Saturday 2 February 2013

စုဂုဏ်ရည်


ပြည်သူ့ အမေ မေတ္တာဝေသည်

ရွှေပြည်အရောက် ကြိုဆိုကြလည်း

ပြည်ချစ်သည့်ပန်း မနမ်းဘယ်ခါ

ရှိပါငြားလည်း စံထိုက်သည့်ပန်း

အမြဲလန်းသည့် ပြည်သူကြားတွင်

မားမားမတ်မတ် အပြုံးများနှင့်

ပြန် နှုတ်ဆက်သည့်

လမ်းပြကြယ် ၏နှလုံးသားအလှ

ပြုံးနေကြလည်း တုနှိုင်းမမှီ

စုတိုင်းပြည်ဝယ် ကြိုဆိုသူပေါ

အခေါင်မြင့်ဖျား၊ စုံတောပြား၌၊

နံ့ရှားကြိုင်လွင့်၊အမေ့အပြုံးသည်၊

မြင်ရသူတိုင်း ရှု့ မငြီးပေ

ရောက်လေရာဝယ် ခိုင်သဇင်ပန်းလို

တင့်တယ်လှ၏ ဘွဲ့ တွေအထပ်ထပ်

သူယူပြသည် ဘယ်ခါမညှိုး

ချစ်မြတ်နိုးသည်၊ စုဧကရီကို

နှဖူးတိုက်၍ ဦးခိုက်လိုက်ပြီ

အောင်ဆန်းပန်းများ ပွင့်စေသော်ဝ်။ ။


လေးစားစွာဖြင့်မျှဝေပါတယ်
ကိုထွန်းဝေ

2.2.2013

No comments:

Post a Comment