Tuesday 19 February 2013

၈၈မျိုးဆက်သစ်ကျာင်းသား ကိုကိုကြီးနှင့် ကိုဂျင်မီကို တောင်တွင်းကြီးကမေးပြီ



မကွေးတိုင်းဒေသကြီး၊မကွေး ခရိုင်၊တောင်တွင်းကြီးမြို့သို့(၇.၂. ၂၀၁၃)ရက် နေ့လယ်(၁း၃၀)အချိန် ရွှေကြာအင်း(၁)ရပ်ကွက် မကွေးလမ်း...
ဖောင်တော်ဦးစေတီဓမ္မာရုံ ပေါ်၌ တောင်တွင်းကြီးမြို့မှ NGO အဖွဲ့အများစုပါဝင်သော ပြည်သူ (၅၀)ဦးခန့်နှင့်(၈၈)မျိုးဆက်သစ် ကျောင်းသား ကိုကိုကြီးနှင့်ကိုဂျင် မီတို့(၂)ဦးတွေ့ဆုံဆွေးနွေးပွဲတွင်  တောင်တွင်းကြီးမြို့မှ ဦးစိုးမင်း (ခ) (စော်ဘွားကြီး)က (၈၈)မျိုး ဆက်သစ်ကျောင်းသားများ နာမည်ပြောင်းလဲဖို့ အစီအစဉ်ရှိပါသလား။ (၈၈)မျိုးဆက်သစ်ကျောင်းသား များ ဆိုသောစာသားမှာ စည်းခြား၊ ဘောင်ခတ်ထားသလိုခံစားရ ပါကြောင်း ကျွန်တော်တို့သည် (၁၉၇၂)ခုနှစ်က (၁၀)တန်းအောင် ပြီး (၁၉၇၇)ခုနှစ်တွင် ဘွဲ့ရရှိခဲ့ သည့်အတွက် ကျွန်တော်တို့နှင့် လုံးဝမဆိုင်ဟုထင်မိပါကြောင်း ပြောကြားဆွေးနွေးတင်ပြခဲ့ရာ၊ ကိုဂျင်မီက ကျောင်းသားများကို ဖြူတ်ပစ်မှာဖြစ်ပါကြောင်း၊(၈၈) မျိုးဆက်သစ်နာမည်ကတော့ (၈) လေးလုံးအရေးအခင်းကို ပြည်သူ တစ်ရပ်လုံးက ထောက်ခံခဲ့တဲ့ အတွက် ပြောင်းလဲဖို့အစီအစဉ် မရှိပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။ထို့နောက်ဦးစိုးမင်း(စော်ဘွားကြီး)က ပွင့်လင်းလူ့အဖွဲ့အစည်း ကိုလည်း ပွင့်လင်းရိုးသားလူ့အဖွဲ့အစည်းဟု (ရိုးသား)ကိုထည့်သင့် ပါကြောင်း၊ပွင့်လင်းမြင်သာတယ် ဆိုပြီး ကိုယ့်အိတ်ကပ်ထဲထည့်၊ ကိုယ်ကျိုးရှာမှုတွေကိုဆန့်ကျင်ရမှာ ဖြစ်ပါ၍(ရိုးသား)ကိုလည်းဖြည့်ဆည်း
ထည့်သင့်ပါကြောင်း အကြံ ပြုဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဟင်္သာ(တောင်တွင်းကြီး)
The Hot News

No comments:

Post a Comment