္ဘာ့အလယ်မှာ အပယ်ခံနိုင်ငံတစ်နိုင်ငံ ဖြစ်နေလို့ အာဆီယံနိုင်ငံတွေအဖို့ အနေရခက်နေပြီး ကာကွယ်ပြောဆိုပေးဖို့ အခက်တွေ့ နေကြပါတယ်။
ပြုပြင်ပြောင်းလဲရေးအရှိန်အဟုန်
တိုင်းပြည်နဲ့ လူမျိုးကောင်းစားရေးအတွက် နက်ရှိုင်းတဲ့ မယုံကြည်မှုတွေနဲ့ ခါးသီးမုန်းတီးမှု တွေကိုဘေးဖယ်ပြီး သမ္မတဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သတ္တိရှိတဲ့ နမူနာ ရှေ့ဆောင်လမ်းညွှန်မှုတွေကို ပြည်သူအားလုံး လိုက်နာလုပ်ဆောင်နိုင်မှုအပေါ်မှာ
ဒီခေါင်းဆောင်နှစ်ဦးဟာ ကောင်းမွန်တဲ့ အနာဂတ်အပေါ်မှာ သူတို့ဘ၀တွေကို ပုံအောထားခဲ့ကြတာမို့ သူတို့ရဲ့ ယူနီဖောင်းတွေကို ခွာချခဲ့ကြပါတယ်။
ဒေါ်စုက အပြည်ပြည်ဆိုင်ရာ သူတော်စင်ဝတ်ရုံလွှာကို ခွာချခဲ့ပြီး ဦးသိန်းစိန်ကတော့ သူ့ကို ဒီရာထူးအာဏာတွေဆီ ပို့ဆောင်ပေးခဲ့တဲ့ စစ်ဘက်ဆိုင်ရာအဆောင်အယောင်ဝတ်ရု
ဒီလို အဆောင်အယောင် အပေါ်ဝတ်ရုံလွှာတွေကိုခွာချလိုက်ြ
ဒီလိုလုပ် ဆောင်ကြရင်း ကျွန်တော်တို့ အပါအ၀င် တစ်ကမ္ဘာလုံးကို စိတ်ဓာတ်တက်ကြွ အားရ ကျေနပ် ၀မ်းမြောက်ကြစေမှာ အမှန်ပါပဲ။
(ဆောင်းပါးရှင် ကတ်ကင်းဘဲလ် (Kurt M. Campball) သည် အမေရိကန် ပြည်ထောင်စုအစိုးရ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သည်။)
Credit : MYANMAR TIMES
No comments:
Post a Comment