Tuesday 26 February 2013

အမျိုးသားနေ့မို့ သွေးမအေးစေလို ( ၆၆ နှစ်မြောက် မွန်အမျိုးသားနေ့အမှတ်တရ )



အမျိုးသားရေးမို့ သွေးမအေးစေလို
ဒါတို့ပြည် ဒါတို့မြေ- တို့ပိုင်ထဲမြေထဲ
အာဏာရှင်နဲ့ ဖောက်ပြန်သူမှန်သမျှ
ကျူပင်ခုတ် ကျူငုတ်မကျန်
တွန်းလှန်ဖြိုဖျက်ခြင်းဟာ ဒါ- အမျိုးသားရေး။
အမျိုးဘာသာ သာသနာ
ယဉ်ကျေးမှုနဲ့ ဓလေ့ရိုးရာ
ဒါတွေကိုလည်း စောင့်ရှောက်ပါ။
အမျိုးသားအရေးမို့ သွေးစည်းကြပါ
ညီညွှတ်ကြပါ ရိုင်းပင်းကြပါ
ကူညီကြပါ နင်လဲရင် ငါထူ
ငါတို့တတွေဟာ တမြေထဲနေ
တရေထဲသောက်ခဲ့ကြတဲ့ ညီရင်းအကိုတွေမို့
စည်းလုံးခြင်းဟာ ဒါ- အမျိုးသားရေးအသွင်လက္ခာ။
အမျိုးသားနေ့မို့ ချစ်ခင်ကြပါ
ငါတို့တတွေ
တိုင်းရင်းအချာ ညီရင်းအကိုမောင်နှတွေမို့
အမျိုးသားနေ့မှာ ညီအကိုလိုကြင်နာမှုနဲ့
နွေးထွေးစွာ ချစ်ခင်ကြမယ်၊
ခွဲခြားဆက်ဆံခြင်းဆိုတာ တို့တိုင်းရင်းညီအကိုတွေဆီမှာ
အခုရော နောင်ကော ဘယ်တော့မှ မရှိစေရဘူး။
ရှေ့လာမယ့်အနာဂတ်နေ့သစ်တွေဆီမှာလည်း
ဒို့တတွေ ပြည်ထောင်ချင်း သွေးသားရင်းတွေမို့
အမျိုးသားရေးအသိ
အမျိုးသားရေးစိတ်ဓါတ်တွေ ကိုယ်စီလူတိုင်မွေးမြူကြ
အေးအတူပူအမျှ အတူတကွ
ဥမကွဲသိုက်မပျက် စည်းစည်းရုံးရုံးနေထိုင်ခြင်းဟာ
ဒို့- ပြည်ထောင်စုရဲ့ သွေးစည်းညီညွှတ်ရေးကိုပြသတဲ့ အမျိုးသားရေးပဲ။

( ကိုဗလိုင် )
( ၆၆ နှစ်ပြည့် မွန်အမျိုးသားနေ့အား ဤကဗျာဖြင့်ဂုဏ်ပြုအပ်ပါသည် )


by Ko Baloi on Tuesday, February 26, 2013 at 11:59am ·

No comments:

Post a Comment