Tuesday 19 February 2013

ပျင်းမငုတ်တို ဇာတ်လမ်းထဲကမျိုး ထဲက မြန်မာစစ်တပ် (ပုရစ်)


(၁) ၁၉၈၈ မတိုင်ခင် အချိန်တွေကအထိတော့ မြန်မာ့တပ်မတော်ဟာ တစ်ကယ်ပဲ
ဟိုးအရင်က ပျင်းမငုတ်တို ဇာတ်လမ်းထဲကမျိုးလို ပြည်သူက
တစ်ကယ်ချစ်ခဲ့တာပါ ။ ကြေးစားစစ်တပ်မဟုတ်ဘူး ၊
မ၀င်မနေရ စစ်တပ်မဟုတ်ဘူး ။
နှစ်နှစ်သက်သက် လိုလိုလားလား ၀င်ခဲ့ကြတာပါ။

(၂)လက်နက်ကိုင်ထားရတဲ့ အဖွဲ့ အစည်း တစ်ခုမှာ ဘာတစ်ခုမှ ပြန်မေးခွင့်၊
အတွန့် ပြန်တက်ခွင့် မရှိပဲ ပေးတဲ့အမိန့် ကို ပဲ နာခံကြရမယ် ဆိုတာကလည်း အဲဒီလုပ်ငန်းသဘာဝအရ ဖြစ်သင့်တာတစ်ခုပါ ။

(၃))အဲဒီအချက်ကို အလွဲသုံးစား ပြုခဲ့ကြတဲ့သူတွေကြောင့်သာ စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အရုပ်ဆိုး အကျည်းတန်ရုံမက
စစ်တပ်တစ်ခုလုံးလည်း အသွင်သဏ္ဍန်အရရော ၊အနှစ်သာရပိုင်းအရပါ များစွာ အကျည်းတန်ခဲ့ရပါတယ် ။

(၄)စစ်အာဏာရှင် သက်တမ်းအတွင်းမှာတိုင်းပြည်ရဲ့  အထွေထွေ ချို့ ယွင်းအားနည်းမှုများကို ဖြစ်စေရုံသာမကပဲ တပ်မတော်ကိုယ်တိုင်ကိုပါ ဖျက်ဆီးပစ်ခဲ့သလို ဖြစ်ခဲ့ရတာပါ ။

(၅)စစ်တပ်အာဏာသိမ်းထားစဉ် ကာလအတောအတွင်း စစ်ဗိုလ်ချုပ်တွေ ယုံကြည်ခဲ့ကြတာကသူတို့ ဟာ အခွင့်ထူးခံတွေဖြစ်တယ် ဆိုတာကိုပါ ။
အာဏာ ဆိုတာရဲ့  သဘောကိုကောင်းကောင်းနားလည် တတ်ကျွမ်းခဲ့ကြတယ် ဆိုရင်လည်း မမှားပါဘူး ။ ပြည်သူအပေါ်မှာ သူတို့ ရဲ့  အာဏာစက်ကို ကောင်းစွာသက်ဝင်အောင် တတ်မြောက်ကျွမ်းကျင်ခဲ့ကြပါတယ် ။

(၆)အဲဒီမှာ ကျွဲကူးရေပါဖြစ်ခဲ့ရတာက ပြည်သူအပေါ် အနိုင်ကျင့်ရုံမကပဲ မိမိ တပ်ကိုပါမိမိပြန်နင်းသလို အဖြစ်တွေ ဖြစ်လာခဲ့ကြရတာပါ ။

(၇)တစ်ကယ်တမ်းမှာ တပ်မတော်အတွင်းကအောက်ခြေရဲဘော်ငယ်လေးတွေရဲ့  ဘ၀က သိပ်သနားစရာ ကောင်းပါတယ် ။ အစစအရာရာနင်းပြားဖြစ်နေရတဲ့ ဘ၀တွေပါ ။

(၈)နိုင်ငံအ၀ှမ်းက ဘယ်ရဲဘော်ကိုပဲကြည့်ကြည့်ပါ အားလုံးဟာညှိုးနွမ်းစုတ်ပြတ်ပြီး ညှိုးညှိုးငယ်ငယ်နဲ့  သိမ်ငယ်စွာနေကြရတာပါ ။

(၉)ရဲဘော်ဆိုတာ စစ်ဗိုလ်တွေရဲ့  အလုပ်အကျွေးဖြစ်ရုံသာမက လူကြီးအိမ်မှာ အိမ်အကူထပ်ခေါ်ဖို့  မလိုတဲ့အထိ အရာရာ အောက်ခြေသိမ်း လုပ်ပေးကြရပြီး မိမိရဲ့  ကိုယ်ပိုင်အလုပ်သမားသဖွယ်ပဲ ဆက်ဆံကြတာပါ ။ အဲဒီလို လုပ်ကိုင်ပေးကြရလို့ လည်းဘယ်ရဲဘော်မှ ပြောင်ရောင်လာတယ်ဆိုတာ မရှိပါဘူး ။
တပ်မတော်က ရဲဘော်ရဲ့ အရှင်သခင်ဆိုတာ မိမိရဲ့  အထက်အရာရှိသာမက သူရဲ့  ဇနီး ၊ သားသမီး ၊ ယောက္ခမ ၊ခယ်မ ၊ ယောက်ဖ အားလုံးကို သတ်မှတ်ကြောက်ရွံ့ ပေးကြရတာပါ ။

(၁၀)အလုပ်သမား အခွင့်အရေးအရ ဘယ်လိုအလုပ်သမားပဲဖြစ်ပါစေ အလုပ်ချိန်ပြီးရင်နားချိန်ဆိုတာ ရှိရပါမယ် ၊ ကိုယ်ပိုင်အချိန် ရှိရပါမယ် ။
သတ်မှတ်ပေးထားရပါမယ် ။မြန်မာ့တပ်မတော်က ရဲဘော်တွေမှာ နားချိန်တို့  ၊ ကိုယ်ပိုင်အားလပ်ချိန်တို့ ဆိုတာ ပုံပြင်တွေပါ ။

(၁၁)အပြင်မှာ လူ့ အခွင့်အရေးစကားတွေ ဒီလောက်သောသောညံနေတဲ့
အချိန်မျိုးမှာ တပ်တွင်းကရဲဘော်တွေအတွက်လည်း တစ်စုံတစ်ရာတော့
ပြောင်းလဲပေးဖို့  လိုနေပြီ ဆိုတာကို သိခဲ့ပါတယ် ။

(၁၂)လူ့ အခွင့်အရေးဆိုတာရဲ့ အကြောင်း ကြားတောင် မကြားဖူးကြပါဘူး ။
တိုင်းပြည်မှာ စစ်တပ်ဆိုတာ မရှိလို့ မှ မဖြစ်တာ ၊ အင်အားမကောင်းလို့ မှ မဖြစ်တာ ၊ အခုတော့မြန်မာ့တပ်မတော်ထဲကို ၀င်ချင်တဲ့ ရဲဘော်မရှိဖြစ်နေတာကို တပ်ချုပ်ကြီး အသိဆုံးပါ ။

(၁၃)ဘာလို့  တပ်ထဲကို ရဲဘော်တွေ မ၀င်ချင်ကြတာလဲဆိုတာကို တပ်ချုပ်ကြီး စားပွဲမှာ ထိုင်မေးနေရုံနဲ့ တော့ အဖြေမှန်ကို သိရလိမ့်မှာ မဟုတ်ပါဘူး ။ နှိပ်စက်ခံနေကြရလို့ ၊ ကျွန်တစ်ပိုင်းဘ၀နဲ့ နေကြရလို့ ၊ မ၀ရေစာပဲ စားနေကြရလို့ ၊ ကိုယ့်စိတ်ကိုယ် ကိုယ့်ဘ၀ကိုယ် မပိုင်ဆိုင်ရတော့လို့ ၊လူသားတစ်ယောက်ရဲ့  ဖြစ်တည်မှု ပျောက်ဆုံးသွားနေကြရလို့ ပါ ။ စစ်သားသစ် စုဆောင်းဖို့ ဘယ်လောက်ထိ ခက်ခဲတယ် ၊ ဈေးဘယ်လောက်ကြီးလို့  ၊ ဘယ်လိုပြသနာတွေတက်ခဲ့တယ်ဆိုတာကို တပ်ချုပ်ကြီး သိနေမှာပါ ။

(၁၄)ကာတွန်းတွေမှာ နောက်ပြောင်ကြသလိုမျိုး ကြာလာရင် ဗိုလ်တစ်ရာ ရဲဘော်တစ်ကျိပ် ဖြစ်တော့မှာပါ ။ရဲဘော်အင်အားမရှိပဲနဲ့ တော့ စစ်တပ်ကို
အင်အားရှိလာအောင် တည်ဆောက်ဖို့  မဖြစ်နိုင်ပါဘူး ။

(၁၅)အရေအတွက်ဆိုတာပြီးရင် အရည်အသွေးပိုင်း ပြသနာပါ ။ ဟိုအရင်တုန်းကတော့ တပ်မတော်ဗိုလ်ရွေးအဖွဲ့ ဆိုတာ ဒေါင်ဒေါင်မြည် လက်ရွေးစဉ် ဆိုတာမျိုးကို ရွေးလာရာကနေ နောက်ပိုင်းမှာတော့မြန်မာ့တပ်မတော်ရဲ့  စစ်ဗိုလ်တွေဆိုတာ ပေမမှီ ဒေါက်မမှီ ၊ အရာရာကို ဈေးပေါင်ကျိုးဆိုတာမျိုးနဲ
ရရာယူခဲ့ကြတာပါ ။ အဲဒီကာလက တပ်ထဲ ၀င်လာကြတဲ့သူတွေဆိုတာကလဲ
နိုင်ငံကို ချစ်မြတ်နိုးစိတ် ဆိုတာထက် နှစ်ဘယ်လောက်ကြာရင် ဘယ်ရာထူးရပြီ ၊
ဘယ်လောက်ချမ်းသာပြီ ဆိုပြီးတော့ တွက်ချက်ဝင်ခဲ့ကြတာပါ ။ အရာအားလုံးပျက်ဆီးရတဲ့အထဲမှာ တပ်မတော်သားတွေရဲ့ 
စိတ်ဓာတ်ရေးရာခံယူချက်တွေပါ ပါသွားခဲ့ကြရပါတယ် ။

(၁၆)နောက်ထပ် ပိုဆိုးတဲ့အချက်က မြန်မာ့တပ်မတော်ရဲ့  ဇနီးအမျိုးသမီးများ
အလုပ်ထဲဝင်ပါမှု ၊ မလျော်သြဇာ သုံးစွဲမှုတွေပါ ။ ဒါကတော့ အရင် သွားလေသူ
တပ်ချုပ်ကြီး က ထားခဲ့တဲ့အမွေဆိုးပါ ။ တပ်ထဲမှာ တပ်ရင်းမှုးထက် တပ်ရင်းမှုးကတော်ကို ပိုကြောက်နေရတာ များပါတယ် ။

(၁၇)တပ်မတော်ထဲမှာ အကွက်ကောင်း ၊ ခွင်ကောင်း မိကြ နေရာရကြတဲ့ သူတွေကတော့ မယုံနိုင်လောက်အောင်ကို ကြီးပွားချမ်းသာကြတာပါ ။
တပ်ရင်းမှုးအဆင့်လောက်ဆိုရင် မတရားချမ်းသာနေကြတာများပါတယ် ။

(၁၈)အခု အရပ်ဘက်မှာ ဒီမိုကရေစီ လမ်းစ မြင်လာရတဲ့အခါ အရင်ကလို အရပ်ဘက်အုပ်ချုပ်ရေး ၀င်ပါစရာ မရှိကြတော့တဲ့ စစ်တပ်အကြီးအကဲများဟာ အခုမှ မိမိတပ်ကို မိမိပြန်လှည့်ကြည့်ချိန် ၊ စစ်ဆေးကြပ်မတ်ချိန် ရပါတယ် ။ အံ့သြစရာ ကောင်းတာက တပ်မှုးအများစုငြီးငြူတာက အဲဒီဒဏ်ကို မခံနိုင်ပါဘူးတဲ့ ။

(၁၉)အရပ်သားတွေ ဒီမိုကရေစီရတဲ့အချိန်ကြမှ ငါတို့ က စစ်အာဏာ သိမ်းခံရတယ်လို့ ပြောကြပါတယ် ။

(၂၀)တစ်ကယ်က ပြည်သူတွေ နှစ်ပေါင်းများစွာ အဲဒီထက်ဆိုးတဲ့ ဖိဆီးနှိပ်စက်မှု ဒဏ်ကို ခါးဆီးခံခဲ့ကြရတာပါ ။

(၂၁)အခုတော့သူတို့ မှာမှ ဖြစ်ရလေခြင်းဆိုတဲ့ စိတ်ဓာတ်ပျက်ဆီးမှုတွေ၊ စိတ်ဓာတ်ချွတ်ချုံကြမှုတွေကို အံ့သြစရာတွေ့ ရပါတယ် ။

(၂၂)စစ်သားတစ်ယောက်မှ ရှိအပ်တဲ့ ခံယူချက် ၊ စိတ်ဓာတ်ဆိုတာမျိုး နည်းနည်းမှမရှိပဲ ရာထူးမတက်တော့ရင် ထွက်မယ် ၊ ဘာလို့ နေရမှာလဲနဲ့  တပ်တွင်းမှာပဲ စိတ်ဓာတ်ယိုယွင်းပျက်ဆီးနေကြတဲ့သူတွေ များလို့ လာနေပါတယ် ။

(၂၃)တပ်မတော်ကိုယ်တိုင်ရဲ့  အတွင်းလှိုက်စားနေတဲ့ ခြစားမှုတွေ ရှိနေပါတယ် ။


(၂၄)တပ်ချုပ်တစ်ယောက်အနေနဲ့  မိမိရဲ့  တပ်မတော်အတွင်းမှာ ဘယ်လို ပြသနာတွေ ရှိနေတယ် ၊ ဘယ်လို မှားယွင်းချွတ်ချော်မှုတွေ ရှိနေတယ် ၊

(၂၅)ဘယ်လို အဆင်မပြေမှုတွေ ရှိနေတယ်ဆိုတာ သိရှိအောင် လေ့လာအားထုတ်စေချင်ပါတယ် ။ အဆင့်ဆင့် လိမ်ညာပြလာနေတဲ့ စာရင်းဇယားတွေတင်ပြချက်တွေ နားထောင်နေရုံ ၊ ထိုင်ကြည့်နေရုံနဲ့ တော့ အမှန်ကို သိမှာ မဟုတ်ပါဘူး ။

(၂၆)ဒါကလည်း တပ်ချုပ်တစ်ယောက် အနေနဲ့  အမှန်ကို သိချင်လိမ့်မယ် ၊ ပြုပြင်ချင်စိတ် ၊ အသစ်တည်ဆောက်လိုစိတ်ရှိမယ်လို့  ထင်မိလို့ သာပါ ။

(၂၇)အဲဒီလို မဟုတ်ပဲ ဒါတွေအားလုံးဟာ ကိုယ်သိပြီးသားတွေ ၊ အားလုံး ကိုယ်တိုင်ဖြတ်သန်းခဲ့ဘူးပြီးသားတွေလည်းပဲ ဖြစ်နေနိုင်တာပါပဲ ။

(၂၈)စစ်အာဏာက ဖျက်ဆီးလိုက်တဲ့အထဲမှာ တိုင်းပြည်သာမကတပ်မတော်ကိုယ်တိုင်လည်း ပါသွားခဲ့ပါတယ် ။

(Credit Pyay Chit Thu)
မုရင်းလင့်
https://www.facebook.com/notes/pyay-chit-thu/ဒီနေ-့-မြန်မာ့တပ်မတော်ကြီးထဲမှာ-ဒီလိုတွေတော့-ဖြစ်နေပါတယ်-၂-/129215170585407
---------------------------------------------

တရားရမိတယ်..

ကိုကိုစစ်သားများအနေနဲ့..

နိုင်ငံရေးကိုလှည့်ကြည့်စရာမလိုအောင်..
ဝင်ပြီးဝေဘန်ဖို့ကို...အချိန်မပေးသင့်အောင်ကို..

စစ်တပ်ထဲမှာတင်... ဝေဘန်စရာတွေလုပ်ရမှာတွေ..
များမှများပဲလေ..

ကုန်ကြမ်းတွေကို နယ်ကျော်ပြီးရှာနေစရာမလိုဘူးလို့..
ပြောလိုပါတယ်....၊

ကာကွယ်ရေးအသုံးစရိတ်နည်းတယ်လို့..Cobra Gold ကလူတွေပြောတာကို..
hightlight လုပ်ပြီး ဘ၀င်လေဟတ်နေကြသောကိုကိုများ..

ပတ်ဝန်းကျင်နိုင်ငံတွေက frigate တွေတပ်တော်ဝင်တာကိုအားကျ..
Rafale fighter တွေ အစီးပေါင်းရာနဲ့ချီဝယ်တာတွေကို သွားရေကျ..
Missile System တွေ upgrade လုပ်တာကို ငန်း...

ခင်ဗျားတို့မေ့နေတာက
ရှေ့တန်းကရဲဘော်တစ်ယောက်စားခွက်ထဲမှာ..
ဘယ်လောက်ဆိုးရွားနေတဲ့ စားစရာတွေရှိနေမမလဲဆိုတာ..
သာမန်စစ်သားမိန်းမတွေ.ကလေးတွေရဲ့စားဝတ်နေရေးပညာရေး.အနာဂတ်..
.တောက်ပြောင်ပါ့မလားဆိုတာ..
ခြေပြတ်လတ်ပြတ်ဒုက္ခိတတွေရဲ့ နစ်နာမှုတွေ..

ဒါတွေကျတော့..ဘယ်သကောင့်သားမှ..
ရေးသားတာ..ဝေဘန်တာ..တင်တာမတွေ့ပါလား..
လေးစားတယ်ဗျာ..

ပြည်သူ့တပ်မတော်..တဲ့ဗျာ..
ဘုရားစူးပါရစေရဲ့..

နောက်ပြီး..တစ်ခုမေးပါရစေ..
ခင်ဗျားတို့ကအောက်ခြေမှာ...
ဒီလိုလဲဖြစ်နေကြသေးတယ်..
ဘာကို..ဘယ်သူ့ကို..သစ္စာရှိနေကြတာလဲ..၊

ခေါင်းစဉ်ပျောက်နေသောသစ္စာစောင့်သိမှု..
ဖြစ်နေပြီနော့...

အကြံတစ်ခုပေးချင်တယ်..
ဒီလက်နက်တွေဝယ်ချင်ရင်တော့..
ကာကွယ်ရေးအသုံးစရိတ်များနေမှမဟုတ်ဘူး..

ခင်ဗျားတို့ဘဘတွေပိုင်ဆိုင်မှုရဲ့ တစ်ဝက်စီကိုပဲ....
စုပြီးလက်နက်မျိုးစုံဝယ်ကြည့်လိုက်..
မယုံရင်လုပ်ကြည့်လိုက်..

ချက်ချင်းကို အရှေ့တောင်အာရှမှာ..
ခေတ်မှီဆန်းပြားတဲ့လက်နက်တွေပိုင်တဲ့..
တပ်မတော်..ဖြစ်ကိုဖြစ်စေရမယ်..

No comments:

Post a Comment