Wednesday 6 February 2013

မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့

မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့
ဒေါ်အောင်ဆန်းစုကြည်

မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့ …
သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏ လုံ့လဝီရိယဖြင့် နာလန်ထူပါစေအံ့ … မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအား ပေးပါလေ …
တွေ့ရအံ့သော ဘေးရန်တို့ကို
သမီး ထီမည်မဟုတ် …
တဘဝတွင် တခါသာ သေရသည်ဖြစ်၍
အဘယ်နည်းနှင့် သေရသည်ဖြစ်စေ
သမီး၌ မထူးခြား …
သမီး၏ စိတ်ကူးတို့
အကယ်အဖြစ်သို့ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည် …
အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု …
မိခင်ထံမှ ဒါမှ ငါ့သမီး ဟူသော
ကျူးရင်သံကိုသာ တောင့်တပါ၏ …
လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။
အင်တာနက်၊ ဘလော့များတွင် ထူးထူးခြားခြား သတိပြုမိပါသော ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တိုင်ရေး ကဗျာတပုဒ် ဖြစ်ပါသည်။ ရေးသားသော နေ့စွဲ အချိန်၊ နေရာတို့ မသိရှိရပါ။
 ဒီဇိုင်း  ခွပ်ဒေါင်းအော်သံ

ကိုထွန်းဝေစုဆောင်းဖော်ပြပါတယ်
6.2.2013

No comments:

Post a Comment