အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ကော့မူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက် ၉ နာရီမှာ ကော့မှူးမြို့နယ်ကို သွားရောက်ခဲ့ပါတယ်၊
ကော့မှူးမြို့ရှိ NLD ရုံးခန်းမှာ ဒေသခံလယ်သမားတွေနဲ့ တွေ့ဆုံပြီး လယ်ယာမြေပြဿနာများ၊ အကြွေးကင်းကင်းနဲ့ ဘယ်လိုတိုးတက်အောင် ဆက်လုပ်ရမလဲဆိုတဲ့ ကိစ္စများရပ်များကို ဆွေးနွေးခဲ့ပါတယ်၊
ဆက်လက်ပြီး ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံးကို သွားရောက်ပြီး လယ်သမားကိစ္စများနဲ့ ကော့မှူးမြို့နယ် တိုးတက်ရေးတို့ကို မြို့နယ်ဦးစီးမှူးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်၊
ဓါတ်ပုံ Sunny
ဘားမားဗွီဂျေ
(၁၆.၂.၂၀၁၃)
No comments:
Post a Comment