ကိုပေါ်ကိစ္စပါ
ဒါပေမဲ့ ကျနော့မက်စေ့တွေမှာလာလာရေးကြတယ် အကိုမရေးဘူးလား ဘာလားနဲ့ 
ဒါမျိုးရေးတယ်ဆိုတာက ရေးရရင်ကိုမင်းကိုနိုင်ရဲ့ ဘဝ
ကိုအရင်သိရပါမယ်။မသိဘဲရေးရင် မတိကျရင်
ငဖွဘဲဖြစ်မှာပေါ့.။ကျနော်ဒီသတင်းရေးတဲ့သူကိုမေးချင်ပါတယ်.သင်ကော
ဘယ်လောက်အထိအင်္ဂလိပ်စာတတ်ပါလဲ သင့်မိဘမျိုးရိုးကကော တိုင်းပြည်ကောင်းစားရေးအတွက် ဘာတွေလုပ်ခဲ့ပေးဆပ်ခဲ့ဖူးလဲ ။
တိုင်းပြည်နဲ့ လူထုအတွက်အရေးမပါတာတွေဖြန့် နေတယ်ဒါတွေသိရလို့ ပါ။
ပေးဆပ်ခဲ့တာတွေနားမလည်ကြဘူးနော်
ထောင်ထဲမှာ ဘာစာပေမှမဖတ်ရ မလေ့လာရ နေခဲ့ရတာ (၁၈) နှစ်ကျော်လေ သေသေချာချာတွေးလေ လျှောက်မဖွကြနဲ့  ၁၈နှစ်ဆိုတဲ့သက်တမ်းကိုတွေးကြည့်ပါ။ လေးဘက်နံရံကြားမှာ ပိတ်ထားတာလေ။ ဘာစာပေမှဖတ်စရာမရှိတဲ့ဘ၀မျိုးပါ။
ပြန်ထွက်လာတော့လည်း ဒီခေါင်းဆောင်ကြီးက နေ့ စဉ်ဆိုသလို တိုင်းပြည်အတွက်ဆက်တိုက်လုပ်နေရတာ ဘယ်မှာသွားပြီးနိုင်ငံခြားဘာသာစကားလေ့လာချိန်ရလို.လဲ
ခွေးဟောင်တိုင်းထမကြည့် နဲ့ အိပ်ရေးပျက်တယ် ကိုပေါရဲ့ ရပ်တည်ချက်နဲ့ အတွေးအခေါ်ကိုတော့ ဘာနဲ့ မှဝယ်လို့ မရတာ အမှန်ဘဲ။ နားမလည်တဲ့သူတွရှိတာလည်းအသေအချာပါ။လူ့ ဘ၀ ရဲ့ အသက်ထက်ဝက်က..လေးဘက်နံရံထဲမှာနေခဲ့ရပါတယ်။သနားဖို့ ကောင်းပါတယ်၁၉၈၉ ကနေ၂၀၀၄အထိတကြိမ်အဖမ်းခံရတယ်။တပ်ချင်တဲ့ပုဒ်မပုဒ်ထီးတွေတပ်ပြီး ထပ်အဖမ်းခံရပြန်တယ်။ဆရာတော်တွေရဲ့  ၂၀၀၇ သံဃာ့ကိစ္စမှာ အဖမ်းခံခဲ့ရသေးတယ်။မင်းကိုနိုင်ဆိုတဲ့နံမယ်နဲ့ နံမယ်ကြီးလို့ စစ်တပ်ကကြောက်ဒူးတုန်လို့ အခုလို ကဲ့ရဲ့ ဝေဖန်နေတာကိုတော့ အားမပေးပါ။ကိုယ်လုပ်စရာရှိတာတွေသာ ဆက်လုပ်ရမှာဖြစ်တယ်
သူ.ဘ၀ကိုမီးမောင်းထိုးပြလိုက်ရင် အများကြီးဘဲ အချိန်မရှိပဲခံစားရတဲ့ သူ.ဘ၀ လေ့လာဖို. ဘာစာပေမှဖတ်ခွင့်မရတဲ့ဘ၀တွေကို ကြေကွဲဝမ်းနည်း ဂရုဏာသက်မိပြီးကိုယ်ချင်းစာမိပါတယ်။ ကျနော်ကကိုယ့်ခေါင်းဆောင်အတွက် ၀မ်းနည်းစွာခံစားရပါတယ်။ အင်္ဂလိပ်စာမတတ်တော့ကော မြန်မာပီပီမြန်မာလို မြန်မာပြည်မှာပြောနိုင်ခေါင်းဆောင်နိုင်ရင်ပြီးတာဘဲ။အခုအုပ်ချုပ်နေတဲ့ အစိုးရကလူကြီးတွေကော အင်္ဂလိပ်စာမပြောနဲ့  ဘယ်နှစ်တန်းဘယ်ဘွဲ့ တွေကို ကိုယ်ပိုင်အရည်အချင်းရှိရှိ ဘယ်သူက အောင်မြင်ဘူးပါလဲ.ဘ၀ကိုတည့်တည့်ပြောကြေးဆိုရင် အဲလိုလူတွေက ကိုမင်းကိုနိုင်ကို ထောင်ထဲထည့်လိုက်ပြန်ထည့်လိုက် လက်နက်အားကိုးနဲ့  ပုတ်သင်ညိုလိုအရောင်ပြောင်းနေကြတာချီးဘဲ။
လေ ပေါ်မှာ အရုပ် ရေးချင်တဲ့သူတွေ.လေ ထဲမှာ အနံ့ ဖမ်းချင်တဲ့သူတွေ
စင်ပေါ်မှာ တက်ကချင်တဲ့သူတွေ အသွင်မတူတာကိုမှ လှမ်းချင်နေကြတယ်...
လူ့ စိတ်တစ်ခုဟာ ဘာကိုမှအစိုးမရတော့ဘူးရူးနေတာနဲ့တူလာတယ်။သ နား ပါ တယ်ထောင်ထဲ မှာ တယောက် ထဲ နေ ရတဲ့ လူ ဆို တာ မေ့ နေ ကြ တယ်
ကျနော်ရေးခဲ့မယ်ထပ်ဖတ်ကြည့်ပါ
မြင့်မြတ်သူတို့ နှလုံးသား
****************
ဘရဏီနတ်သား လေးတဲ့
ဖြူဖွေးတဲ့နှလုံးသားပိုင်ရှင်
ပီပြင်တဲ့ အစ်ကိုရဲ့ အရည်အချင်းတွေ
မငြင်းနိုင်တဲ့ရည်မှန်းချက်တွေကြောင့်
ကြောက်ရပါတဲ့ အာဏာသား
ကြောက်လို့ပင်တကယ်ဖျား။
ဟိုထောင်ရွှေ့  ဒီထောင်ပြောင်းပြီး
ပြန်လွတ်ခဲ့တဲ့ ဒေါင်းသခင်ကြီး
ဗလောင်းဗလဲ နဲ့ အပြောင်းအလဲတွေကြောင့်
့၈၈သမိုင်းကိုအလှဆင်သူ
ဒေါင်းကိုမွေးပေးတဲ့ အစ်ကို့ စိတ်ဓါတ်
၈၈ရဲ့ မော်ကွန်းတစ်ရပ်
မှတ်ကျောက်ရယ်တင် ကြောက်စိတ်ရယ်မ၀င်
မှတ်တမ်းတင် သမိုင်းတွင်ထင်ထင်ရှား။
ဒေါင်းသခင်ကြီးရယ်လို ကျွန်တော်တင်စား ။
လောကရဲ့အထောင်းအထုကို
အကြောင်းပြုရှာပြီး
ကဗျာတွေရေး တေးသီချင်းတွေစပ်
ပစ်မှတ်ထိတဲ့ အစ်ကို့သီချင်းကို
ဆိုရင်းစိတ်ဓါတ်တွေတက်
အလင်းအတွက် လွတ်ကြောင်းကြံ
ခွပ်ဒေါင်းအလံ ခိုင်ခိုင်မြဲ
အပိုင်ဆွဲပြီ ရဲရဲတက်
ရင့်ကျက်ပြတ်သား ယုံကြည်ချက်များနဲ့
လူသားအကျိုး တကယ်သယ်ပိုးမယ့်
ခွပ်ဒေါင်းမျိုးခိုင် မင်းကိုနိုင်။
ကိုထွန်းဝေ
22.2.2013
ဖွသူများသိရအောင်ထပ်ရှယ်ပေးကြပါ။

https://www.facebook.com/photo.php?fbid=539090242798285&set=a.459462620761048.101426.459386844101959&type=1&relevant_count=1
No comments:
Post a Comment