Friday 22 February 2013

အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်ကြ



မွတ်ဆလင်တွေအကြောင်းဟောထားတာ ၁၃မိနစ်လောက် နားထောင်ကြည့်လိုက်ကြပါ....

Maung Tint Tel

 ဆရာတော် ဝိရသူ ဟောသွားတာတော့ ဘာသာ၊ သာသနာကို စောင့်ထိမ်းဖို့ပဲ....... ဘာသာ၊ သာသနာကို စောင့်ထိမ်းတယ် ဆိုတဲ့နေရာမှာ ကိုယ်ကိုးကွယ်တဲ့ ဘာသာ၊ သာသနာကို မပျောက်ပျက်အောင် ထိမ်းသိမ်း စောင့်လျှောက်သလို ကိုယ်ကိုးကွယ်တဲ့ ဘာသာ၊ သာသနာ လုပ်နိုင်ကိုင်နိုင်ရမယ့် ပါတ်ဝန်းကျင် ရှိနေဖို့လည်း လိုအပ်တာပဲ.....

မိမိဘာသာ၊ သာသနာကို မိမိတို့မှ မစောင့်ထိမ်းရင် ဘာတွေ ဖြစ်လာမယ်ဆိုတာကို သူဟောသွားတာပဲ.... သူဟောသွားတဲ့ မြို့လှက NLD ဟာ NLD ခေါင်းဆောင် ဒေါ်စုရဲ့ ဖခင်၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တဲ့ အာဇာနည်နေ့မှာ NLD ရုံးငှားထားတဲ့ အိမ်ပိုင်ရှင်ကြောင့် ဆွမ်းကပ်ခွင့် မရတဲ့ကိစ္စဟာ စေ့စေ့တွေးကြည့်ရင် ရင်နာစရာ ကိစ္စပါပဲ...... ရှက်တတ်ရင် လဲ သေဖို့ ကောင်းတဲ့ ကိစ္စပါ.....

နောက် ရာဇာမင်း ကားလိုင်းဟာ ဂိတ်မှူးပြောင်းသွားတာနဲ့ ကထိမ်ခင်းခွင့်တောင် မရှိတော့ဘူးဆိုတာဟာလည်း စဉ်းစားစရာပဲ..... အဓိက ဆရာတော် ထောက်ပြသွားတာ လုပ်ပိုင်ခွင့်ရှိတဲ့ နေရာလေး တစ်နေရာကို ရောက်တာနဲ့တောင် ဒီလိုလုပ်နေရင်၊ လုပ်ပိုင်ခွင့် ကြီးကြီးမားမား ရှိတဲ့နေရာကို ရောက်သွားရင်၊ နိုင်ငံနဲ့ ချီတဲ့အဆင့်၊ တိုင်းနဲ့ ချီတဲ့အဆင့်မှာ ရှိနေရင် ဘာတွေဖြစ်လာနိုင်တယ် ဆိုတာကို ထောက်ပြသွားတာပဲ......

အရင် သမိုင်းဟောင်းတွေ ပြန်လှန်ရင် ဒီထက်တောင် ဆိုးတဲ့ကိစ္စတွေ ဖြစ်ခဲ့တယ်၊ လုပ်ခဲ့ကြတယ်..... လုပ်ပိုင်ခွင့် ရှိချိန်မှာ ဘာတွေ ဘယ်လို လုပ်ခဲ့တယ် ဆိုတာတွေ အများကြီးပါပဲ..... အဓိက ကိုယ့်ဘာသာ ကိုယ် ကိုးကွယ် သူ့ဘာသာ သူ့ဟာသူ ကိုးကွယ်နေရင်၊ မပုတ်ခတ်ရင် ဒီပြဿနာတွေ ဖြစ်လာမှာမဟုတ်ပါဘူး.....

အခု ဦးဝိရသူ ဟောသွားတဲ့အထဲမယ် ကိုယ်ကိုးကွယ်တဲ့ ဘာသာ၊ သာသနာကို လုပ်ပိုင်ခွင့်မရှိတဲ့ အခြေအနေ ဖြစ်ရခြင်း အကြောင်းအရင်း၊ ဒီလိုမဖြစ်ရအောင် ဘာလုပ်သင့်တယ် ဒါကိုပဲ ဟောသွားတာပဲ...... ဘုန်းကြီးတွေရဲ့ ထုံးစံအတိုင်း ဥပမာ ဥပမေးယျနဲ့ ဟောတာပါပဲ..... ဆရာတော် ဟောတဲ့ တရားမယ်၊ ဘာသာခြားကို ပုတ်ခတ်ခြင်း၊ စော်ကားခြင်း၊ ပျက်ရယ်ပြုခြင်း၊ မဟုတ်တန်းတရား စကားကိုဆိုခြင်းတွေ မပါပါဘူး....

ဒီလိုပဲ တစ်ဖက်ကလည်း ဌာနေ ရှိရင်းစွဲတွေကို ပုတ်ခတ်၊ ပိတ်ပင်နေရင်တော့ လူနည်းစုနဲ့ လူများစု ပဠိပက္ခဖြစ်ရင် သာတာ၊ မသာတာ နောက်ထားလို့ လူ့ပါတ်ဝန်းကျင်ပဲ ထိခိုက်မှာပါ...... ကိုယ့်ဘာသာ သူ့ဘာသာ သူ့ဟာသူ ကိုးကွယ်နေကြပီး ပုတ်ခတ် တိုက်ခိုက်ခြင်း ကင်းဝေးပါစေပဲ ဆုတောင်းပါတယ်.....

No comments:

Post a Comment