Sunday, 17 February 2013

စုဧကရီ ရွှေတိုင်းပြည်





အစဉ်လာ မင်္ဂလာတိုးပါတဲ့
အပြုံးပန်းဝေတဲ့ ဒို့ အမေ
နေလိုလလိုထွန်းလင်း နေ
နေရာတိုင်းမှာသူ့ သတင်း
ဝင်းလက်တဲ့ရွှေအဆင်း
အေးမြကြည်လင်

ငွေကြာယံမြလွှာထက်ကဒီအပြုံး
လင်းလက်နေပုံ
ယုံပါကွဲ့ လေး
အေးချမ်းတဲ့မျက်နှာဘေး
ငြိမ်းချမ်းစွာ ပြည်သာဖို့ 
ဒေါင်းဧကရီ ဖြူဖြူဖွေးနေတဲ့
ရွှေနိုင်ငံဝင့်ထယ်ရေး
စုတိုင်းပြည်သာယာဖို့ 
သာသာယာယာဒီအပြုံး
ဖြူစင်တဲ့မျက်လုံးအစုံနဲ့
စုဧကရီလိုအရည်အသွေး
တောက်ပတယ်လေး။ ။

ကိုထွန်းဝေ
17.2.2013
မေတ္တာထား ချစ်သဒ္ဒါပွားကာ
လေးစားစွာနဲ့ မျှဝေပါတယ်။

No comments:

Post a Comment